ေအးသာယာအေရာင္းစင္တာ ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး မတ္ ၃၁

6162

ျမန္မာႏိုင္ငံ၏ ပထမဆုံးႏွင့္ အႀကီးမားဆုံး ေဆာက္လုပ္ေရးႏွင့္ အိမ္အသုံးေဆာင္ပစၥည္း အေရာင္းစင္တာ ႀကီးျဖစ္ေသာ PRO 1 Global Home Center သတၱမေျမာက္ဆိုင္ခြဲျဖစ္သည့္ ေအးသာယာအေရာင္းစင္တာ ဖြင့္ပြဲကို မတ္ ၃၀ ရက္ နံနက္ ၉ နာရီက ေအးသာယာၿမိဳ႕၊ ျပည္ေထာင္စုလမ္းမႀကီးေဘး၌ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျမန္မာႏိုင္ငံ၌ ဖြင့္လွစ္ထားေသာ PRO 1 Global Home Center ႀကီးသည္ အာဆီယံတြင္ ဒုတိယအႀကီးမားဆုံးစင္တာႀကီးအျဖစ္ အဆင့္ဝင္သည္ကို ေတြ႕ရ သည့္အတြက္ ရွမ္းျပည္နယ္အေနျဖင့္ ဂုဏ္ျပဳဝမ္းေျမာက္မိပါေၾကာင္း၊ PRO 1 သည္ ႏိုင္ငံတကာအဆင့္မီစင္တာႀကီး ကို ရွမ္းျပည္နယ္တြင္ လာေရာက္ဖြင့္လွစ္သည့္အတြက္ ေဒသခံလူငယ္မ်ားသည္ ႏိုင္ငံျခားသားမ်ားႏွင့္ ရင္ေဘာင္ တန္း စမတ္က်က်လုပ္ကိုင္ေနၾကသည္ကို ေတြ႕ရွိရပါေၾကာင္း၊ ႏိုင္ငံျခားထိ သြားေရာက္လုပ္ကိုင္စရာမလိုဘဲ ႏိုင္ငံတကာအဆင့္မီ အလုပ္ကိုင္အခြင့္အလမ္းမ်ား ရွမ္းျပည္နယ္အတြင္း၌ ရွိေနသည္ကို ႀကိဳဆိုရမည့္ အခ်က္ျဖစ္ပါ ေၾကာင္း၊ ရွမ္းျပည္နယ္တြင္ PRO 1 Global Home Center (ေအးသာယာစင္တာ)၏ Grand Opening ဖြင့္ပြဲမွသည္ ႏိုင္ငံတကာအဆင့္မီ One Stop Home Center ႀကီးမ်ားကို ႏိုင္ငံစီးပြားဖြံ႕ၿဖိဳးေရးအတြက္ လိုအပ္ေသာ ၿမိဳ႕တိုင္းတြင္ ပိုမိုဖြင့္လွစ္ႏိုင္ပါရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ေညာင္ေ႐ႊၿမိဳ႕နယ္၊ ဟဲယာ ႐ြာမ၌ က်င္းပေသာ အင္းေလးေဒသလုံးဆိုင္ရာ ပရိယတၱိသာသနာပါလကအသင္း (၄၈)ႀကိမ္ေျမာက္ စာပြဲေတာ္ ေအာင္ဆုႏွင္းသဘင္ႏွင့္ ဂုဏ္ျပဳပူေဇာ္ပြဲအခမ္းအနားသို႔ တက္ေရာက္ကာ စာေျဖသံဃာေတာ္မ်ားအား ေအာင္လက္မွတ္ဘြဲ႕တံဆိပ္ေတာ္မ်ားကို ဆက္ကပ္၍ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးေဒသ၊ မိုင္းေသာက္ေက်း႐ြာရွိ မိုင္းေသာက္ပထမစာသင္တိုက္ဆရာေတာ္ အဘိဓဇမဟာရဌဂု႐ုဘြဲ႕တံဆိပ္ေတာ္ရဆရာေတာ္အား ဘြဲ႕တံဆိပ္ကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ဆက္ကပ္လႉဒါန္းၿပီး လႉဖြယ္ဝတၳဳပစၥည္းမ်ားကို ျပည္နယ္တရား လႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္က ဆက္ကပ္လႉဒါန္းကာ နဝကမၼဝတၳဳေငြမ်ားကို ပအိုဝ္းကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီး ဥကၠဌ ဦးခြန္စံလြင္မွ ဆက္ကပ္လႉဒါန္း၍ အဂၢမဟာပ႑ိတ၊ အဂၢမဟာဂႏၴဝါစကပ႑ိတ၊ အဘိဓဇမဟာရဌဂု႐ု ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၊ ဒုတိယဥကၠဌ မိုင္းေသာက္ပထမစာသင္တိုက္ ဦးစီးပဓာန နာယကဆရာေတာ္ဘုရားထံ ငါးပါးသီလ ခံယူေဆာက္တည္ၾကေၾကာင္း သိရသည္။

 

အဆိုပါ ၄၈ ႀကိမ္ေျမာက္ စာပြဲေတာ္တြင္ ပၪၥမအဆင့္တြင္ စာရင္းရွိ ၂၂ ပါး၊ ေျဖဆို ၂၁ပါး၊ ေအာင္ျမင္ ၉ ပါး၊ စတုတၳအဆင့္တြင္ စာရင္းရွိ ၃၅ ပါး၊ ေျဖဆို ၃၄ ပါး၊ ေအာင္ျမင္ ၂၄ ပါး၊ တတိယအဆင့္တြင္ စာရင္းရွိ ၆၃ ပါး၊ ေျဖဆို ၆၂ ပါး၊ ေအာင္ျမင္ ၂၁ ပါး၊ ဒုတိယအဆင့္တြင္ စာရင္းရွိ ၈၁ ပါး၊ ေျဖဆို ၈၀ ပါး၊ ေအာင္ျမင္ ၅၂ ပါး၊ ပထမအဆင့္တြင္ စာရင္းရွိ ၁၂၅ ပါး၊ ေျဖဆို ၁၁၀ ပါး၊ ေအာင္ျမင္ ၆၆ ပါး၊ မူလတန္းအဆင့္တြင္ စာရင္းရွိ ၁၉၄ ပါး၊ ေျဖဆို ၁၉၂ ပါး၊ ေအာင္ျမင္ ၁၃၇ ပါး၊ စုစုေပါင္း ၃၀၉ ပါးေအာင္ျမင္ၿပီး ေျဖဆိုသည့္ သံဃာေပါင္း ၅၂၂ပါးရွိေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09250132943

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အေးသာယာအရောင်းစင်တာ ဖွင့်ပွဲကျင်းပ

တောင်ကြီး မတ် ၃၁

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး ဆောက်လုပ်ရေးနှင့် အိမ်အသုံးဆောင်ပစ္စည်း အရောင်းစင်တာ ကြီးဖြစ်သော PRO 1 Global Home Center သတ္တမမြောက်ဆိုင်ခွဲဖြစ်သည့် အေးသာယာအရောင်းစင်တာ ဖွင့်ပွဲကို မတ် ၃၀ ရက် နံနက် ၉ နာရီက အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီးဘေး၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံ၌ ဖွင့်လှစ်ထားသော PRO 1 Global Home Center ကြီးသည် အာဆီယံတွင် ဒုတိယအကြီးမားဆုံးစင်တာကြီးအဖြစ် အဆင့်ဝင်သည်ကို တွေ့ရ သည့်အတွက် ရှမ်းပြည်နယ်အနေဖြင့် ဂုဏ်ပြုဝမ်းမြောက်မိပါကြောင်း၊ PRO 1 သည် နိုင်ငံတကာအဆင့်မီစင်တာကြီး ကို ရှမ်းပြည်နယ်တွင် လာရောက်ဖွင့်လှစ်သည့်အတွက် ဒေသခံလူငယ်များသည် နိုင်ငံခြားသားများနှင့် ရင်ဘောင် တန်း စမတ်ကျကျလုပ်ကိုင်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံခြားထိ သွားရောက်လုပ်ကိုင်စရာမလိုဘဲ နိုင်ငံတကာအဆင့်မီ အလုပ်ကိုင်အခွင့်အလမ်းများ ရှမ်းပြည်နယ်အတွင်း၌ ရှိနေသည်ကို ကြိုဆိုရမည့် အချက်ဖြစ်ပါ ကြောင်း၊ ရှမ်းပြည်နယ်တွင် PRO 1 Global Home Center (အေးသာယာစင်တာ)၏ Grand Opening ဖွင့်ပွဲမှသည် နိုင်ငံတကာအဆင့်မီ One Stop Home Center ကြီးများကို နိုင်ငံစီးပွားဖွံ့ဖြိုးရေးအတွက် လိုအပ်သော မြို့တိုင်းတွင် ပိုမိုဖွင့်လှစ်နိုင်ပါရန် ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့နယ်၊ ဟဲယာ ရွာမ၌ ကျင်းပသော အင်းလေးဒေသလုံးဆိုင်ရာ ပရိယတ္တိသာသနာပါလကအသင်း (၄၈)ကြိမ်မြောက် စာပွဲတော် အောင်ဆုနှင်းသဘင်နှင့် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ကာ စာဖြေသံဃာတော်များအား အောင်လက်မှတ်ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်၍ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မိုင်းသောက်ကျေးရွာရှိ မိုင်းသောက်ပထမစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်ရဆရာတော်အား ဘွဲ့တံဆိပ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆက်ကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ဆက်ကပ်လှူဒါန်းကာ နဝကမ္မဝတ္ထုငွေများကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဦးခွန်စံလွင်မှ ဆက်ကပ်လှူဒါန်း၍ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဌ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ဘုရားထံ ငါးပါးသီလ ခံယူဆောက်တည်ကြကြောင်း သိရသည်။

အဆိုပါ ၄၈ ကြိမ်မြောက် စာပွဲတော်တွင် ပဉ္စမအဆင့်တွင် စာရင်းရှိ ၂၂ ပါး၊ ဖြေဆို ၂၁ပါး၊ အောင်မြင် ၉ ပါး၊ စတုတ္ထအဆင့်တွင် စာရင်းရှိ ၃၅ ပါး၊ ဖြေဆို ၃၄ ပါး၊ အောင်မြင် ၂၄ ပါး၊ တတိယအဆင့်တွင် စာရင်းရှိ ၆၃ ပါး၊ ဖြေဆို ၆၂ ပါး၊ အောင်မြင် ၂၁ ပါး၊ ဒုတိယအဆင့်တွင် စာရင်းရှိ ၈၁ ပါး၊ ဖြေဆို ၈၀ ပါး၊ အောင်မြင် ၅၂ ပါး၊ ပထမအဆင့်တွင် စာရင်းရှိ ၁၂၅ ပါး၊ ဖြေဆို ၁၁၀ ပါး၊ အောင်မြင် ၆၆ ပါး၊ မူလတန်းအဆင့်တွင် စာရင်းရှိ ၁၉၄ ပါး၊ ဖြေဆို ၁၉၂ ပါး၊ အောင်မြင် ၁၃၇ ပါး၊ စုစုပေါင်း ၃၀၉ ပါးအောင်မြင်ပြီး ဖြေဆိုသည့် သံဃာပေါင်း ၅၂၂ပါးရှိကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943