ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွဘန္းကန္စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ အသက္ေမြးမႈအတတ္သင္စခန္းအားျမန္မာႏွစ္သစ္ကူးအလႉ သြားေရာက္လႉဒါန္း

ေတာင္ႀကီး ဧၿပီ - ၁၈

75

ရွမ္းျပည္နယ္အစိုးရအဖြဲ႕အဖြဲ႕ဝင္မ်ား၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၏ ျမန္မာႏွစ္သစ္ကူးအလႉကိုျပည္ထဲေရး ဝန္ႀကီးဌာန၊ အက်ဥ္းဦးစီးဌာန ဘန္းကန္စိုက္မ်ိဳးေမြးျမဴေရးႏွင့္ အသက္ေမြးမႈအတတ္သင္စခန္းသို႔ ဧၿပီ(၁၇)ရက္ နံနက္(၈)နာရီခြဲက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ ျပည္နယ္လၽွပ္စစ္စြမ္းအင္ႏွင့္စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံ၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉးႏွင့္ တာဝန္ရွိသူ မ်ားသြားေရာက္လႉဒါန္းေပးၾကေၾကာင္း သိရသည္။ 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျမန္မာႏွစ္သစ္ကူးစကားေျပာၾကားရာ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔မွာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အဖြဲ႕ဝင္မ်ား မိတ္ေဆြတို႔ထံလာေရာက္ျခင္းသည္ စားေသာက္ ေနထိုင္ေရးတြင္အခက္အခဲရွိေနသည့္ မိတ္ေဆြတို႔ကို တတ္ႏိုင္သမၽွကူညီျဖည့္ဆည္းလႉဒါန္းေပးမယ္ဆိုသည့္ ေစတနာျဖင့္ လာေရာက္ျခင္းျဖစ္ေၾကာင္း၊ အလုပ္ မွား၊ အေျပာမွား၊ အေတြးမွား၊ အႀကံမွား၊ အေနမွားစသျဖင့္တစ္ခုခုေသာ အမွားတို႔ကို မိတ္ေဆြတို႔ျပဳမိသည့္အတြက္ ထိုက္သင့္ေသာျပစ္ဒဏ္မ်ားကိုတရား႐ုံးက စီရင္ခ်မွတ္ခဲ့ၿပီး ေထာင္ႏွင့္စခန္းအသီးသီးတြင္ ဒီျပစ္ဒဏ္မ်ားကိုမိတ္ေဆြတို႔ေပးဆပ္လ်က္ရွိၿပီး ျပစ္ဒဏ္ခံအက်ဥ္းသားေတြသည္ႏိုင္ငံသားမ်ားျဖစ္၍ ျပစ္ဒဏ္ကာလ ၿပီးဆုံးသည့္အခါ လူမႈ႔ပတ္ဝန္းက်င္တြင္ ျပန္လည္ေနထိုင္ရွင္သန္လႈပ္ရွားၾကမည့္သူမ်ားျဖစ္သည့္အတြက္ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားက မိတ္ေဆြတို႔အတြက္ေနထိုင္ဝတ္စား စားေသာက္ေရးတြင္အေကာင္းဆုံးျဖစ္ေအာင္ စီစဥ္ေပးထားပါေၾကာင္း၊ ျပစ္ဒဏ္ က်ခံျခင္းဆိုသည့္သေဘာသဘာဝအရ ေနေရးစားေရးတြင္အခက္ႀကဳံ ေနရသည့္မိတ္ေဆြတို႔ကို ျဖည့္ဆည္းလႉဒါန္း ေပးမႈသည္တစိတ္တပိုင္းေတာ့ အေထာက္အပံ့ျဖစ္ေစမည္ဟုယုံၾကည္ပါေၾကာင္း၊ အက်ိဳးလိုလို႔လႉတာမ်ိဳး မဟုတ္ေပမယ့္ မိတ္ေဆြမ်ားက သီလဂုဏ္၊ သမာဓိဂုဏ္ျမင့္မားေအာင္က်င့္ႀကံ ေနထိုင္မည္ဆိုပါကလႉရသူအတြက္ကု သိုလ္ထူးၿပီး စခန္းတြင္ရွိေနစဥ္ စခန္းကခ်မွတ္သည့္စည္းကမ္း လိုက္နာမည္၊ ေပးသည့္တာဝန္ေက်ေအာင္ထမ္းေဆာင္မည္၊ အသက္ေမြး ပညာ ရသေလာက္သင္ယူသြားမည္၊ ျပစ္ဒဏ္ကာလၿပီးဆုံးလို႔အိမ္ျပန္ေရာက္သြားပါက တရားဥပေဒကိုေလးစာလိုက္နာ၍ ေကာင္းေရာင္းေကာင္းဝယ္အသက္ေမြးျခင္း၊ ႏိုင္ငံသားတစ္ေယာက္၏ တာဝန္ေက်ပြန္မည္ဆိုပါက မိတ္ေဆြတို႔ဂုဏ္ျမင့္မား ေနၿပီးလႉသူမ်ား ကုသိုလ္အက်ိဳးထူးမည္ျဖစ္ေၾကာင္း၊ တစ္ႀကိမ္တစ္ခါမွားခဲ့သည့္ျပစ္ဒဏ္ကို ေပးဆပ္ၿပီးသည့္အခါထပ္မမွား ၾကရန္ႏွင့္လူေကာင္းသူေကာင္းအျဖစ္ႏွင့္ ဆက္လက္ရွင္သန္အသက္ေမြးၾကရန္ ေျပာၾကားသြားေၾကာင္းသိရသည္။ 

ဆက္လက္၍ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက အက်ဥ္းသား မ်ားအားစားေသာက္စရာမ်ား၊ ေဆးပစၥည္းမ်ား၊ ေရသုံးဆပ္ျပာ၊ ဘာလေခ်ာင္တို႔ကိုေပးအပ္လႉဒါန္းေပးၾကၿပီး၊ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူမ်ားမွ ဘန္းကန္စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ အသက္ေမြးမႈအတတ္သင္စခန္းမ်ား ေဆးပစၥည္းမ်ား၊ စားစရာမ်ားလႉဒါန္းေပးၾကရာ အက်ဥ္းဦးစီးမွတာဝန္ရွိသူမ်ားက လက္ခံရယူၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ ရွိသူမ်ားကအက်ဥ္းသားမ်ား၊ အိပ္ေဆာင္မ်ားမီးဖိုေဆာင္မ်ားႏွင့္ အစားအေသာကေကၽြးေမြးမႈ တို႔ကိုလွည့္လည္ၾကည့္႐ႈ ၾကေၾကာင္းသိရွိရသည္။

 ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09 250132943

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှဘန်းကန်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအားမြန်မာနှစ်သစ်ကူးအလှူ သွားရောက်လှူဒါန်း

တောင်ကြီး ဧပြီ - ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ မြန်မာနှစ်သစ်ကူးအလှူကိုပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ဘန်းကန်စိုက်မျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသို့ ဧပြီ(၁၇)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူ များသွားရောက်လှူဒါန်းပေးကြကြောင်း သိရသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနှစ်သစ်ကူးစကားပြောကြားရာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အဖွဲ့ဝင်များ မိတ်ဆွေတို့ထံလာရောက်ခြင်းသည် စားသောက် နေထိုင်ရေးတွင်အခက်အခဲရှိနေသည့် မိတ်ဆွေတို့ကို တတ်နိုင်သမျှကူညီဖြည့်ဆည်းလှူဒါန်းပေးမယ်ဆိုသည့် စေတနာဖြင့် လာရောက်ခြင်းဖြစ်ကြောင်း၊ အလုပ် မှား၊ အပြောမှား၊ အတွေးမှား၊ အကြံမှား၊ အနေမှားစသဖြင့်တစ်ခုခုသော အမှားတို့ကို မိတ်ဆွေတို့ပြုမိသည့်အတွက် ထိုက်သင့်သောပြစ်ဒဏ်များကိုတရားရုံးက စီရင်ချမှတ်ခဲ့ပြီး ထောင်နှင့်စခန်းအသီးသီးတွင် ဒီပြစ်ဒဏ်များကိုမိတ်ဆွေတို့ပေးဆပ်လျက်ရှိပြီး ပြစ်ဒဏ်ခံအကျဉ်းသားတွေသည်နိုင်ငံသားများဖြစ်၍ ပြစ်ဒဏ်ကာလ ပြီးဆုံးသည့်အခါ လူမှု့ပတ်ဝန်းကျင်တွင် ပြန်လည်နေထိုင်ရှင်သန်လှုပ်ရှားကြမည့်သူများဖြစ်သည့်အတွက် အုပ်ချုပ်ရေး တာဝန်ရှိသူများက မိတ်ဆွေတို့အတွက်နေထိုင်ဝတ်စား စားသောက်ရေးတွင်အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးထားပါကြောင်း၊ ပြစ်ဒဏ် ကျခံခြင်းဆိုသည့်သဘောသဘာဝအရ နေရေးစားရေးတွင်အခက်ကြုံ နေရသည့်မိတ်ဆွေတို့ကို ဖြည့်ဆည်းလှူဒါန်း ပေးမှုသည်တစိတ်တပိုင်းတော့ အထောက်အပံ့ဖြစ်စေမည်ဟုယုံကြည်ပါကြောင်း၊ အကျိုးလိုလို့လှူတာမျိုး မဟုတ်ပေမယ့် မိတ်ဆွေများက သီလဂုဏ်၊ သမာဓိဂုဏ်မြင့်မားအောင်ကျင့်ကြံ နေထိုင်မည်ဆိုပါကလှူရသူအတွက်ကု သိုလ်ထူးပြီး စခန်းတွင်ရှိနေစဉ် စခန်းကချမှတ်သည့်စည်းကမ်း လိုက်နာမည်၊ ပေးသည့်တာဝန်ကျေအောင်ထမ်းဆောင်မည်၊ အသက်မွေး ပညာ ရသလောက်သင်ယူသွားမည်၊ ပြစ်ဒဏ်ကာလပြီးဆုံးလို့အိမ်ပြန်ရောက်သွားပါက တရားဥပဒေကိုလေးစာလိုက်နာ၍ ကောင်းရောင်းကောင်းဝယ်အသက်မွေးခြင်း၊ နိုင်ငံသားတစ်ယောက်၏ တာဝန်ကျေပွန်မည်ဆိုပါက မိတ်ဆွေတို့ဂုဏ်မြင့်မား နေပြီးလှူသူများ ကုသိုလ်အကျိုးထူးမည်ဖြစ်ကြောင်း၊ တစ်ကြိမ်တစ်ခါမှားခဲ့သည့်ပြစ်ဒဏ်ကို ပေးဆပ်ပြီးသည့်အခါထပ်မမှား ကြရန်နှင့်လူကောင်းသူကောင်းအဖြစ်နှင့် ဆက်လက်ရှင်သန်အသက်မွေးကြရန် ပြောကြားသွားကြောင်းသိရသည်။ 

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အကျဉ်းသား များအားစားသောက်စရာများ၊ ဆေးပစ္စည်းများ၊ ရေသုံးဆပ်ပြာ၊ ဘာလချောင်တို့ကိုပေးအပ်လှူဒါန်းပေးကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဘန်းကန်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ ဆေးပစ္စည်းများ၊ စားစရာများလှူဒါန်းပေးကြရာ အကျဉ်းဦးစီးမှတာဝန်ရှိသူများက လက်ခံရယူပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန် ရှိသူများကအကျဉ်းသားများ၊ အိပ်ဆောင်များမီးဖိုဆောင်များနှင့် အစားအသောကကျွေးမွေးမှု တို့ကိုလှည့်လည်ကြည့်ရှု ကြကြောင်းသိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး) 

09 250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 65 guests and no members online