ရှမ်းပြည်နယ်သတင်းများ

ဖယ္ခုံၿမိဳ႕နယ္၊ လအိတိုက္နယ္ေဆး႐ုံဖြင့္ပြဲ ႏွင့္ လႊဲေျပာင္းေပးအပ္ပြဲက်င္းပ

ဖယ္ခုံ မတ္ - ၂၅

57

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဖယ္ခုံၿမိဳ႕နယ္၊ ရီႏြဲ႕ေက်း႐ြာအုပ္စုတြင္ ၁၆ ကုတင္ဆံ့ လအိတိုက္နယ္ေဆး႐ုံသစ္ဖြင့္ပြဲ ႏွင့္ လႊဲေျပာင္းေပးအပ္ပြဲအခမ္းအနားကို မတ္ ၂၂ ရက္ နံနက္ပိုင္းက အဆိုပါေဆး႐ုံသစ္တြင္ က်င္းပခဲ့ေၾကာင္းသိရသည္။

အဆိုပါေဆး႐ုံသစ္အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ကယန္းတိုင္းရင္းသားရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးခြန္းေအးေမာင္၊ ဖယ္ခုံၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးေမာင္၊ ဖယ္ခုံၿမိဳ႕ျပည္နယ္ကုသေရးႏွင့္ ျပည္သူ႕ က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာသူဇာခ်စ္တင္၊ ဖယ္ခုံၿမိဳ႕နယ္ အမွတ္(၁)မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေမရီႏြဲ႕၊ ေဆး႐ုံျဖစ္ေျမာက္ေရးေကာ္မတီ နာယကတို႔မွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့သည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ေဆး႐ုံအတြင္းလွည့္လည္ၾကည့္႐ႈစစ္ေဆးၾကသည္။ အဆိုပါ လအိတိုက္နယ္ေဆး႐ုံကို ျပည္ေထာင္စုအစိုးရခြင့္ျပဳရန္ပုံေငြက်ပ္သန္း (၆၇၀)ျဖင့္ တင္ဒါေအာင္ျမင္ေသာ ယူႏိုက္တက္ပါဝါဝင္း ကုမၸဏီက တာဝန္ယူေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး လအိေက်း႐ြာႏွင့္ ပတ္ဝန္းက်င္ရွိ ေက်း႐ြာမ်ားမွ ျပည္သူမ်ား၏ က်န္းမာေရး အတြက္ မွီခိုအားထားႏိုင္မည္ျဖစ္ေၾကာင္းသိရွိရသည္။

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ဆီဘူးတိုက္နယ္ေဆး႐ုံ ၄ ခန္းတြဲ ၁ ထပ္ ဝန္ထမ္းအိမ္ရာ ေဆာက္လုပ္ျခင္းလုပ္ငန္းမ်ားအား ကြင္းဆင္းၾကည့္႐ႈစစ္ေဆးၿပီး လိုအပ္သည္မ်ား မွာၾကားခဲ့ေၾကာင္းသိရသည္။ 

အစရ(ရွမ္း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်ဆေးရုံဖွင့်ပွဲ နှင့် လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ဖယ်ခုံ မတ် - ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စုတွင် ၁၆ ကုတင်ဆံ့ လအိတိုက်နယ်ဆေးရုံသစ်ဖွင့်ပွဲ နှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ် ၂၂ ရက် နံနက်ပိုင်းက အဆိုပါဆေးရုံသစ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဆေးရုံသစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ကယန်းတိုင်းရင်းသားရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်၊ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်၊ ဖယ်ခုံမြို့ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ ဖယ်ခုံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနွဲ့၊ ဆေးရုံဖြစ်မြောက်ရေးကော်မတီ နာယကတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ လအိတိုက်နယ်ဆေးရုံကို ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေကျပ်သန်း (၆၇၀)ဖြင့် တင်ဒါအောင်မြင်သော ယူနိုက်တက်ပါဝါဝင်း ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လအိကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ၏ ကျန်းမာရေး အတွက် မှီခိုအားထားနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆီဘူးတိုက်နယ်ဆေးရုံ ၄ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။ 

 

အစရ(ရှမ်း)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 114 guests and no members online