ရှမ်းပြည်နယ်သတင်းများ

မိတၳီလာ- ကေလာ- ေတာင္ႀကီး လမ္းပိုင္း၊ ကေလာ-ေတာင္ႀကီးအပိုင္း အက်ယ္ ၄၈ ေပ ၄ လမ္းသြား ကတၱရာကြန္ကရိလမ္းဖြင့္ပြဲက်င္းပ

ကေလာ ေမ - ၁

84

ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရး ကုမၸဏီလီမိတက္ မိတၳီလာ-ကေလာ- ေတာင္ႀကီး လမ္းပိုင္း၊ ကေလာ-ေတာင္ႀကီးအပိုင္း အက်ယ္ ၄၈ ေပ ၄ လမ္းသြား ကတၱရာကြန္ကရိလမ္းဖြင့္ပြဲကို ေမ ၁ ရက္ နံနက္ပိုင္းက ကေလာတိုးဂိတ္၌ က်င္းပေၾကာင္းသိရသည္။

အခမ္းအနားတြင္ ေဆာက္လုပ္ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္မွ အမွာစကား ေျပာၾကားၿပီး၊  ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အာရွလမ္းမႀကီး အမွတ္(၂)ျဖစ္သည့္ မိတၳီလာ- ေတာင္ႀကီး- က်ိဳင္းတုံ- တာခ်ီလိတ္လမ္း(ကေလာ- ေတာင္ႀကီး လမ္းပိုင္း) အက်ယ္ ၄၈ ေပ ၄ လမ္းသြား ကတၱရာကြန္ကရိ AC လမ္းဖြင့္ပြဲကို ကမၻာ့ အလုပ္သမားေန႔ ေမေဒးတြင္ တိုက္ဆိုင္စြာဖြင့္လွစ္ရျခင္းျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္သည္ ဧရိယာစတုရန္း မိုင္ေပါင္း ၆ ေသာင္းေက်ာ္က်ယ္ဝန္းေသာ ျပည္နယ္တစ္ခုျဖစ္ၿပီး၊ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစရန္ အတြက္ လမ္းအဆင့္ျမႇင့္တင္ျခင္း၊ တံတားမ်ားတည္ေဆာက္ျခင္း၊ အေဆာက္အဦတည္ေဆာက္ျခင္း၊ လၽွပ္စစ္ ဓါတ္အားတိုးတက္ထုတ္လုပ္ျခင္း/ ျဖန္႔ျဖဴးေပးႏိုင္ေရးမ်ားစသည့္ အေျခခံအေဆာက္အဦမ်ားကို ဦးစားေပး ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ပို႔ေဆာင္ဆက္သြယ္ေရးက႑တြင္ လ်င္ျမန္သြက္လက္ေစရန္ လမ္းတံတား ေကာင္းမြန္ရန္လိုအပ္ၿပီး အခ်ိန္တိုအတြင္း မိမိပို႔ေဆာင္လိုသည့္ ဝန္စည္/ သြားလာလိုသည့္ခရီး ရည္မွန္းခ်က္ကို ေဘးကင္းလုံၿခဳံစိတ္ခ်စြာ အခ်ိန္နည္းနည္း ေငြေၾကးသက္သာစြာျဖင့္ေရာက္ရွိ၍ သြယ္ဝိုက္ စရိတ္မ်ား ေလ်ာ့နည္းေစမွာျဖစ္ေၾကာင္း၊ မိမိတို႔အစိုးရသစ္တာဝန္ယူခဲ့သည့္  ၃ႏွစ္တာကာလတြင္ ရွမ္းျပည္နယ္အတြင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနရွိ ဦးစီးဌာန ၅ ခုက ေဆာင္႐ြက္ႏိုင္ခဲ့သည့္ ဖြံ႕ၿဖိဳး တိုးတက္မႈအေနျဖင့္ AC လမ္းခင္းျခင္း (၁၁၆)မိုင္၊ ကတၱရာလမ္းသစ္ခင္းျခင္း (၄၇၇)မိုင္၊ ကြန္ကရိလမ္း ခင္းျခင္း(၁၉)မိုင္၊ အခိုင္အမာကြန္ကရိ တံတားႏွင့္ ေရႁပြန္တည္ေဆာက္ျခင္း (၂၆၇၀)စင္း၊ ရာသီမေ႐ြးအသုံး ျပဳႏိုင္ေသာ ေက်းလက္လမ္း (၂၁၇)မိုင္၊ ျပည္သူ႕ဝန္ထမ္းအိမ္ရာႏွင့္ အငွားအိမ္ရာ (၇၁၆)ခန္း၊ အေဆာက္ အဦ ဦးစီးဌာနသို႔ အပ္ႏွံေဆာင္႐ြက္ခဲ့ေသာ အေဆာက္အဦေပါင္း(၃၇၆)လုံး ေဆာင္႐ြက္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ High Land Road Construction Co.,Ltd ဥကၠ႒ ဦးစိုင္းဖီးလစ္ရီ မွ လမ္းပိုင္းကိစၥႏွင့္ ပတ္သက္၍ ဗြီဒီယိုမွတ္တမ္းျဖင့္ ရွင္းလင္းျပသသြားခဲ့ၿပီး၊ ကေလာ-ေတာင္ႀကီးအပိုင္း အက်ယ္ ၄၈ ေပ ၄ လမ္းသြား ကတၱရာကြန္ကရိလမ္း အဆင့္ျမႇင့္တင္တည္ေဆာက္ေပးျခင္းအတြက္ ေဒသခံျပည္သူတစ္ဦးမွ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားေၾကာင္းသိရသည္။

ထို႔ေနာက္ဖဲႀကိဳးျဖတ္ဖြင့္လွစ္မည့္ မုဒ္ဦးမ႑ပ္ေနရာသို႔ သြားေရာက္ေနရာယူကာ ကေလာ-ေတာင္ႀကီး လမ္းပိုင္းအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး ႏွင့္ တာဝန္ရွိသူအသီးသီးမွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ၿပီး လမ္းပိုင္းအား လွည့္လည္ၾကည့္႐ႈစစ္ေဆး ၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

UNicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မိတ္ထီလာ- ကလော- တောင်ကြီး လမ်းပိုင်း၊ ကလော-တောင်ကြီးအပိုင်း အကျယ် ၄၈ ပေ ၄ လမ်းသွား ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲကျင်းပ

ကလော မေ - ၁

တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် မိတ္ထီလာ-ကလော- တောင်ကြီး လမ်းပိုင်း၊ ကလော-တောင်ကြီးအပိုင်း အကျယ် ၄၈ ပေ ၄ လမ်းသွား ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲကို မေ ၁ ရက် နံနက်ပိုင်းက ကလောတိုးဂိတ်၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ဆောက်လုပ်ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်မှ အမှာစကား ပြောကြားပြီး၊  ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အာရှလမ်းမကြီး အမှတ်(၂)ဖြစ်သည့် မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်း(ကလော- တောင်ကြီး လမ်းပိုင်း) အကျယ် ၄၈ ပေ ၄ လမ်းသွား ကတ္တရာကွန်ကရိ AC လမ်းဖွင့်ပွဲကို ကမ္ဘာ့ အလုပ်သမားနေ့ မေဒေးတွင် တိုက်ဆိုင်စွာဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် ဧရိယာစတုရန်း မိုင်ပေါင်း ၆ သောင်းကျော်ကျယ်ဝန်းသော ပြည်နယ်တစ်ခုဖြစ်ပြီး၊ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် လမ်းအဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ အဆောက်အဦတည်ဆောက်ခြင်း၊ လျှပ်စစ် ဓါတ်အားတိုးတက်ထုတ်လုပ်ခြင်း/ ဖြန့်ဖြူးပေးနိုင်ရေးများစသည့် အခြေခံအဆောက်အဦများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် လျင်မြန်သွက်လက်စေရန် လမ်းတံတား ကောင်းမွန်ရန်လိုအပ်ပြီး အချိန်တိုအတွင်း မိမိပို့ဆောင်လိုသည့် ဝန်စည်/ သွားလာလိုသည့်ခရီး ရည်မှန်းချက်ကို ဘေးကင်းလုံခြုံစိတ်ချစွာ အချိန်နည်းနည်း ငွေကြေးသက်သာစွာဖြင့်ရောက်ရှိ၍ သွယ်ဝိုက် စရိတ်များ လျော့နည်းစေမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရသစ်တာဝန်ယူခဲ့သည့်  ၃နှစ်တာကာလတွင် ရှမ်းပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာန ၅ ခုက ဆောင်ရွက်နိုင်ခဲ့သည့် ဖွံ့ဖြိုး တိုးတက်မှုအနေဖြင့် AC လမ်းခင်းခြင်း (၁၁၆)မိုင်၊ ကတ္တရာလမ်းသစ်ခင်းခြင်း (၄၇၇)မိုင်၊ ကွန်ကရိလမ်း ခင်းခြင်း(၁၉)မိုင်၊ အခိုင်အမာကွန်ကရိ တံတားနှင့် ရေပြွန်တည်ဆောက်ခြင်း (၂၆၇၀)စင်း၊ ရာသီမရွေးအသုံး ပြုနိုင်သော ကျေးလက်လမ်း (၂၁၇)မိုင်၊ ပြည်သူ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ (၇၁၆)ခန်း၊ အဆောက် အဦ ဦးစီးဌာနသို့ အပ်နှံဆောင်ရွက်ခဲ့သော အဆောက်အဦပေါင်း(၃၇၆)လုံး ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ High Land Road Construction Co.,Ltd ဥက္ကဋ္ဌ ဦးစိုင်းဖီးလစ်ရီ မှ လမ်းပိုင်းကိစ္စနှင့် ပတ်သက်၍ ဗွီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြသသွားခဲ့ပြီး၊ ကလော-တောင်ကြီးအပိုင်း အကျယ် ၄၈ ပေ ၄ လမ်းသွား ကတ္တရာကွန်ကရိလမ်း အဆင့်မြှင့်တင်တည်ဆောက်ပေးခြင်းအတွက် ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရသည်။

ထို့နောက်ဖဲကြိုးဖြတ်ဖွင့်လှစ်မည့် မုဒ်ဦးမဏ္ဍပ်နေရာသို့ သွားရောက်နေရာယူကာ ကလော-တောင်ကြီး လမ်းပိုင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး နှင့် တာဝန်ရှိသူအသီးသီးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းပိုင်းအား လှည့်လည်ကြည့်ရှုစစ်ဆေး ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 84 guests and no members online