ရှမ်းပြည်နယ်သတင်းများ

အင္းေလးေခါင္တိုင္ လူရည္ခၽြန္စခန္းမွ ေမာင္မယ္မ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ခ်ီးျမႇင့္သည့္ဂုဏ္ျပဳညစာစားပြဲႏွင့္ စခန္းသိမ္းပြဲက်င္းပ

ေတာင္ႀကီး ေမ - ၄

87

ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး၌  ေမ ၄ ရက္ ညေန ၆ နာရီက ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ ဂုဏ္ျပဳညစာစားပြဲႏွင့္ ၂၀၁၉ခုႏွစ္ အင္းေလး-ေခါင္တိုင္ လူရည္ခၽြန္စခန္း သိမ္းပြဲ အခမ္းအနားက်င္းပျပဳလုပ္ေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ ယေန႔အခမ္းအနားကို ႂကြေရာက္လာၾကတဲ့ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ား၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ လူရည္ခၽြန္ႀကီးမ်ား၊ ထူးခၽြန္ေက်ာင္းသား/ေက်ာင္းသူ လူငယ္ေမာင္မယ္မ်ား၊ ႀကီးၾကပ္ဆရာ/ဆရာမမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားအားလုံး ကိုယ္စိတ္ ႏွစ္ပါး ႐ႊင္လန္း၍ မဂၤလာအေပါင္းႏွင့္ ခေညာင္းၾကပါေစလို႔ ဆုမြန္ေခၽြအပ္ပါေၾကာင္း၊ ေတာင္ႀကီးၿမိဳ႕၊ အစိုးရအဖြဲ႕႐ုံး ျမက္ခင္းျပင္မွာ နဝမတန္း လူရည္ခၽြန္ေကာင္းသား/ေက်ာင္းသူ လူငယ္ေမာင္မယ္မ်ားကို ဂုဏ္ျပဳညစာစားပြဲျဖင့္ ဂုဏ္ျပဳႏိုင္ေရး ႏွင့္ စခန္းသိမ္းပြဲအတြက္ ဝိုင္းဝန္းကူညီေပးခဲ့သူအားလုံးကို အထူးေက်းဇူးတင္ရွိပါေၾကာင္း၊ ထို႔အတူ ရွမ္းျပည္နယ္ အင္းေလး ေခါင္တိုင္ လူရည္ခၽြန္စခန္းကို လာေရာက္ၾကတဲ့ လူရည္ခၽြန္ ေမာင္မယ္မ်ား၊ ႀကီးၾကပ္ဆရာ/ ဆရာမ မ်ားကို ႀကိဳဆိုျခင္းမွ အစျပဳ၍ ယေန႔ဂုဏ္ျပဳညစာစားပြဲႏွင့္ စခန္းသိမ္းပြဲတိုင္ေအာင္ ၾကားကာလရဲ႕ လုပ္ငန္းအသီးသီးမွာ ေစတနာထားၿပီး ျပည့္စုံ ေအာင္ေဆာင္႐ြက္ေပးခဲ့ၾကတဲ့ တာဝန္ရွိသူအားလုံးကို ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ကိုယ္စား အထူးေက်းဇူးတင္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္အတြင္း ေလ့လာေရးခရီးစဥ္မ်ားက ရရွိထားသည့္ ဗဟုသုတမ်ား၊ အေတြ႕အႀကဳံမ်ားကို ေလ့လာ သုံးသပ္ၿပီး မိမိတို႔အတြက္၊ မိမိပတ္ဝန္းက်င္းအတြက္ ျပန္လည္အသုံးခ်ႏိုင္ၾကရန္ႏွင့္ မနက္ျဖန္ေနရပ္သို႔ ျပန္မည့္ခရီးစဥ္မ်ားလည္း ေခ်ာေမြ႕ႏိုင္ၾကၿပီး၊ မိမိတို႔ရပ္႐ြာေဒသ၊ ၿမိဳ႕နယ္၏ အားကိုးအားထားျပဳထိုက္ေသာ ေခါင္းေဆာင္ေကာင္းမ်ားျဖစ္လာႏိုင္ၾကရန္ ဆႏၵျပဳေျပာၾကားသြားသည္။

ဆက္လက္၍ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္က လူရည္ခၽြန္ေမာင္မယ္မ်ားအား အမွတ္တရလက္ေဆာင္ ေပးအပ္ၿပီး ဆုခ်ီးျမႇင့္ရာ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ မွတ္သားမႈစြမ္းရည္ၿပိဳင္ပြဲဆု၊ ေဒသႏၲရဗဟုသုတေျပာမႈ စြမ္းရည္ၿပိဳင္ပြဲဆု တို႔မွ ပထမ၊ ဒုတိယ၊ တတိယ ဆုရရွိသူမ်ားကို ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ေဒၚနန္းေ႐ႊျမင့္ ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ဦးစိုင္းလုံးဆိုင္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းတို႔မွ အသီးသီးဆုခ်ီးျမႇင့္ေပးၾကၿပီး၊ လူရည္ခၽြန္ေမာင္မယ္မ်ားကိုယ္စား ရန္ကုန္တိုင္းေဒသႀကီး၊ အေနာက္ပိုင္းခ႐ိုင္၊ ကမာ႐ြတ္ၿမိဳ႕နယ္ အထက္တန္းေက်ာင္းမွ ႏွစ္ထပ္ကြမ္း ေမာင္ခန္႔ညားနႏၵက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ ၏လူရည္ခၽြန္ ေမာင္မယ္မ်ားအား လိုက္လံႏႈတ္ဆက္ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09−250132943

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှ မောင်မယ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သည့်ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲကျင်းပ

တောင်ကြီး မေ - ၄

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌  မေ ၄ ရက် ညနေ ၆ နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲနှင့် ၂၀၁၉ခုနှစ် အင်းလေး-ခေါင်တိုင် လူရည်ချွန်စခန်း သိမ်းပွဲ အခမ်းအနားကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ယနေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူရည်ချွန်ကြီးများ၊ ထူးချွန်ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ၊ ကြီးကြပ်ဆရာ/ဆရာမများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအားလုံး ကိုယ်စိတ် နှစ်ပါး ရွှင်လန်း၍ မင်္ဂလာအပေါင်းနှင့် ခညောင်းကြပါစေလို့ ဆုမွန်ချွေအပ်ပါကြောင်း၊ တောင်ကြီးမြို့၊ အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်မှာ နဝမတန်း လူရည်ချွန်ကောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များကို ဂုဏ်ပြုညစာစားပွဲဖြင့် ဂုဏ်ပြုနိုင်ရေး နှင့် စခန်းသိမ်းပွဲအတွက် ဝိုင်းဝန်းကူညီပေးခဲ့သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ထို့အတူ ရှမ်းပြည်နယ် အင်းလေး ခေါင်တိုင် လူရည်ချွန်စခန်းကို လာရောက်ကြတဲ့ လူရည်ချွန် မောင်မယ်များ၊ ကြီးကြပ်ဆရာ/ ဆရာမ များကို ကြိုဆိုခြင်းမှ အစပြု၍ ယနေ့ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲတိုင်အောင် ကြားကာလရဲ့ လုပ်ငန်းအသီးသီးမှာ စေတနာထားပြီး ပြည့်စုံ အောင်ဆောင်ရွက်ပေးခဲ့ကြတဲ့ တာဝန်ရှိသူအားလုံးကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း လေ့လာရေးခရီးစဉ်များက ရရှိထားသည့် ဗဟုသုတများ၊ အတွေ့အကြုံများကို လေ့လာ သုံးသပ်ပြီး မိမိတို့အတွက်၊ မိမိပတ်ဝန်းကျင်းအတွက် ပြန်လည်အသုံးချနိုင်ကြရန်နှင့် မနက်ဖြန်နေရပ်သို့ ပြန်မည့်ခရီးစဉ်များလည်း ချောမွေ့နိုင်ကြပြီး၊ မိမိတို့ရပ်ရွာဒေသ၊ မြို့နယ်၏ အားကိုးအားထားပြုထိုက်သော ခေါင်းဆောင်ကောင်းများဖြစ်လာနိုင်ကြရန် ဆန္ဒပြုပြောကြားသွားသည်။

ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များအား အမှတ်တရလက်ဆောင် ပေးအပ်ပြီး ဆုချီးမြှင့်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မှတ်သားမှုစွမ်းရည်ပြိုင်ပွဲဆု၊ ဒေသန္တရဗဟုသုတပြောမှု စွမ်းရည်ပြိုင်ပွဲဆု တို့မှ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ အသီးသီးဆုချီးမြှင့်ပေးကြပြီး၊ လူရည်ချွန်မောင်မယ်များကိုယ်စား ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အထက်တန်းကျောင်းမှ နှစ်ထပ်ကွမ်း မောင်ခန့်ညားနန္ဒက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်မှ ၏လူရည်ချွန် မောင်မယ်များအား လိုက်လံနှုတ်ဆက်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 103 guests and no members online

Latest Updates