ရှမ်းပြည်နယ်သတင်းများ

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၄)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (စတုတၳေန႔) က်င္းပ

ေတာင္ႀကီး ဧၿပီ

71

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၄)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး(စတုတၳေန႔)ကို ဧၿပီ ၅ ရက္ နံနက္ ၁၀နာရီက ရွမ္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္း သိရသည္။

ပထမဦးစြာ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစိုင္းလုံးဆိုင္က အစည္းအေဝးတြင္ တက္ေရာက္ခြင့္ရွိသူ လႊတ္ေတာ္ကိုယ္စားလွယ္(၁၄၀) ဦးရွိသည့္အနက္ ခြင့္ပန္ၾကားသူ (၉)ဦးရွိၿပီး အစည္းအေဝးသို႔ (၁၃၁)ဦး တက္ေရာက္သျဖင့္(၉၃.၅၇) ရာခိုင္ႏႈန္းရွိေသာေၾကာင့္ အစည္းအေဝးအထေျမာက္ေၾကာင္းႏွင့္ စတုတၳေန႔ အစည္းအေဝး စတင္က်င္းပေၾကာင္း သိရသည္။

ဆက္လက္၍ အစည္းအေဝးမတက္ေရာက္ႏိုင္ေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၉)ဦး တို႔အတြက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား စိစစ္ေရးေကာ္မတီဥကၠ႒ နမ့္စန္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြက ခြင့္ပန္ၾကားၿပီး ျပည္နယ္လႊတ္ေတာ္ မွသေဘာတူေၾကာင္းႏွင့္ အစည္းအေဝးအထေျမာက္မႈကိုလႊတ္ေတာ္က အတည္ျပဳေၾကာင္း ေၾကညာသည္။

ထို႔ေနာက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၈) ဦးမွ ၾကယ္ပြင့္ျပေမးခြန္း(၁၀)ခု ေမျမန္း ေၾကာင္းႏွင့္ မိုင္းဆတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းဝင္းက ဥပေဒႏွင့္အညီ တင္သြင္းထားေသာ ဒုတိယအႀကိမ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္သည့္ ဥပေဒ မူၾကမ္းအား ဂုဏ္ယူဝမ္းေျမာက္ ႀကိဳဆိုေၾကာင္း အေရးတႀကီးအဆိုကို နမ့္ဆန္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂)ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ထြဏ္း၊ မိုင္းပန္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေနာင့္၊ တပ္မေတာ္သားျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္ႀကီးေတဇာေအာင္၊ ပင္ေလာင္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခြန္လွဆန္း၊ တပ္မေတာ္သားျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးေက်ာ္ေက်ာ္ႏိုင္၊ လြိဳင္လင္ ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခြန္တီေဂါလ္တို႔မွ အဆိုကိုေထာက္ခံ ေၾကာင္းေဆြးေႏြးၿပီး ကေလာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္ ႏွင့္ မဘိမ္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂)ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းမင္းသိန္းတို႔က မွတ္တမ္းအျဖစ္ထားရွိေပးရန္ အသီးသီးေဆြးေႏြးၾကၿပီး ယင္းအဆိုကို လႊတ္ေတာ္၏ အဆုံးအျဖတ္ရယူရာ လႊတ္ေတာ္က သေဘာတူေၾကာင္းႏွင့္ အဆိုကိုအတည္ျပဳေၾကာင္း ျပည္နယ္လႊတ္ေတာ္ဥကၠ႒က ေၾကျငာသည္။

၎ေနာက္ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစိုင္းလုံးဆိုင္က ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၄)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးေဆာင္႐ြက္ခ်က္မ်ားအပါအဝင္ လႊတ္ေတာ္လုပ္ငန္းဆိုင္ရာမ်ားအား ရွင္းလင္းတင္ျပၿပီး၊ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၄)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (စတုတၳေန႔) အစီအစဥ္ၿပီးေျမာက္ေၾကာင္းသိရွိရသည္။

အဆိုပါအစည္းအေဝးသို႔ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္တရား လႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠ႒၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္ စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သားကိုယ္စားလွယ္မ်ားႏွင့္ ေလ့လာသူ မ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပ

တောင်ကြီး ဧပြီ

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ဧပြီ ၅ ရက် နံနက် ၁၀နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၁၄၀) ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ (၉)ဦးရှိပြီး အစည်းအဝေးသို့ (၁၃၁)ဦး တက်ရောက်သဖြင့်(၉၃.၅၇) ရာခိုင်နှုန်းရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၉)ဦး တို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော် မှသဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကိုလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၈) ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု မေမြန်း ကြောင်းနှင့် မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ဥပဒေနှင့်အညီ တင်သွင်းထားသော ဒုတိယအကြိမ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေ မူကြမ်းအား ဂုဏ်ယူဝမ်းမြောက် ကြိုဆိုကြောင်း အရေးတကြီးအဆိုကို နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်း၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးတေဇာအောင်၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်ကျော်နိုင်၊ လွိုင်လင် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်တီဂေါလ်တို့မှ အဆိုကိုထောက်ခံ ကြောင်းဆွေးနွေးပြီး ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် နှင့် မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းသိန်းတို့က မှတ်တမ်းအဖြစ်ထားရှိပေးရန် အသီးသီးဆွေးနွေးကြပြီး ယင်းအဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်းနှင့် အဆိုကိုအတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေငြာသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး၊ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစီအစဉ်ပြီးမြောက်ကြောင်းသိရှိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူ များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 240 guests and no members online

Latest Updates