ရှမ်းပြည်နယ်သတင်းများ

အင္းေလးေခါင္တိုင္ လူရည္ခၽြန္စခန္းဖြင့္လွစ္

ေညာင္ေ႐ႊ ေမ - ၁

83

၂၀၁၉ ခုႏွစ္အင္းေလးေခါင္တိုင္ လူရည္ခၽြန္စခန္းကို ေမ ၁ ရက္ နံနက္ပိုင္းက ေညာင္ေ႐ႊၿမိဳ႕နယ္၊ အေျခခံပညာ အထက္တန္းေက်ာင္း(ေခါင္တိုင္)၌က်င္းပသည္။

၂၀၁၉ ခုႏွစ္အင္းေလးေခါင္တိုင္ လူရည္ခၽြန္စခန္းအား ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစိုင္းလုံးဆိုင္၊ ပညာေရးဝန္ႀကီး ဌာန ဒုတိယျပည္ေထာင္စုဝန္ႀကီး ဦးဝင္းေမာ္ထြန္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းႏွင့္ ရွမ္းျပည္နယ္ ျပည္နယ္ပညာေရး ၫႊန္ၾကားေရးမႉး၊ အင္းေလးေခါင္တိုင္လူရည္ခၽြန္စခန္းမႉး ဦးဝင္းေမာင္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။

ဆက္လက္၍ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္႔စင္ေမာင္၊ လၽွပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္တို႔က ၂၀၁၉ ခုႏွစ္အင္းေလးေခါင္တိုင္ လူရည္ခၽြန္စခန္းဆိုင္းဘုတ္အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးၾကသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေအးခ်မ္းသာယာလွပေသာ ကၽြန္ေတာ္တို႔၏ ကေမၻာဇေျမေတာင္ေပၚေဒသတြင္ လူရည္ခၽြန္စခန္းတစ္ခုဖြင့္လွစ္ေပးခဲ့သည့္ ပညာေရးဝန္ႀကီးဌာနကို မ်ားစြာေက်းဇူးတင္ရွိ ပါေၾကာင္း၊ လူရည္ခၽြန္ေမာင္မယ္မ်ားႏွင့္ ႀကီးၾကပ္သူဆရာ/ဆရာမမ်ားကိုလည္း ရွမ္းျပည္နယ္မွ လႈိက္လွဲစြာ ႀကိဳဆိုပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရသစ္လက္ထက္တြင္ ထူးခၽြန္ထက္ျမက္ေသာ လူရည္ခၽြန္ေမာင္မယ္မ်ားကို ဂုဏ္ျပဳရန္ လက္ခံေဆာင္႐ြက္ခြင့္ ရရွိခဲ့မႈသည္ ေလးႀကိမ္ရွိခဲ့ၿပီးျဖစ္၍ ဝမ္းေျမာက္ဂုဏ္ယူမိပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ အင္းေလးေခါင္တိုင္ လူရည္ခၽြန္စခန္းကို လာေရာက္ကာ ဗဟုသုတရွာမွီးၾကရင္း ေဒသခံတိုင္းရင္းသား မိဘျပည္သူညီအစ္ကိုေမာင္ႏွမမ်ား၏ စီးပြားေရး၊ လူမႈေရး၊ ႐ိုးရာဓေလ့ထုံးစံမ်ားႏွင့္တကြ ကေမၻာဇေဒသ သဘာဝအလွတရားမ်ားကိုလည္း လူရည္ခၽြန္ေမာင္မယ္မ်ား အေနႏွင့္ ေလ့လာၾကည့္႐ႈခံစားခြင့္မ်ား ရရွိႏိုင္မွာျဖစ္ေၾကာင္း၊ လူရည္ခၽြန္တစ္ႀကိမ္ျဖစ္ခဲ့ဖူးလၽွင္ ထာဝရလူရည္ခၽြန္ျဖစ္ေန ပါသည္ဟူေသာ လူရည္ခၽြန္ခံယူခ်က္စိတ္ေနစိတ္ထားမ်ားကို ထာဝရထိန္းသိမ္းထားၾကၿပီး ႏိုင္ငံ့အက်ိဳး၊ လူမ်ိဳးအက်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာအက်ိဳးတို႔ကို ကိုယ္စြမ္းရွိသမၽွ၊ ဉာဏ္စြမ္းရွိသမၽွ၊ ဝီရိယစြမ္းအားရွိသမၽွ သယ္ပိုးထမ္းေဆာင္ၾကရန္ တိုက္တြန္း ေျပားၾကားသြားသည္။

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က လူရည္ခၽြန္ေက်ာင္းသားမ်ားကိုယ္စား ေက်ာင္းသားတစ္ဦး အား ရင္ထိုးတံဆိပ္ေပးအပ္၍လည္းေကာင္း၊ ဆက္လက္၍ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္႔စင္ေမာင္၊ လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးဟန္ေဇာ္၊ ပညာေရးဝန္ႀကီးဌာန ဒုတိယျပည္ေထာင္စုဝန္ႀကီး ဦးဝင္းေမာ္ထြန္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းတို႔မွ လူရည္ခၽြန္ေက်ာင္းသား/သူမ်ားကိုယ္စား လူရည္ခၽြန္ေမာင္မယ္ ၅ ဦး အား ရင္ထိုးတံဆိပ္မ်ား အသီးသီးေပးအပ္ခဲ့ၿပီး၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားအား ၂၀၁၉ ခုႏွစ္အင္းေလးေခါင္တိုင္ လူရည္ခၽြန္စခန္းဖြင့္ပြဲ အထိမ္းအမွတ္လက္ေဆာင္မ်ားကို ရွမ္းျပည္နယ္ ျပည္နယ္ပညာေရး ၫႊန္ၾကားေရးမႉး၊ အင္းေလးေခါင္တိုင္ လူရည္ခၽြန္စခန္းမႉး ဦးဝင္းေမာင္ႏွင့္ လူရည္ခၽြန္ ၁၉၆၄-၈၈ အဖြဲ႕က လက္ေဆာင္ပစၥည္းမ်ားကို ေနရာ အေရာက္ေပးအပ္ခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

Uni+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်လှစ်

ညောင်ရွှေ မေ - ၁

၂၀၁၉ ခုနှစ်အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို မေ ၁ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(ခေါင်တိုင်)၌ကျင်းပသည်။

၂၀၁၉ ခုနှစ်အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းအား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပညာရေးဝန်ကြီး ဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းနှင့် ရှမ်းပြည်နယ် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး၊ အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က ၂၀၁၉ ခုနှစ်အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အေးချမ်းသာယာလှပသော ကျွန်တော်တို့၏ ကမ္ဘောဇမြေတောင်ပေါ်ဒေသတွင် လူရည်ချွန်စခန်းတစ်ခုဖွင့်လှစ်ပေးခဲ့သည့် ပညာရေးဝန်ကြီးဌာနကို များစွာကျေးဇူးတင်ရှိ ပါကြောင်း၊ လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူဆရာ/ဆရာမများကိုလည်း ရှမ်းပြည်နယ်မှ လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရသစ်လက်ထက်တွင် ထူးချွန်ထက်မြက်သော လူရည်ချွန်မောင်မယ်များကို ဂုဏ်ပြုရန် လက်ခံဆောင်ရွက်ခွင့် ရရှိခဲ့မှုသည် လေးကြိမ်ရှိခဲ့ပြီးဖြစ်၍ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို လာရောက်ကာ ဗဟုသုတရှာမှီးကြရင်း ဒေသခံတိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများ၏ စီးပွားရေး၊ လူမှုရေး၊ ရိုးရာဓလေ့ထုံးစံများနှင့်တကွ ကမ္ဘောဇဒေသ သဘာဝအလှတရားများကိုလည်း လူရည်ချွန်မောင်မယ်များ အနေနှင့် လေ့လာကြည့်ရှုခံစားခွင့်များ ရရှိနိုင်မှာဖြစ်ကြောင်း၊ လူရည်ချွန်တစ်ကြိမ်ဖြစ်ခဲ့ဖူးလျှင် ထာဝရလူရည်ချွန်ဖြစ်နေ ပါသည်ဟူသော လူရည်ချွန်ခံယူချက်စိတ်နေစိတ်ထားများကို ထာဝရထိန်းသိမ်းထားကြပြီး နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး၊ ဘာသာ၊ သာသနာ၊ ပညာအကျိုးတို့ကို ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ဝီရိယစွမ်းအားရှိသမျှ သယ်ပိုးထမ်းဆောင်ကြရန် တိုက်တွန်း ပြေားကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လူရည်ချွန်ကျောင်းသားများကိုယ်စား ကျောင်းသားတစ်ဦး အား ရင်ထိုးတံဆိပ်ပေးအပ်၍လည်းကောင်း၊ ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်၊ ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ လူရည်ချွန်ကျောင်းသား/သူများကိုယ်စား လူရည်ချွန်မောင်မယ် ၅ ဦး အား ရင်ထိုးတံဆိပ်များ အသီးသီးပေးအပ်ခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများအား ၂၀၁၉ ခုနှစ်အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များကို ရှမ်းပြည်နယ် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး၊ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှူး ဦးဝင်းမောင်နှင့် လူရည်ချွန် ၁၉၆၄-၈၈ အဖွဲ့က လက်ဆောင်ပစ္စည်းများကို နေရာ အရောက်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 127 guests and no members online