အျပည္ျပည္ဆိုင္ရာ စစ္တုရင္ႏွင့္ ျမန္မာ့႐ိုးရာစစ္တုရင္ၿပိဳင္ပြဲက်င္းပ

မူဆယ္ ဧၿပီ - ၈

72

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္ တစ္ခြင္ အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္ အျပည္ျပည္ဆိုင္ရာစစ္တုရင္ႏွင့္ ျမန္မာ့႐ိုးရာစစ္တုရင္ၿပိဳင္ပြဲ ကို ဧၿပီ  ၇ ရက္က က်င္းပခဲ့ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရး ဝန္ႀကီးေဒါက္တာ မ်ိဳးထြန္းက အဖြင့္အမွာစကား ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ စစ္တုရင္ၿပိဳင္ပြဲအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္တို႔မွ စစ္တုရင္ကြက္အား စတင္ေ႐ြ႕၍ ဖြင့္လွစ္ေပးခဲ့ေၾကာင္းသိရသည္။

အဆိုပါ စစ္တုရင္ၿပိဳင္ပြဲတြင္ ၿမိဳ႕နယ္ (၄၅)ၿမိဳ႕နယ္မွ အားကစားသမား (၂၃၅)ဦး ပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္းသိရသည္။

အစရ(ရွမ္း)

 

Unicode++++++++++++++++++++++++++++++++++++++++++++

မူဆယ် ဧပြီ - ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည် တစ်ခွင် အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အပြည်ပြည်ဆိုင်ရာစစ်တုရင်နှင့် မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲ ကို ဧပြီ  ၇ ရက်က ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာ မျိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စစ်တုရင်ပြိုင်ပွဲအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့မှ စစ်တုရင်ကွက်အား စတင်ရွေ့၍ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲတွင် မြို့နယ် (၄၅)မြို့နယ်မှ အားကစားသမား (၂၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)