ရှမ်းပြည်နယ်သတင်းများ

ႏွီးႏြယ္ဆက္စပ္ဌာနမ်ားမွ ဝန္ထမ္းမ်ားကို WASH Bottleneck Analysis tool အေၾကာင္း သိရွိႏိုင္ရန္အတြက္ အလုပ္႐ုံေဆြးေႏြးပြဲက်င္းပ

ေတာင္ႀကီး ဧၿပီ ၁

63

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ရွမ္းျပည္နယ္ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီး ဌာနႏွင့္ UNICEF တို႔ပူးေပါင္းက်င္းပသည့္ WASH Bottleneck Analysis tool အလုပ္႐ုံေဆြးေႏြးပြဲကို ဧၿပီ ၁ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ေတာင္ႀကီးဟိုတယ္၌ က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေက်းလက္ေဒသေရရရွိေရး၊ ပတ္ဝန္းက်င္သန္႔ရွင္းေရးႏွင့္ တစ္ကိုယ္ေရသန္႔ရွင္းေရး (WASH) က႑ဆိုင္ရာ လက္ရွိေဆာင္႐ြက္ေနမႈအေျခအေန မ်ား၊ စိန္ေခၚမႈမ်ား၊ အခက္အခဲမ်ား၊ ဆက္လက္ေဆာင္႐ြက္သြားမည့္အစီအစဥ္မ်ားႏွင့္ပတ္သက္ၿပီး အခ်က္အလက္ မ်ားစာရင္း ေကာက္ယူႏိုင္ရန္အတြက္ သက္ဆိုင္ရာဌာနမ်ား၊ ႏွီးႏြယ္ဆက္စပ္ဌာနမ်ားမွ ဝန္ထမ္းမ်ားကို WASH Bottleneck Analysis tool အေၾကာင္း သိရွိႏိုင္ရန္အတြက္ အလုပ္႐ုံေဆြးေႏြးပြဲက်င္းပရျခင္းျဖစ္ေၾကာင္း၊ ေက်းလက္ေဒသမ်ား ေသာက္သုံးေရရရွိေရးအတြက္ (Basic Water Services)အတြက္သာမက သန္႔ရွင္းေသာ ေသာက္သုံးေရရရွိေရး (Safety Managed Drinking Water Services)၊ ကမၻာ့ကုလသမဂၢ၏ (SDG Goal-6) ျပည့္မီ ေစေရးတို႔ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ ေက်းလက္ေရရရွိေရးဆိုင္ရာအခ်က္အလက္မ်ား ေကာက္ယူရာ တြင္ WASH Bottleneck Analysis tool မ်ားစြာ အေထာက္အကူျဖစ္ေစမွာျဖစ္ပါေၾကာင္း၊ အလုပ္႐ုံေဆြးေႏြးပြဲသို႔ တက္ေရာက္လာၾကသည့္ ကိုယ္စားလွယ္မ်ား ၃ ရက္တာက်င္းပမည့္ WASH Bottleneck Analysis အေၾကာင္း ေကာင္းမြန္စြာ သိရွိအသုံးခ်ႏိုင္ေရး အေလးေပးေဆြးေႏြးတိုင္ပင္သြားၾကရန္ လိုအပ္ၿပီး မိမိတို႔၏ လုပ္ငန္းခြင္တြင္ လက္တေလာႀကဳံေတြ႕ေနရေသာ အခက္အခဲမ်ား၊ စိန္ေခၚမႈမ်ားကို ထည့္သြင္းေဆြးေႏြးသြားၾကရန္ႏွင့္ ေဆြးေႏြးပြဲမွ ရရွိလာေသာ အသိပညာမ်ားျဖင့္ မိမိတို႔တာဝန္ထမ္းေဆာင္ရန္ဌာနမ်ား၌ အက်ိဳးရွိစြာ ျပန္လည္အသုံးခ်သြားၾကရန္ ေက်းလက္ေဒသေရရရွိေရး၊ ပတ္ဝန္းက်င္ႏွင့္ တစ္ကိုယ္ေရသန္႔ရွင္းေရးဆိုင္ရာလုပ္ငန္းမ်ားတြင္ အားတက္တေရာ ပါဝင္ေဆာင္႐ြက္သြားၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္ႏွင့္ UNICEF ေတာင္ႀကီး႐ုံးမွ တာဝန္ရွိသူတို႔က အမွာစကားေျပာၾကားၿပီး အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး၊ လႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္နယ္/ခ႐ိုင္/ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ UNICEF မွ တာဝန္ရွိပုဂၢိဳလ္ မ်ားႏွင့္ NGO အဖြဲ႕မ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

09250132943

(Unicide)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

နှီးနွယ်ဆက်စပ်ဌာနများမှ ဝန်ထမ်းများကို WASH Bottleneck Analysis tool အကြောင်း သိရှိနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဧပြီ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် UNICEF တို့ပူးပေါင်းကျင်းပသည့် WASH Bottleneck Analysis tool အလုပ်ရုံဆွေးနွေးပွဲကို ဧပြီ ၁ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) ကဏ္ဍဆိုင်ရာ လက်ရှိဆောင်ရွက်နေမှုအခြေအနေ များ၊ စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့်ပတ်သက်ပြီး အချက်အလက် များစာရင်း ကောက်ယူနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ၊ နှီးနွယ်ဆက်စပ်ဌာနများမှ ဝန်ထမ်းများကို WASH Bottleneck Analysis tool အကြောင်း သိရှိနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသများ သောက်သုံးရေရရှိရေးအတွက် (Basic Water Services)အတွက်သာမက သန့်ရှင်းသော သောက်သုံးရေရရှိရေး (Safety Managed Drinking Water Services)၊ ကမ္ဘာ့ကုလသမဂ္ဂ၏ (SDG Goal-6) ပြည့်မီ စေရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ရေရရှိရေးဆိုင်ရာအချက်အလက်များ ကောက်ယူရာ တွင် WASH Bottleneck Analysis tool များစွာ အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ ၃ ရက်တာကျင်းပမည့် WASH Bottleneck Analysis အကြောင်း ကောင်းမွန်စွာ သိရှိအသုံးချနိုင်ရေး အလေးပေးဆွေးနွေးတိုင်ပင်သွားကြရန် လိုအပ်ပြီး မိမိတို့၏ လုပ်ငန်းခွင်တွင် လက်တလောကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ထည့်သွင်းဆွေးနွေးသွားကြရန်နှင့် ဆွေးနွေးပွဲမှ ရရှိလာသော အသိပညာများဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရန်ဌာနများ၌ အကျိုးရှိစွာ ပြန်လည်အသုံးချသွားကြရန် ကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများတွင် အားတက်တရော ပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် UNICEF တောင်ကြီးရုံးမှ တာဝန်ရှိသူတို့က အမှာစကားပြောကြားပြီး အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UNICEF မှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် NGO အဖွဲ့များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

 

09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 88 guests and no members online