ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္၊ ေႏြရာသီအေျခခံအားကစားသင္တန္းဆင္းပြဲက်င္းပ

ေတာင္ႀကီး ဧၿပီ

68

၂၀၁၉ ခုႏွစ္၊ ရွမ္းျပည္နယ္၊ ေႏြရာသီအေျခခံအားကစားသင္တန္းဆင္းပြဲကို ဧၿပီ ၃ ရက္ေန႔ ညေန ၃ နာရီက ေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ၌ က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ယခုသင္တန္းဆင္းပြဲသည္ ၂၀၁၉ ခုႏွစ္၊ မတ္လ ၄ ရက္ေန႔မွ ဧၿပီလ ၃ ရက္ေန႔အထိ ဖြင့္လွစ္ခဲ့ေသာ ေႏြရာသီအေျခခံအားကစား သင္တန္းဆင္းပြဲ အခမ္းအနား ျဖစ္ပါေၾကာင္း၊ သင္တန္းတြင္ ေဘာလုံး၊ တင္းနစ္၊ ျမန္မာ့သိုင္း၊ တိုက္ကြမ္ဒို၊ ကရာေတးဒို၊ ဂ်ဴဒို၊ ၾကက္ေတာင္၊ စားပြဲတင္တင္းနစ္၊ လက္ေဝွ႔၊ ႐ိုးရာလက္ေဝွ႔၊ ဘတ္စကတ္ေဘာ၊ ႐ိုးရာ ျခင္းလုံး၊ ပိုက္ေက်ာ္ျခင္း၊ စက္ဘီး၊ ေဘာ္လီေဘာ၊ Physical Fitness Dance ႏွင့္ ေအး႐ိုးဗစ္စသည့္ အားကစားနည္း ၁၈ နည္းကို စုစုေပါင္းသင္တန္းသား ၁၈၆၅ ဦးတက္ေရာက္ခဲ့ပါေၾကာင္း၊ လူငယ္လူ႐ြယ္ မ်ားအေနျဖင့္ ေႏြရာသီအားလပ္ရက္မ်ားကို အက်ိဳးရွိရွိ အသုံးခ်တတေစေရး၊ အားကစားနည္း တစ္ရပ္ရပ္ ကို အေျခခံမွစ၍ ေလ့က်င့္လိုက္စားျခင္းျဖင့္ က်န္းမာႀကံ႕ခိုင္ၿပီး အရည္အခ်င္းျမင့္မားသည့္ အားကစား သမားေကာင္းမ်ား၊ ႏိုင္ငံ့သားေကာင္း/သမီးေကာင္းမ်ားျဖစ္လာေစေရး၊ တစ္မ်ိဳးသားလုံး က်န္းမာ ႀကံ႕ခိုင္ေရးစသည့္ ျမင့္မားသည့္ရည္႐ြယ္ခ်က္မ်ားႏွင့္ ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္မွ ခ်မွတ္ ေဆာင္႐ြက္လ်က္ရွိသည့္ အားကစားႏွင့္ပညာေရးေပါင္းစပ္သည့္ အဓိကအစီအမံတစ္ရပ္ကို ေဖာ္ေဆာင္ ျခင္းလည္းျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္အတြက္ ထူးခၽြန္ေသာ မ်ိဳးဆက္သစ္အားကစားသမားမ်ား ေပၚထြက္ လာေစေရးကို ရည္မွန္းၿပီး သင္တန္းမ်ားကို ဖြင့္လွစ္ေပးျခင္းျဖစ္ၿပီး သင္တန္းသားလူငယ္ေမာင္မယ္မ်ား အေနျဖင့္လည္း သင္တန္းကထိုက္သင့္သေလာက္ ေလ့လာဆည္းပူးမိသည့္ နည္းစနစ္၊ ကၽြမ္းက်င္မႈမ်ားကို အေျခခံၿပီး အဆင့္ျမင့္အားကစားနည္းပညာရပ္မ်ားကို သင္တန္းၿပီးဆုံးသြားေသာ္လည္း ဆက္လက္ ေလ့လာလိုက္စားၾကရန္ႏွင့္ ၿမိဳ႕နယ္၊ ခ႐ိုင္၊ ျပည္နယ္ကိုယ္စားျပဳအားကစားသမားမ်ားမွတဆင့္ ႏိုင္ငံ့ ကိုယ္စားျပဳ ႏိုင္ငံ့ဂုဏ္ေဆာင္အားကစားသမားေကာင္းမ်ား ျဖစ္လာေအာင္ဆက္လက္ႀကိဳးစားသြားၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ သင္တန္းသား/သူမ်ားအား သင္တန္းဆင္းလက္မွတ္မ်ား ေပးအပ္ခ်ီးျမႇင့္ရာ ေဘာလုံး၊ ေဘာလီေဘာ၊ ဘတ္စကတ္ေဘာ၊ ေျပးခုန္ပစ္၊ ေအး႐ိုးပစ္၊ ခရစ္ကတ္၊ ကရာေတးဒို၊ တိုက္ကြမ္ဒို၊ ဂ်ဴဒို၊ ျမန္မာ့သိုင္း၊ ပိုက္ေက်ာ္ျခင္း၊ ႐ိုးရာျခင္း၊ စားပြဲတင္တင္းနစ္၊ တင္းနစ္၊ ၾကက္ေတာင္၊ ႐ိုးရာလက္ေဝွ႔၊ ေဟာ္ကီ၊ စက္ဘီးစသည့္တို႔ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အသီးသီးတို႔မွ ဆုခ်ီးျမႇင့္ေပးၾကသည္။

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူတို႔သည္ သင္တန္းသား/ သူမ်ားအား လိုက္လံ ႏႈတ္ဆက္ၾကၿပီး တိုက္ကြမ္ဒို၊ ကရာေတးဒို၊ ႐ိုးရာျခင္း၊ ျမန္မာ့သိုင္း သ႐ုပ္ျပသမႈကို ၾကည့္႐ႈအားေပးၾက ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

09250132943

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး ဧပြီ

၂၀၁၉ ခုနှစ်၊ ရှမ်းပြည်နယ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ဧပြီ ၃ ရက်နေ့ ညနေ ၃ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုသင်တန်းဆင်းပွဲသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲ အခမ်းအနား ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဘောလုံး၊ တင်းနစ်၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ဂျူဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့၊ ရိုးရာလက်ဝှေ့၊ ဘတ်စကတ်ဘော၊ ရိုးရာ ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ စက်ဘီး၊ ဘော်လီဘော၊ Physical Fitness Dance နှင့် အေးရိုးဗစ်စသည့် အားကစားနည်း ၁၈ နည်းကို စုစုပေါင်းသင်တန်းသား ၁၈၆၅ ဦးတက်ရောက်ခဲ့ပါကြောင်း၊ လူငယ်လူရွယ် များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိ အသုံးချတတစေရေး၊ အားကစားနည်း တစ်ရပ်ရပ် ကို အခြေခံမှစ၍ လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသည့် အားကစား သမားကောင်းများ၊ နိုင်ငံ့သားကောင်း/သမီးကောင်းများဖြစ်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးစသည့် မြင့်မားသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ် ဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်ပညာရေးပေါင်းစပ်သည့် အဓိကအစီအမံတစ်ရပ်ကို ဖော်ဆောင် ခြင်းလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ထူးချွန်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရေးကို ရည်မှန်းပြီး သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသားလူငယ်မောင်မယ်များ အနေဖြင့်လည်း သင်တန်းကထိုက်သင့်သလောက် လေ့လာဆည်းပူးမိသည့် နည်းစနစ်၊ ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစားနည်းပညာရပ်များကို သင်တန်းပြီးဆုံးသွားသော်လည်း ဆက်လက် လေ့လာလိုက်စားကြရန်နှင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်ကိုယ်စားပြုအားကစားသမားများမှတဆင့် နိုင်ငံ့ ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင်ဆက်လက်ကြိုးစားသွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ပြေးခုန်ပစ်၊ အေးရိုးပစ်၊ ခရစ်ကတ်၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ ရိုးရာလက်ဝှေ့၊ ဟော်ကီ၊ စက်ဘီးစသည့်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အသီးသီးတို့မှ ဆုချီးမြှင့်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် သင်တန်းသား/ သူများအား လိုက်လံ နှုတ်ဆက်ကြပြီး တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးကြ ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 42 guests and no members online

Latest Updates