ရှမ်းပြည်နယ်သတင်းများ

စိုက္ပ်ိဳးရာသီစတင္ေတာ့မည္ျဖစ္၍ စိုက္ပ်ိဳးရာသီအစတြင္ လုပ္ေဆာင္ရန္အတြက္ ေဆြးေႏြးပြဲျပဳလုပ္

ေတာင္ႀကီး ဧၿပီ - ၅

70

ရွမ္းျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးႏွင့္ ျပည္နယ္/ ခ႐ိုင္/ ၿမိဳ႕နယ္၊ ၿမိဳ႕ႏွင့္ ၿခံမ်ား၏ လုပ္ငန္း ၫွိႏႈိင္းႏွင့္ ေတြ႕ဆုံပြဲကို ဧၿပီ ၄ ရက္ ညေန ၃ နာရီက ေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္ဦးစီးမႉး႐ုံးအစည္းအေဝးခန္းမ၌က်င္းပသည္။

စိုက္ပ်ိဳးရာသီတြင္ မ်ိဳးေစ့ထုတ္လုပ္ငန္းမ်ားကို စပါးသီးႏွံသာမက ပဲပုပ္ႏွင့္ အျခားသီးႏွံမ်ားကိုလည္း ပီပီျပင္ျပင္ စိုက္ပ်ိဳးၾကရန္လိုအပ္ပါေၾကာင္း၊ RS to CS မ်ိဳးသန္႔ပြားမ်ားျခင္းလုပ္ငန္းမ်ား၊ ခ႐ိုင္/ၿမိဳ႕နယ္အဆင့္ ဘက္စုံနည္းပညာသုံး စံျပ ေက်း႐ြာမ်ားကိုလည္း ထိထိေရာက္ေရာက္ပိုမိုတိုးခ်ဲ႕လုပ္ကိုင္ၾကရန္ႏွင့္ ဘက္စုံနည္းပညာသုံး စံျပ ေက်း႐ြာေဆာင္႐ြက္ရာတြင္ ၂၀၁၉-၂၀၂၀ ခုႏွစ္အတြက္ (၁)ခ႐ိုင္ (၂)႐ြာျဖင့္ (၂၄)႐ြာ၊ (၁)ၿမိဳ႕နယ္(၁)႐ြာျဖင့္ ေက်း႐ြာ(၅၀)၊ စုစုေပါင္း (၇၄)႐ြာကို ထပ္မံ ေ႐ြးခ်ယ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ေဆာင္႐ြက္ၿပီးခဲ့သည့္ ေက်း႐ြာမ်ားတြင္ ကၽြမ္းက်င္ေတာင္သူမ်ား ရွိေနၿပီ ျဖစ္သည့္အတြက္ လုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ရန္ ပညာေပးစည္း႐ုံးရန္လိုအပ္ပါေၾကာင္း၊ GAP အသိအမွတ္ျပဳ လက္မွတ္ရရွိရန္ ေဆာင္႐ြက္ရာတြင္ သီးႏွံစိုက္ေတာင္သူမ်ားသာမက စိုက္ပ်ိဳးေရးၿခံမ်ားကိုလည္း GAP လက္မွတ္ရရွိေအာင္ ေဆာင္႐ြက္သြားၾကရန္လိုပါေၾကာင္း၊ မ်ိဳးေကာင္းမ်ိဳးသန္႔ ပ်ိဳးပင္ျဖန္႔ျဖဴးႏိုင္ေရးအတြက္ အစားထိုးသီးႏွံစိုက္ပ်ိဳးသည့္ ၿမိဳ႕နယ္ မ်ားတြင္ ပ်ိဳးစင္မ်ား ျပဳလုပ္ေဆာင္႐ြက္ထားသလို အျခားေဒသမ်ားတြင္လည္း သရက္၊ ေကာ္ဖီ၊ လက္ဖက္ကဲ့သို႔ မ်ိဳးေကာင္းမ်ိဳးသန္႔ ပ်ိဳးပင္မ်ားကို ေတာင္သူမ်ားထံသို႔ ေရာက္ရွိေအာင္ ျဖန္႔ျဖဴးေပးသြားရန္ လိုအပ္ပါေၾကာင္း၊ စားသုံးသူေရးရာ ဦးစီးဌာနႏွင့္ပူးေပါင္းၿပီး ဓါတ္ေျမၾသဇာ၊ ပိုးသတ္ေဆးအေရာင္းဆိုင္မ်ားကို စစ္ေဆးသည့္အခါ ႀကဳံေတြ႕ရသည့္ အခက္အခဲမ်ား လိုအပ္ခ်က္မ်ားကို ျပန္လည္တင္ျပေပးၾကရန္ႏွင့္ SGA ေတာင္သူအစုအဖြဲ႕မ်ား၊ Contract Farming လုပ္ငန္းမ်ား၊ Project  ျဖင့္ေဆာင္႐ြက္ေနေသာ NGO, INGOလုပ္ငန္းမ်ားကိုလည္း ပီပီျပင္ျပင္ေဆာင္႐ြက္သြားၾကရန္ မွာၾကားလိုေၾကာင္း ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္က ေျပာၾကားသြားသည္။

ဆက္လက္၍ ျပည္နယ္ဦးစီးမႉး ဦးတင္ဦးႀကိဳင္က လုပ္ငန္းဆိုင္ရာေဆာင္႐ြက္မႈမ်ား ရွင္းလင္းတင္ျပၿပီး၊ ေတာင္ႀကီးၿမိဳ႕နယ္ ေညာင္စဥ္ေက်း႐ြာဥကၠဌ ဦးခြန္ခ်မ္းသာမွ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၉ ရက္ေန႔တြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား တင္ျပမည့္ ျမန္မာဆယ္မားအူးလ္အြန္ဒုံ ေက်း႐ြာသစ္စီမံကိန္း ေအာင္ျမင္မႈ အေျခအေန မ်ားအား တာဝန္ရွိသူတစ္ဦးမွ ရွင္းလင္းတင္ျပေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09250132943

+Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စိုက်ပျိုးရာသီစတင်တော့မည်ဖြစ်၍ စိုက်ပျိုးရာသီအစတွင် လုပ်ဆောင်ရန်အတွက် ဆွေးနွေးပွဲပြုလုပ်

တောင်ကြီး ဧပြီ - ၅

ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်၊ မြို့နှင့် ခြံများ၏ လုပ်ငန်း ညှိနှိုင်းနှင့် တွေ့ဆုံပွဲကို ဧပြီ ၄ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

စိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ်လုပ်ငန်းများကို စပါးသီးနှံသာမက ပဲပုပ်နှင့် အခြားသီးနှံများကိုလည်း ပီပီပြင်ပြင် စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း၊ RS to CS မျိုးသန့်ပွားများခြင်းလုပ်ငန်းများ၊ ခရိုင်/မြို့နယ်အဆင့် ဘက်စုံနည်းပညာသုံး စံပြ ကျေးရွာများကိုလည်း ထိထိရောက်ရောက်ပိုမိုတိုးချဲ့လုပ်ကိုင်ကြရန်နှင့် ဘက်စုံနည်းပညာသုံး စံပြ ကျေးရွာဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် (၁)ခရိုင် (၂)ရွာဖြင့် (၂၄)ရွာ၊ (၁)မြို့နယ်(၁)ရွာဖြင့် ကျေးရွာ(၅၀)၊ စုစုပေါင်း (၇၄)ရွာကို ထပ်မံ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးခဲ့သည့် ကျေးရွာများတွင် ကျွမ်းကျင်တောင်သူများ ရှိနေပြီ ဖြစ်သည့်အတွက် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ပညာပေးစည်းရုံးရန်လိုအပ်ပါကြောင်း၊ GAP အသိအမှတ်ပြု လက်မှတ်ရရှိရန် ဆောင်ရွက်ရာတွင် သီးနှံစိုက်တောင်သူများသာမက စိုက်ပျိုးရေးခြံများကိုလည်း GAP လက်မှတ်ရရှိအောင် ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ မျိုးကောင်းမျိုးသန့် ပျိုးပင်ဖြန့်ဖြူးနိုင်ရေးအတွက် အစားထိုးသီးနှံစိုက်ပျိုးသည့် မြို့နယ် များတွင် ပျိုးစင်များ ပြုလုပ်ဆောင်ရွက်ထားသလို အခြားဒေသများတွင်လည်း သရက်၊ ကော်ဖီ၊ လက်ဖက်ကဲ့သို့ မျိုးကောင်းမျိုးသန့် ပျိုးပင်များကို တောင်သူများထံသို့ ရောက်ရှိအောင် ဖြန့်ဖြူးပေးသွားရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့်ပူးပေါင်းပြီး ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးအရောင်းဆိုင်များကို စစ်ဆေးသည့်အခါ ကြုံတွေ့ရသည့် အခက်အခဲများ လိုအပ်ချက်များကို ပြန်လည်တင်ပြပေးကြရန်နှင့် SGA တောင်သူအစုအဖွဲ့များ၊ Contract Farming လုပ်ငန်းများ၊ Project  ဖြင့်ဆောင်ရွက်နေသော NGO, INGOလုပ်ငန်းများကိုလည်း ပီပီပြင်ပြင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်က လုပ်ငန်းဆိုင်ရာဆောင်ရွက်မှုများ ရှင်းလင်းတင်ပြပြီး၊ တောင်ကြီးမြို့နယ် ညောင်စဉ်ကျေးရွာဥက္ကဌ ဦးခွန်ချမ်းသာမှ ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တင်ပြမည့် မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်း အောင်မြင်မှု အခြေအနေ များအား တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 56 guests and no members online

Latest Updates