ရှမ်းပြည်နယ်သတင်းများ

ပထမအၾကိမ္အထူးဓမၼသဘင္ေအာင္ျမင္ျခင္းအထိမ္းအမွတ္ဂုဏ္ျပဳ ပြဲက်င္းပ

ေတာင္ၾကီး      မတ္-၃၀

60

ရွမ္းျပည္နယ္(ေတာင္ပုိင္း) ေတာင္ၾကီးျမိဳ႔ ပထမအၾကိမ္အထူးဓမၼသဘင္ေအာင္ျမင္ျခင္း အထိမ္းအမွတ္ဂုဏ္ျပဳပြဲကို မတ္(၃၀)ရက္ ညေန(၃)နာရီက ျမိဳ႕ေတာ္ခန္းမ၌က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ၾကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ရွမ္းျပည္နယ္ အတြင္းေနထိုင္ၾကေသာ ျပည္သူမ်ား၏ လူမႈစီးပြားဘဝဖြံ႕ျဖိဳးတိုးတက္ေ႐း ျပည္နယ္ေအးခ်မ္း သာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရး၊ ျပည္နယ္ဘက္စုံက႑စုံဖြံ႕ျဖိဳးတိုးတက္ေစေရးတို႕ကို ရည္မွန္းခ်က္ထား၍ လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ရွမ္းျပည္နယ္အတြင္း မွီတင္းေနထိုင္လ်က္ရွိေသာ တိုင္းရင္းသားျပည္သူအေပါင္း ယုံၾကည္ ကိုးကြယ္လ်က္ရွိေသာဗုဒၶဘာသာသာသနာႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ျဖည့္ဆည္းကူညီေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ေစတီပုထိုး ဘုရား ေက်ာင္းကန္စသည့္ သာသနိကပစၥည္းမ်ား တည္ေဆာက္ျပဳျပင္ေရးကိစၥမ်ား ရာသီအလိုက္ဘာသာေရးပြဲေတာ္မ်ား က်င္းပျပဳလုပ္ေရးကိစၥမ်ားတြင္လည္း ေဒသခံေစတနာရွင္လုပ္သားျပည္သူမ်ားႏွင့္အတူ ဦးေဆာင္ပူးေပါင္းကူညီေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ၂၀၁၉ခုႏွစ္မတ္လ(၂၁)ရက္ေန႕မွ (၂၅)ရက္ေန႕ထိ (၅)ညတိုင္စည္ကားသိုက္ျမိဳက္စြာက်င္းပျပဳလုပ္ခဲ့သည့္ ပထမအၾကိမ္ ေတာင္ၾကီးအထူးဓမၼသဘင္အခမ္းအနားတြင္ အထူးဓမၼသဘင္က်င္းပေရးဦးစီးေကာ္မတီဝင္ မ်ား စိတ္အားမငယ္ရေအာင္လိုအပ္သည္မ်ားကိုလည္း ကူညီပ့ံပိုးခ့ဲပါေၾကာင္း က်င္းပျပဳလုပ္ ျပီးခဲ့သည့္ ေတာင္ၾကီးအထူးဓမၼသဘင္ပြဲၾကီးတြင္ ေတာင္ၾကီးအထူးဓမၼသဘင္ပြဲျဖစ္ေျမာက္ေရး ေကာ္မတီဝင္မ်ားအေနျဖင့္ လိုေလေသးမရွိေအာင္ ကာယအား၊ ဥာဏအားေငြအားတို႕ျဖင့္ ျပည့္စုံစြာလႈပ္ရွားေဆာင္ရြက္ေပးခ့ဲၾက၍လည္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ အနည္းငယ္ သာပ့ံပိုးကူညီေဆာင္ရြက္ေပးခဲ႕ရပါေၾကာင္း၊ ေတာင္ၾကီးျမိဳ႕ေနတိုင္းရင္းသားလုပ္သားျပည္သူ အေပါင္းတို႕သည္ ေတာင္ၾကီးအထူးဓမၼသဘင္ပြဲၾကီးကို (၅)ညတိုင္စည္ကားသိုက္ျမိဳက္စြာ ျပဳလုပ္ႏိုင္ခ့ဲသည့္အတြက္ ရွမ္းျပည္နယ္ႏွင့္ျမန္မာျပည္တစ္ဝွမ္းလုံးသာမက တစ္ကမ္ဘာလုံးတိုင္ ေအာင္ မီးေမာင္းထိုးျပဂုဏ္ယူႏိုင္ျပီး ျဖစ္ေၾကာင္း၊ ယေန႔တက္ေရာက္လာၾကသည့္ လူမႈေရး ပရဟိတအဖြဲ႕အစည္းအသီးသီးမွပုဂၢဳိလ္မ်ား၏ စိတ္ေရာကိုယ္ပါတက္ၾကြစြာေဆာင္ရြက္ေပးခ့ဲ ၾကသည့္အတြက္ ဂုဏ္ျပဳထိုက္သူမ်ားအားလုံးကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကိုယ္စား ဂုဏ္ျပဳ မွတ္တမ္းတင္ပါေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ဦးစီးေကာ္မတီဥကၠ႒ဦးခင္ေအာင္က အထူးဓမၼသဘင္က်င္းပခ့ဲမႈႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားျပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ရာ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ ျပည္နယ္ဝန္ၾကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္တရားလႊတ္ေတာ္တရားသူၾကီးခ်ဳပ္၊ ျပည္နယ္ဝန္ၾကီးမ်ား၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္တို႕က အလွဴရွင္မ်ားႏွင့္ ေကာ္မတီအသီးသီး တို႕အား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္ခ့ဲၾကသည္။ ထို႕ေနာက္ဦးစီးေကာ္မတီဒုတိယဥကၠ႒ ဦးသန္းေက်ာ္မွေက်းဇူးတင္စကားေျပာၾကားေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ၾကီး)

09250132943

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပထမအကြိမ်အထူးဓမ္မသဘင်အောင်မြင်ခြင်းအထိမ်းအမှတ်ဂုဏ်ပြု ပွဲကျင်းပ

တောင်ကြီး      မတ်-၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပထမအကြိမ်အထူးဓမ္မသဘင်အောင်မြင်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုပွဲကို မတ်(၃၀)ရက် ညနေ(၃)နာရီက မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် အတွင်းနေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်နယ်ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်မှန်းချက်ထား၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားပြည်သူအပေါင်း ယုံကြည် ကိုးကွယ်လျက်ရှိသောဗုဒ္ဓဘာသာသာသနာနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စေတီပုထိုး ဘုရား ကျောင်းကန်စသည့် သာသနိကပစ္စည်းများ တည်ဆောက်ပြုပြင်ရေးကိစ္စများ ရာသီအလိုက်ဘာသာရေးပွဲတော်များ ကျင်းပပြုလုပ်ရေးကိစ္စများတွင်လည်း ဒေသခံစေတနာရှင်လုပ်သားပြည်သူများနှင့်အတူ ဦးဆောင်ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၉ခုနှစ်မတ်လ(၂၁)ရက်နေ့မှ (၂၅)ရက်နေ့ထိ (၅)ညတိုင်စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် တောင်ကြီးအထူးဓမ္မသဘင်အခမ်းအနားတွင် အထူးဓမ္မသဘင်ကျင်းပရေးဦးစီးကော်မတီဝင် များ စိတ်အားမငယ်ရအောင်လိုအပ်သည်များကိုလည်း ကူညီပံ့ပိုးခဲ့ပါကြောင်း ကျင်းပပြုလုပ် ပြီးခဲ့သည့် တောင်ကြီးအထူးဓမ္မသဘင်ပွဲကြီးတွင် တောင်ကြီးအထူးဓမ္မသဘင်ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များအနေဖြင့် လိုလေသေးမရှိအောင် ကာယအား၊ ဥာဏအားငွေအားတို့ဖြင့် ပြည့်စုံစွာလှုပ်ရှားဆောင်ရွက်ပေးခဲ့ကြ၍လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အနည်းငယ် သာပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ တောင်ကြီးမြို့နေတိုင်းရင်းသားလုပ်သားပြည်သူ အပေါင်းတို့သည် တောင်ကြီးအထူးဓမ္မသဘင်ပွဲကြီးကို (၅)ညတိုင်စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ခဲ့သည့်အတွက် ရှမ်းပြည်နယ်နှင့်မြန်မာပြည်တစ်ဝှမ်းလုံးသာမက တစ်ကမ်ဘာလုံးတိုင် အောင် မီးမောင်းထိုးပြဂုဏ်ယူနိုင်ပြီး ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာကြသည့် လူမှုရေး ပရဟိတအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များ၏ စိတ်ရောကိုယ်ပါတက်ကြွစွာဆောင်ရွက်ပေးခဲ့ ကြသည့်အတွက် ဂုဏ်ပြုထိုက်သူများအားလုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ဦးစီးကော်မတီဥက္ကဋ္ဌဦးခင်အောင်က အထူးဓမ္မသဘင်ကျင်းပခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က အလှူရှင်များနှင့် ကော်မတီအသီးသီး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြသည်။ ထို့နောက်ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ ဦးသန်းကျော်မှကျေးဇူးတင်စကားပြောကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 62 guests and no members online

Latest Updates