ရှမ်းပြည်နယ်သတင်းများ

ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ စက္ဘီးစီးၿပိဳင္ပြဲက်င္းပ

ေတာင္ႀကီး  ေမ  - ၆

89

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာနႏွင့္ စက္ဘီးစီး ဝါသနာရွင္မ်ား ပူးေပါင္းက်င္းပသည့္ ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္လႈပ္ရွားမႈအစီအစဥ္ျဖင့္ စက္ဘီးစီးၿပိဳင္ပြဲကို ေမလ ၃ ရက္ေန႔ နံနက္ ၆ နာရီအခ်ိန္တြင္ စဝ္စံထြန္းျပည္သူ႕ေဆး႐ုံႀကီး ေရွ႕၌က်င္းပခဲ့သည္။

စက္ဘီးစီးၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္၊ ၿပိဳင္ပြဲဝင္ မ်ားႏွင့္ စက္ဘီးစီးဝါသနာရွင္မ်ားတို႔က တေပ်ာ္တပါးပါဝင္ဆင္ႏႊဲခဲ့ၾကသည္။

စက္ဘီးစီးၿပိဳင္ပြဲကို စဝ္စံထြန္းျပည္သူ႕ေဆး႐ုံေရွ႕မွစုရပ္ျပဳၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက စက္ဘီးစီးၿပိဳင္ပြဲကို ေသနတ္ပစ္ေဖာက္၍ စတင္ တာလႊတ္ခဲ့သည္။ 

အဆိုပါၿပိဳင္ပြဲကို စဝ္စံထြန္းျပည္သူ႕ေဆး႐ုံမွ စတင္ထြက္ခြာၿပီး၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းတစ္ေလၽွာက္မွ ေတာင္ႀကီး-ဟိုပုံးလမ္း၊ လြိဳင္ခမ္းအိမ္ရာအထိ၊ လြိဳင္ခမ္းအိမ္ရာေရွ႕တြင္ ပန္းဝင္၍ ၿပိဳင္ပြဲတြင္ဆုရရွိေသာစက္ဘီးစီး အားကစားသမားမ်ားကို တာဝန္ရွိသူမ်ားက ပထမ၊ ဒုတိယ၊ တတိယ ရရွိေသာၿပိဳင္ပြဲဝင္ အားကစားသမားမ်ားကို အသီးသီးတစ္ဦးခ်င္းစီ ဆုတံဆိပ္ႏွင့္ေငြသားဆုမ်ား ခ်ီးျမႇင့္ခဲ့ၾကသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

                                                                                                           ၀၉ -၃၆၀၈၀၈၉၀

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် စက်ဘီးစီးပြိုင်ပွဲကျင်းပ

တောင်ကြီး  မေ  - ၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စက်ဘီးစီး ဝါသနာရှင်များ ပူးပေါင်းကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်လှုပ်ရှားမှုအစီအစဉ်ဖြင့် စက်ဘီးစီးပြိုင်ပွဲကို မေလ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး ရှေ့၌ကျင်းပခဲ့သည်။

စက်ဘီးစီးပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ပြိုင်ပွဲဝင် များနှင့် စက်ဘီးစီးဝါသနာရှင်များတို့က တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြသည်။

စက်ဘီးစီးပြိုင်ပွဲကို စဝ်စံထွန်းပြည်သူ့ဆေးရုံရှေ့မှစုရပ်ပြုပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက စက်ဘီးစီးပြိုင်ပွဲကို သေနတ်ပစ်ဖောက်၍ စတင် တာလွှတ်ခဲ့သည်။ 

အဆိုပါပြိုင်ပွဲကို စဝ်စံထွန်းပြည်သူ့ဆေးရုံမှ စတင်ထွက်ခွာပြီး၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက်မှ တောင်ကြီး-ဟိုပုံးလမ်း၊ လွိုင်ခမ်းအိမ်ရာအထိ၊ လွိုင်ခမ်းအိမ်ရာရှေ့တွင် ပန်းဝင်၍ ပြိုင်ပွဲတွင်ဆုရရှိသောစက်ဘီးစီး အားကစားသမားများကို တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ ရရှိသောပြိုင်ပွဲဝင် အားကစားသမားများကို အသီးသီးတစ်ဦးချင်းစီ ဆုတံဆိပ်နှင့်ငွေသားဆုများ ချီးမြှင့်ခဲ့ကြသည်။

စိုင်းသန်းကျော်(တောင်ကြီး)

                                                                                                           ၀၉ -၃၆၀၈၀၈၉၀

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 82 guests and no members online