ရှမ်းပြည်နယ်သတင်းများ

ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာေကာ္မတီအစည္းအေဝးက်င္းပ

ေတာင္ႀကီး          မတ္ -၂၆

59

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးခ႐ိုင္/ၿမိဳ႕နယ္ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာေကာ္မတီ အစည္း အေဝးကို မတ္(၂၆)ရက္နံနက္(၁၀)နာရီကခ႐ိုင္/ၿမိဳ႕နယ္စုေပါင္း႐ုံး၌က်င္းပေၾကာင္းသိရသည္။

 ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ျပည္နယ္အဆင့္ကေလးသူငယ္အခြင့္အေရးမ်ား ဆိုင္ရာေကာ္မတီဥကၠဌ ေဒါက္တာေအာင္သန္းေမာင္က ရွမ္းျပည္နယ္ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီမ်ား၏ လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးကို (SSSCCI)ခန္းမတြင္က်င္းပခဲ့ၿပီးျဖစ္ပါေၾကာင္းႏွင့္ ၂၀၁၉ခုႏွစ္ဇူလိုင္လတြင္ SCRC Meeting ကိုထပ္မံျပဳလုပ္သြားမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ကုလသမဂၢသေဘာတူ စာခ်ဳပ္အတိုင္း (UNCRC)United Nations Convention on the Rights of the Child  အဓိကအခြင့္အေရးမ်ား(၄)ရပ္ႏွင့္ တာဝန္(၃)ရပ္ကို အေကာင္အထည္ေဖာ္ေဆာက္႐ြက္လ်က္ရွိပါေၾကာင္း၊ အာဆီယံအမ်ိဳးသမီးႏွင့္ ကေလးသူငယ္ အခြင့္အေရး မ်ား ကာကြယ္ေစာင့္ေရွာက္ေရးႏွင့္ ျမႇင့္တင္ေရးေကာ္မရွင္အတိုင္း အာဆီယံေဒသအတြင္းရွိ အျခားႏိုင္ငံမ်ားနည္းတူ ျမန္မာႏိုင္ငံတြင္ ေဒသဆိုင္ရာကေလးသူငယ္အခြင့္အေရးဆိုင္ရာလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ ရွိသည္ကို တက္ေရာက္လာၾကသူမ်ားအားလုံးသိရွိၿပီးျဖစ္မည္ဟု ယုံၾကည္ပါေၾကာင္းကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ကုလသမဂၢသေဘာတူစာခ်ဳပ္ အဓိကအခြင့္အေရး(၄)ရပ္ႏွင့္တာဝန္(၃)ရပ္ကို ရွင္းတင္ျပလိုေၾကာင္း၊ အခြင့္အေရး(၄)ရပ္မွာ အသက္ရွင္သန္ခြင့္၊ ဖြံ႕ၿဖိဳးတိုးတက္ခြင့္၊ ကာကြယ္ေစာင့္ေရွာက္ခြင့္ ၊ ပါဝင္ေဆာင္႐ြက္ခြင့္တို႔ျဖစ္ၿပီး တာဝန္(၃)ရပ္တြင္ အေကာင္အထည္ေဖာ္ျခင္း၊ ေစာင့္ၾကည့္ႀကီးၾကပ္ျခင္း၊ အစီရင္ခံျခင္း တို႔ျဖစ္ေၾကာင္း၊ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီအေနျဖင့္ျမန္မာႏိုင္ငံလုံးရွိ ကေလးသူငယ္အားလုံးအတြက္အဓိကအခြင့္အေရး(၄)ရပ္ကို လူ႕အဖြဲ႕အစည္းအတြင္း ဦးဦးဖ်ားဖ်ားရယူႏိုင္ရန္ ကေလးသူငယ္မ်ား၏အေကာင္းဆုံး အက်ိဳးစီးပြားေဖာ္ေဆာင္ရန္အတြက္ဥပေဒ မူဝါဒႏွင့္ လုပ္ငန္းစဥ္ မ်ားကို ခ်မွတ္ေဖာ္ေဆာင္ေနေၾကာင္း ရွမ္းျပည္နယ္အတြင္းရွိ ကေလးသူငယ္မ်ားအားလုံးဘဝဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ အနာဂတ္တြင္ႏိုင္ငံ့သားေကာင္း သမီးေကာင္းရတနာမ်ား ေပၚထြန္းလာေရးတို႔အတြက္ ဥပေဒမ်ား၊  မူဝါဒမ်ား၊ လုပ္ငန္းစဥ္မ်ား ျပင္ဆင္ခ်မွတ္ႏိုင္ရန္အဆင့္ဆင့္ေသာ ေကာ္မတီမ်ားအေနျဖင့္ အႀကံဉာဏ္ေကာင္းမ်ားကိုေဆြးေႏြးေပးၾကရန္ ေျပာၾကား သြားသည္။

 ေတာင္ႀကီးခ႐ိုင္ကေလးသူငယ္အခြင့္အေရးမ်ား ဆိုင္ရာေကာ္မတီအတြင္းေရးမႉး ေဒၚတင္တင္ေထြးမွ ကေလးသူငယ္ ကာကြယ္ေစာင့္ေရွာက္ေရးလုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေျပာၾကားၿပီး တက္ေရာက္လာေသာေကာ္မတီဝင္မ်ားမွ သက္ဆိုင္ရာ က႑မ်ားအလိုက္ေဆြးေႏြးတင္ျပ၍ ေတာင္ႀကီးခ႐ိုင္ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာေကာ္မတီဥကၠ႒ ဦးကိုကိုလြင္မွ နိဂုံးခ်ဳပ္စကားေျပာၾကားေၾကာင္းသိရသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊  ေတာင္ႀကီးခ႐ိုင္/ၿမိဳ႕နယ္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီဥကၠ႒ႏွင့္အဖြဲ႕ဝင္မ်ား၊ ရပ္႐ြာအေျချပဳကေလးသူငယ္ကာကြယ္ ေစာင့္ေရွာက္ ေရးအဖြဲ႕မ်ား တက္ေရာက္ၾကေၾကာင္းသိရွိရသည္။

 ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09250132943

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

တောင်ကြီး          မတ် -၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်/မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်း အဝေးကို မတ်(၂၆)ရက်နံနက်(၁၀)နာရီကခရိုင်/မြို့နယ်စုပေါင်းရုံး၌ကျင်းပကြောင်းသိရသည်။

 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဌ ဒေါက်တာအောင်သန်းမောင်က ရှမ်းပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (SSSCCI)ခန်းမတွင်ကျင်းပခဲ့ပြီးဖြစ်ပါကြောင်းနှင့် ၂၀၁၉ခုနှစ်ဇူလိုင်လတွင် SCRC Meeting ကိုထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူ စာချုပ်အတိုင်း (UNCRC)United Nations Convention on the Rights of the Child  အဓိကအခွင့်အရေးများ(၄)ရပ်နှင့် တာဝန်(၃)ရပ်ကို အကောင်အထည်ဖော်ဆောက်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး များ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်အတိုင်း အာဆီယံဒေသအတွင်းရှိ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာကလေးသူငယ်အခွင့်အရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်ကို တက်ရောက်လာကြသူများအားလုံးသိရှိပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် အဓိကအခွင့်အရေး(၄)ရပ်နှင့်တာဝန်(၃)ရပ်ကို ရှင်းတင်ပြလိုကြောင်း၊ အခွင့်အရေး(၄)ရပ်မှာ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့် ၊ ပါဝင်ဆောင်ရွက်ခွင့်တို့ဖြစ်ပြီး တာဝန်(၃)ရပ်တွင် အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်း၊ အစီရင်ခံခြင်း တို့ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့်မြန်မာနိုင်ငံလုံးရှိ ကလေးသူငယ်အားလုံးအတွက်အဓိကအခွင့်အရေး(၄)ရပ်ကို လူ့အဖွဲ့အစည်းအတွင်း ဦးဦးဖျားဖျားရယူနိုင်ရန် ကလေးသူငယ်များ၏အကောင်းဆုံး အကျိုးစီးပွားဖော်ဆောင်ရန်အတွက်ဥပဒေ မူဝါဒနှင့် လုပ်ငန်းစဉ် များကို ချမှတ်ဖော်ဆောင်နေကြောင်း ရှမ်းပြည်နယ်အတွင်းရှိ ကလေးသူငယ်များအားလုံးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင်နိုင်ငံ့သားကောင်း သမီးကောင်းရတနာများ ပေါ်ထွန်းလာရေးတို့အတွက် ဥပဒေများ၊  မူဝါဒများ၊ လုပ်ငန်းစဉ်များ ပြင်ဆင်ချမှတ်နိုင်ရန်အဆင့်ဆင့်သော ကော်မတီများအနေဖြင့် အကြံဉာဏ်ကောင်းများကိုဆွေးနွေးပေးကြရန် ပြောကြား သွားသည်။

 တောင်ကြီးခရိုင်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါ်တင်တင်ထွေးမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသောကော်မတီဝင်များမှ သက်ဆိုင်ရာ ကဏ္ဍများအလိုက်ဆွေးနွေးတင်ပြ၍ တောင်ကြီးခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်မှ နိဂုံးချုပ်စကားပြောကြားကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊  တောင်ကြီးခရိုင်/မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ရွာအခြေပြုကလေးသူငယ်ကာကွယ် စောင့်ရှောက် ရေးအဖွဲ့များ တက်ရောက်ကြကြောင်းသိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 71 guests and no members online