ရှမ်းပြည်နယ်သတင်းများ

ႏွစ္(၇၀)ျပည့္ ပအိုဝ္းအမ်ိဳးသားေန႔က်င္းပ

ေတာင္ႀကီး မတ္ - ၂၀

53

ႏွစ္(၇၀)ျပည့္ ပအိုဝ္းအမ်ိဳးသားေန႔ကို မတ္ ၂၀ ရက္ ညေန ၆ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ကံႀကီးရပ္ကြက္ရွိ ပအိုဝ္းအမ်ိဳးသားဘက္စုံဖြံ႕ၿဖိဳးေရးကြင္း (ဒဲဥ္သီးေဗြကြင္း)၌ က်င္းပရာ ဖြင့္ပြဲအခမ္းအနားကို ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္လင္းေအာင္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ဥကၠဌ ဦးခြန္စံလြင္၊ ပြဲေတာ္က်င္းပေရးေကာ္မတီ ဥကၠဌ ဦးခြန္ဝင္းကို တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။

ဆက္လက္၍ ပင္ေလာင္း၊ ေနာင္တရား ယဥ္ေက်းမႈအကအဖြဲ႕မွ ခမ္းရန္ဆား သီခ်င္းျဖင့္ ကျပဖြင့္လွစ္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌ ဦးမင္းဝင္းခိုင္သန္း၊ တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးႏိုင္သက္လြင္၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ေခါင္းေဆာင္ဥကၠဌ ဦးေအာင္ခမ္းထီး၊ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္မႈေဆာင္ေကာ္မတီတို႔မွ ပအိုဝ္းအမ်ိဳးသားေန႔သို႔ ေပးပို႔ေသာ သဝဏ္လႊာမ်ားကို ပြဲေတာ္က်င္းပေရးေကာ္မတီမွ တာဝန္ရွိသူအသီးသီးတို႔မွ ဖတ္ၾကားၾကသည္။ 

ထို႔ေနာက္ ပြဲေတာ္က်င္းပေရးေကာ္မတီဥကၠဌ ဦးခြန္ဝင္းကိုမွ ႀကိဳဆိုႏႈတ္ဆက္ျခင္းႏွင့္ ေက်းဇူးတင္စကား ေျပာၾကားၿပီး ေတာင္ႀကီးၿမိဳ႕ ပအိုဝ္းယဥ္ေက်းမႈအကအဖြဲ႕မွ တီးရီးရီးေခ်ာ့ အကျဖင့္ ကျပေဖ်ာ္ေျဖ၍ ပြဲေတာ္က်င္းပ ေရး ေကာ္မတီဥကၠဌမွ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ အေရွ႕ပိုင္း တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားကို လက္ေဆာင္မ်ားႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ကာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ လႉဒါန္းေသာ အလႉေငြက်ပ္သိန္း (၃၀)ကို ေပးအပ္လႉဒါန္းရာ ပြဲေတာ္က်င္းပေရးေကာ္မတီဥကၠဌ ဦးခြန္ဝင္းကိုမွ လက္ခံရယူ ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ကျင်းပ

တောင်ကြီး မတ် - ၂၀

နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ကို မတ် ၂၀ ရက် ညနေ ၆ နာရီခွဲက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း)၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ဦးခွန်ဝင်းကို တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပင်လောင်း၊ နောင်တရား ယဉ်ကျေးမှုအကအဖွဲ့မှ ခမ်းရန်ဆား သီချင်းဖြင့် ကပြဖွင့်လှစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမင်းဝင်းခိုင်သန်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင်ဥက္ကဌ ဦးအောင်ခမ်းထီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီတို့မှ ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာများကို ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူအသီးသီးတို့မှ ဖတ်ကြားကြသည်။ 

ထို့နောက် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဦးခွန်ဝင်းကိုမှ ကြိုဆိုနှုတ်ဆက်ခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားပြီး တောင်ကြီးမြို့ ပအိုဝ်းယဉ်ကျေးမှုအကအဖွဲ့မှ တီးရီးရီးချော့ အကဖြင့် ကပြဖျော်ဖြေ၍ ပွဲတော်ကျင်းပ ရေး ကော်မတီဥက္ကဌမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများကို လက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ်သိန်း (၃၀)ကို ပေးအပ်လှူဒါန်းရာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဦးခွန်ဝင်းကိုမှ လက်ခံရယူ ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 77 guests and no members online