ရှမ်းပြည်နယ်သတင်းများ

(၇၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ အခမ္းအနားသို႔ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ တက္ေရာက္

ေတာင္ႀကီး ေမ − ၆

88

(၇၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ကို ေမ(၅)ရက္ နံနက္(၈)နာရီက ေတာင္ႀကီးခ႐ိုင္မီးသတ္စခန္း ေလ့က်င့္ေရးကြင္း၌ က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ႏိုင္ငံေတာ္အေနျဖင့္ မီးသတ္တပ္ဖြဲ႕ကို ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္မ်ား၊ ႏိုင္ငံေတာ္အတြင္းရွိ ထုတ္ကုန္အရင္းအႏွီးမ်ားကို မီးေဘးအႏၲရာယ္မွ တားဆီးကာကြယ္ႏိုင္ေရးႏွင့္ သဘာ၀ေဘးအႏၲရာယ္ကာကြယ္ႏိုင္ေရးႏွင့္ အျခားေသာေဘးအႏၲရာယ္မ်ား က်ေရာက္သည့္အခါ အေရးေပၚရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို တာ၀န္ယူေဆာင္႐ြက္ရန္ ရည္႐ြယ္ဖြဲ႕စည္းတည္ေဆာက္ထားတာျဖစ္ၿပီး မီးေဘးလုံၿခဳံေရး သဘာ၀ေဘးအႏၲရာယ္ကာကြယ္ေရး၊ ရွာေဖြကယ္ဆယ္ေရးႏွင့္ ျပည္သူ႕အက်ိဳးျပဳေဆာင္႐ြက္ေရးစသည့္ ရည္မွန္းခ်က္တာ၀န္(၄)ရပ္ကို ခ်မွတ္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွလည္း မီးသတ္တပ္ဖြဲ႕၏ ရည္မွန္းခ်က္တာ၀န္မ်ားအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ျပည္သူလူထုအတြင္း မီးေဘးလုံၿခဳံေရးႏွင့္ သဘာ၀ေဘးအႏၲရာယ္ကာကြယ္ေရးအသိပညာေပးေရး မီးသတ္တပ္ဖြဲ႕၀င္မ်ား၏နည္းပညာႏွင့္ စြမ္းေဆာင္ရည္ျမင့္မားေရး တပ္ဖြဲ႕၀င္အင္အားမ်ားႏွင့္ မီးသတ္ယာဥ္/စက္ပစၥည္းကိရိယာမ်ားျဖည့္တင္းေရး မီးသတ္စခန္းမ်ား တိုးခ်ဲ႕ဖြဲ႕စည္းေရးစသည့္လုပ္ငန္းမ်ားကို ႏိုင္ငံတကာအဆင့္မီေအာင္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေျပာင္းလဲလာေသာ အေျခအေနမ်ားႏွင့္ အနာဂတ္စိန္ေခၚမႈမ်ားကို ရင္ဆိုင္ကိုင္တြယ္ေျဖရွင္းႏိုင္ရန္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ကို လက္ရွိအေျခအေနမ်ားႏွင့္ ေနာင္ျဖစ္တည္လာမည့္ အနာဂတ္ကာလကို ေမၽွာ္မွန္းၿပီး အသြင္သ႑ာန္အႏွစ္သာရ ျပဳျပင္ေျပာင္းလဲႏိုင္ရန္အတြက္ မီးသတ္တပ္ဖြဲ႕ကိုMen Power၊ Equipment Powerႏွင့္ Technology Powerႏွင့္တည္ေဆာက္ရာတြင္ မီးသတ္တပ္ဖြဲ႕ကို တိုင္ေဒသႀကီး/ျပည္နယ္မီးသတ္ဦးစီးမႉး႐ုံး(၁၅)႐ုံး၊ ခ႐ိုင္မီးသတ္ဦးစီးမႉး႐ုံး(၇၄)႐ုံး၊ ခ႐ိုင္မီးသတ္စခန္း(၇၄)စခန္း၊ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး႐ုံး(၃၃၀)႐ုံး ၊ၿမိဳ႕နယ္မီးသတ္စခန္း (၃၃၀)စခန္းႏွင့္ နယ္ေျမမီးသတ္စခန္း(၇၀၃)စခန္းႏွင့္ ခြင့္ျပဳလူအင္အား(၂၄၆၅၉)ဦးထိ တိုးခ်ဲ႕ဖြဲ႕စည္းခြင့္ရရွိခဲ့ၿပီျဖစ္ေၾကာင္း၊ ရန္ကုန္−မႏၲေလးအျမန္လမ္းမႀကီးတြင္ ခရီးသြားျပည္သူမ်ားကို ကူညီႏိုင္ရန္ မီးသတ္တပ္ဖြဲ႕စခန္း(၁၅)စခန္းကို တိုးခ်ဲ႕ဖြဲ႕စည္း ႏိုင္ခဲ့ၿပီး ရွမ္းျပည္နယ္တြင္လည္း ခ႐ိုင္မီးသတ္စခန္း(၁၃)စခန္း၊ ၿမိဳ႕နယ္မီးသတ္စခန္း(၅၅)စခန္း၊ နယ္ေျမမီးသတ္စခန္း(၇၀) စခန္း၊ စုစုေပါင္း(၁၃၈)စခန္းႏွင့္ ခြင့္ျပဳလူအင္အား(၃၄၇၅)ဦးထိရွိလာၿပီျဖစ္ေၾကာင္းႏွင့္ အနာဂတ္တြင္ရင္ဆိုင္ႀကဳံေတြ႕ လာႏိုင္မည့္ မီးေဘးႏွင့္ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ စိန္ေခၚမႈမ်ားကို အႏိုင္ယူရန္ ဂုဏ္ျပဳေျပာၾကားသြားေၾကာင္းသိရသည္။

ဆက္လက္၍စစ္ေရးျပတပ္ခြဲမ်ားမွ ျပည္နယ္၀န္ႀကီးခ်ဳပ္အားအေလးျပဳကာ ျပန္လည္ထြက္ခြာသြားၾကၿပီး မီးၿငိမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးစြမ္းရည္ သ႐ုပ္ျပသၾကရာ အမ်ိဳးသမီးမီးသတ္တပ္ဖြဲ႕၀င္မ်ားမွ မီးသတ္တပ္ဖြဲ႕သုံး ႀကိဳးကူး၊ ႀကိဳးဆင္း ႀကိဳးတက္ နည္းစနစ္မ်ား လက္ေတြ႕သ႐ုပ္ျပသျခင္း၊ အလိုအေလ်ာက္ မီးေထာက္လွမ္းမႈ(အာ႐ုံခံစနစ္)ႏွင့္ မီးလန္႔အခ်က္ေပးကိရိယာမ်ား လုပ္ေဆာင္မႈႏွင့္ မီးသတ္ေဆးဘူး အသုံးျပဳလက္ေတြ႕ မီးၿငိမ္းသတ္မႈ သ႐ုပ္ျပသျခင္း၊ ငလ်င္လႈပ္ခတ္မႈေၾကာင့္ ျဖစ္ေပၚလာေသာ ေဘးအႏၲရာယ္မ်ားႏွင့္စပ္လ်ဥ္း၍ ကယ္ဆယ္ေရးလုပ္ငန္းစဥ္မ်ား စီမံခန္႔ခြဲမႈ သ႐ုပ္ျပသျခင္း၊ အထပ္ျမင့္အေဆာက္အဦ မီးေလာင္မႈအား ၿငိမ္းသတ္ျခင္းႏွင့္ပိတ္မိေနသူမ်ားအား နည္းပညာ အေထာက္အကူျပဳ ကယ္ဆယ္သ႐ုပ္ျပသျခင္း၊ မီးသတ္ေရပက္ပိုက္ျဖင့္ Water Curtain/ Water Fun သ႐ုပ္ျပကြက္ျဖင့္ ျပသေနမႈမ်ားကို ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္၀န္ႀကီးမ်ားႏွင့္တာ၀န္ရွိသူတို႔က ၾကည့္႐ႈအားေပးၾကၿပီး မီးသတ္ျပခန္းမ်ားကိုလည္း ၾကည့္႐ႈအားေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ ရှမ်းပြည်နယ်၀န်ကြီးချုပ် တက်ရောက်

တောင်ကြီး မေ − ၆

(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို မေ(၅)ရက် နံနက်(၈)နာရီက တောင်ကြီးခရိုင်မီးသတ်စခန်း လေ့ကျင့်ရေးကွင်း၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတော်အနေဖြင့် မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ထုတ်ကုန်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် သဘာ၀ဘေးအန္တရာယ်ကာကွယ်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး မီးဘေးလုံခြုံရေး သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာ၀န်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာ၀န်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေးနှင့် သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးရေး မီးသတ်တပ်ဖွဲ့၀င်များ၏နည်းပညာနှင့် စွမ်းဆောင်ရည်မြင့်မားရေး တပ်ဖွဲ့၀င်အင်အားများနှင့် မီးသတ်ယာဉ်/စက်ပစ္စည်းကိရိယာများဖြည့်တင်းရေး မီးသတ်စခန်းများ တိုးချဲ့ဖွဲ့စည်းရေးစသည့်လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသော အခြေအနေများနှင့် အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို လက်ရှိအခြေအနေများနှင့် နောင်ဖြစ်တည်လာမည့် အနာဂတ်ကာလကို မျှော်မှန်းပြီး အသွင်သဏ္ဍာန်အနှစ်သာရ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ကိုMen Power၊ Equipment Powerနှင့် Technology Powerနှင့်တည်ဆောက်ရာတွင် မီးသတ်တပ်ဖွဲ့ကို တိုင်ဒေသကြီး/ပြည်နယ်မီးသတ်ဦးစီးမှူးရုံး(၁၅)ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး(၇၄)ရုံး၊ ခရိုင်မီးသတ်စခန်း(၇၄)စခန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး(၃၃၀)ရုံး ၊မြို့နယ်မီးသတ်စခန်း (၃၃၀)စခန်းနှင့် နယ်မြေမီးသတ်စခန်း(၇၀၃)စခန်းနှင့် ခွင့်ပြုလူအင်အား(၂၄၆၅၉)ဦးထိ တိုးချဲ့ဖွဲ့စည်းခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန်−မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသွားပြည်သူများကို ကူညီနိုင်ရန် မီးသတ်တပ်ဖွဲ့စခန်း(၁၅)စခန်းကို တိုးချဲ့ဖွဲ့စည်း နိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင်လည်း ခရိုင်မီးသတ်စခန်း(၁၃)စခန်း၊ မြို့နယ်မီးသတ်စခန်း(၅၅)စခန်း၊ နယ်မြေမီးသတ်စခန်း(၇၀) စခန်း၊ စုစုပေါင်း(၁၃၈)စခန်းနှင့် ခွင့်ပြုလူအင်အား(၃၄၇၅)ဦးထိရှိလာပြီဖြစ်ကြောင်းနှင့် အနာဂတ်တွင်ရင်ဆိုင်ကြုံတွေ့ လာနိုင်မည့် မီးဘေးနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူရန် ဂုဏ်ပြုပြောကြားသွားကြောင်းသိရသည်။

ဆက်လက်၍စစ်ရေးပြတပ်ခွဲများမှ ပြည်နယ်၀န်ကြီးချုပ်အားအလေးပြုကာ ပြန်လည်ထွက်ခွာသွားကြပြီး မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသကြရာ အမျိုးသမီးမီးသတ်တပ်ဖွဲ့၀င်များမှ မီးသတ်တပ်ဖွဲ့သုံး ကြိုးကူး၊ ကြိုးဆင်း ကြိုးတက် နည်းစနစ်များ လက်တွေ့သရုပ်ပြသခြင်း၊ အလိုအလျောက် မီးထောက်လှမ်းမှု(အာရုံခံစနစ်)နှင့် မီးလန့်အချက်ပေးကိရိယာများ လုပ်ဆောင်မှုနှင့် မီးသတ်ဆေးဘူး အသုံးပြုလက်တွေ့ မီးငြိမ်းသတ်မှု သရုပ်ပြသခြင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ စီမံခန့်ခွဲမှု သရုပ်ပြသခြင်း၊ အထပ်မြင့်အဆောက်အဦ မီးလောင်မှုအား ငြိမ်းသတ်ခြင်းနှင့်ပိတ်မိနေသူများအား နည်းပညာ အထောက်အကူပြု ကယ်ဆယ်သရုပ်ပြသခြင်း၊ မီးသတ်ရေပက်ပိုက်ဖြင့် Water Curtain/ Water Fun သရုပ်ပြကွက်ဖြင့် ပြသနေမှုများကို ပြည်နယ်၀န်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်၀န်ကြီးများနှင့်တာ၀န်ရှိသူတို့က ကြည့်ရှုအားပေးကြပြီး မီးသတ်ပြခန်းများကိုလည်း ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 61 guests and no members online

Latest Updates