ရှမ်းပြည်နယ်သတင်းများ

အာဆီယံခရီးသြားလုပ္ငန္းေကာ္မတီအစည္းအေဝးမ်ားက်င္းပ

ေတာင္ႀကီး ဧၿပီ

67

အာဆီယံခရီးသြားလုပ္ငန္းေကာ္မတီအစည္းအေဝး ASEAN Tourism Committee Meeting)မ်ားကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ ႏိုင္ငံအမည္အကၡရာစဥ္အလိုက္ တစ္ႏွစ္လၽွင္ ၂ ႀကိမ္ က်င္းပျပဳလုပ္လ်က္ ရွိၿပီး ျမန္မာႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္အတြက္ ပထမအႀကိမ္အစည္းအေဝးကို အလွည့္က်အိမ္ရွင္ႏိုင္ငံအျဖစ္ ၂၀၁၉ ခုႏွစ္၊ မတ္လ ၃၀ ရက္ေန႔မွ ဧၿပီလ ၅ ရက္ေန႔အထိ အင္းေလးေဒသရွိ Novatel Inle Lake Myat Min Hotel တြင္ က်င္းပေၾကာင္း သိရသည္။

အာဆီယံခရီးသြားလုပ္ငန္းေကာ္မတီအစည္းအေဝး၏ ဖြင့္ပြဲကို ဧၿပီ ၁ ရက္ေန႔ မနက္ပိုင္းက က်င္းပ ျပဳလုပ္ခဲ့ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္က တက္ေရာက္၍ အဖြင့္အမွာစကားေျပာၾကားရာ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ အာဆီယံကိုယ္စားလွယ္ ေတာ္ႀကီးမ်ားကို လႈိက္လွဲစြာႀကိဳဆိုပါေၾကာင္းႏွင့္ အာဆီယံခရီးသြားလုပ္ငန္းက႑၏ အေရးပါေသာ အစည္းအေဝးတစ္ခုကို ျမန္မာႏိုင္ငံ၏ ထင္ရွားေက်ာ္ၾကားေသာ ခရီးစဥ္ေဒသတစ္ခုျဖစ္သည့္ အင္းေလး ေဒသတြင္ က်င္းပျပဳလုပ္ျခင္းအတြက္ ဝမ္းေျမာက္ဂုဏ္ယူပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္အတြင္း အင္းေလးေဒသ သို႔ ႏိုင္ငံျခားသားကမၻာ့လွည့္ခရီးသည္စုစုေပါင္း (၁၆၀၀၀၀)ဦးခန္႔ လာေရာက္လည္ပတ္ခဲ့ၿပီး ျပင္သစ္လူမ်ိဳး အမ်ားဆုံးျဖစ္ပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရသည္ အင္းေလးေဒသ၏ ခရီးသြားလုပ္ငန္းေရရွည္ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ ဆက္စပ္ဝန္ၾကးဌာနမ်ား၊ ပုဂၢလိကအဖြဲ႕ အစည္းမ်ား၊ ဖြံ႕ၿဖိဳးမႈမိတ္ဖြဲ႕အဖြဲ႕အစည္းမ်ားႏွင့္ အနီးကပ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ အင္းေလးေဒသ အား ယွဥ္ၿပိဳင္စြမ္းရည္ျမင့္မားသည့္ ခရီးစဥ္ေဒသအျဖစ္ ေပၚထြန္းလာေရးအတြက္ Destination Management Plan for Inle Lake Region (2014-2019)ကို ေရးဆြဲအေကာင္ထည္ေဖာ္လ်က္ရွိပါေၾကာင္း၊ အာဆီယံခရီးသြားလုပ္ငန္းတိုးတက္မႈမ်ားကို ေႏွာင့္ေႏွးေစႏိုင္သည့္ ႏိုင္ငံမ်ားအၾကား ဖြံ႕ၿဖိဳးတိုးတက္မႈ မညီမၽွျခင္း၊ အေျခခံအေဆာက္အဦ၊ ဝန္ေဆာင္မႈအရည္အေသြး၊ လူ႕စြမ္းအားအရင္းအျမစ္စသည့္ ကြာဟခ်က္မ်ားကို နည္းႏိုင္သမၽွ နည္းေအာင္ ႀကိဳးပမ္းသြားရမည္ျဖစ္ေၾကာင္းႏွင့္ ယခုအစည္းအေဝးမွ သည္ အာဆီယံေဒသ၏ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ပိုမိုေကာင္းမြန္ေသာ ရလဒ္မ်ားကို ေဖာ္ထုတ္ေဆြးေႏြးအေျဖရွာႏိုင္မည္ဟု ေမၽွာ္လင့္ပါေၾကာင္း၊ ဧည့္သည္ေတာ္ႀကီးမ်ား၏ ယခုခရီးစဥ္မွ တဆင့္ အင္းေလးေဒသ၏ေကာင္းသတင္းမ်ားကို မၽွေဝေပးရန္ေမတၱာရပ္ခံပါေၾကာင္း ေျပာၾကားသြားသည္။ 

အဆိုပါအာဆီယံခရီးသြားလုပ္ငန္းေကာ္မတီ အစည္းအေဝးကာလအတြင္း ဗီယက္နမ္ႏိုင္ငံ၊ ဟာေလာင္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ၂၂ ႀကိမ္ေျမာက္ အာဆီယံခရီးသြားလုပ္ငန္းဝန္ႀကီးမ်ားအဆင့္ အစည္းအေဝး၏ ေဆြးေႏြးဆုံးျဖတ္ခ်က္မ်ားကို အေကာင္အထည္ေဖာ္ရန္ႏွင့္ အာဆီယံခရီးသြားလုပ္ငန္း မဟာဗ်ဴဟာစီမံကိန္း ၂၀၁၆-၂၀၂၅ပါ လုပ္ငန္းလမ္းၫႊန္ခ်က္မ်ားကို ဦးေဆာင္ႏိုင္ငံမ်ားအလိုက္ ေရွ႕ဆက္ ေဆာင္႐ြက္မည့္လုပ္ငန္းစဥ္မ်ားကို ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္းႏွင့္ အစည္းအေဝးသို႔ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံမ်ားမွ ကိုယ္စားလွယ္မ်ား၊ အာဆီယံခရီးသြားလုပ္ငန္း ကၽြမ္းက်င္ပညာရွင္မ်ား၊ အာဆီယံ အတြင္းေရးမႉးခ်ဳပ္႐ုံးမွ တာဝန္ရွိသူ ကိုယ္စားလွယ္ ၇၀ ဦးႏွင့္ ျမန္မာႏိုင္ငံဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီးဌာနမွ ကိုယ္စားလွယ္မ်ား၊ အျခားဖိတ္ၾကားထားေသာဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးများကျင်းပ

တောင်ကြီး ဧပြီ

အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး ASEAN Tourism Committee Meeting)များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် နိုင်ငံအမည်အက္ခရာစဉ်အလိုက် တစ်နှစ်လျှင် ၂ ကြိမ် ကျင်းပပြုလုပ်လျက် ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွက် ပထမအကြိမ်အစည်းအဝေးကို အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ အင်းလေးဒေသရှိ Novatel Inle Lake Myat Min Hotel တွင် ကျင်းပကြောင်း သိရသည်။

အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး၏ ဖွင့်ပွဲကို ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံကိုယ်စားလှယ် တော်ကြီးများကို လှိုက်လှဲစွာကြိုဆိုပါကြောင်းနှင့် အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ၏ အရေးပါသော အစည်းအဝေးတစ်ခုကို မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည့် အင်းလေး ဒေသတွင် ကျင်းပပြုလုပ်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း အင်းလေးဒေသ သို့ နိုင်ငံခြားသားကမ္ဘာ့လှည့်ခရီးသည်စုစုပေါင်း (၁၆၀၀၀၀)ဦးခန့် လာရောက်လည်ပတ်ခဲ့ပြီး ပြင်သစ်လူမျိုး အများဆုံးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရသည် အင်းလေးဒေသ၏ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြးဌာနများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖွဲ့အဖွဲ့အစည်းများနှင့် အနီးကပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းလေးဒေသ အား ယှဉ်ပြိုင်စွမ်းရည်မြင့်မားသည့် ခရီးစဉ်ဒေသအဖြစ် ပေါ်ထွန်းလာရေးအတွက် Destination Management Plan for Inle Lake Region (2014-2019)ကို ရေးဆွဲအကောင်ထည်ဖော်လျက်ရှိပါကြောင်း၊ အာဆီယံခရီးသွားလုပ်ငန်းတိုးတက်မှုများကို နှောင့်နှေးစေနိုင်သည့် နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း၊ အခြေခံအဆောက်အဦ၊ ဝန်ဆောင်မှုအရည်အသွေး၊ လူ့စွမ်းအားအရင်းအမြစ်စသည့် ကွာဟချက်များကို နည်းနိုင်သမျှ နည်းအောင် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးမှ သည် အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖော်ထုတ်ဆွေးနွေးအဖြေရှာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဧည့်သည်တော်ကြီးများ၏ ယခုခရီးစဉ်မှ တဆင့် အင်းလေးဒေသ၏ကောင်းသတင်းများကို မျှဝေပေးရန်မေတ္တာရပ်ခံပါကြောင်း ပြောကြားသွားသည်။ 

အဆိုပါအာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကာလအတွင်း ဗီယက်နမ်နိုင်ငံ၊ ဟာလောင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၂ ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့် အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန်နှင့် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၅ပါ လုပ်ငန်းလမ်းညွှန်ချက်များကို ဦးဆောင်နိုင်ငံများအလိုက် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ ကိုယ်စားလှယ် ၇၀ ဦးနှင့် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 39 guests and no members online

Latest Updates