ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီ ပထမအႀကိမ္ အစည္းအေဝးက်င္းပ

ေတာင္ႀကီး           ေမ    −   ၁၀

92

ရွမ္းျပည္နယ္ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီ ပထမအႀကိမ္ (၁/၂၀၁၉) အစည္းအေဝးကို ေမ(၁၀)ရက္ နံနက္(၁၀)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံးအစည္းအေဝး ခန္းမ၌က်င္းပေၾကာင္းသိရသည္။

ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီဉကၠ႒ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျမန္မာႏိုင္ငံ၏ ခရီးသြားလုပ္ငန္း ပိုမိုဖြံ႕ၿဖိဳးလာေစရန္အတြက္ အစိုးရအဖြဲ႕သည္ ယခင္ဥပေဒေဟာင္းမ်ားကို ပယ္ဖ်က္ၿပီး ဥပေဒအသစ္ကို ျပဌာန္းခဲ့ၿပီးျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံဟိုတယ္ႏွင့္ ခရီးသြားလာေရး ဥပေဒအေဟာင္းကို ၁၉၉၃ ခုႏွစ္တြင္ ျပ႒ာန္းခဲ့ၿပီး လိုင္စင္ဆိုင္ရာခြင့္ျပဳခ်က္မ်ားကို ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနက ခြင့္ျပဳခဲ့ၿပီးျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းဥပေဒကို ၂၀၁၈ခုႏွစ္ စက္တင္ဘာလ ၁၇ ရက္တြင္ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒအမွတ္ ၂၆ အျဖစ္ ျပ႒ာန္းခဲ့ၿပီးျဖစ္၍ ယခုဥပေဒအသစ္အရ အမ်ိဳးသားခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးဗဟိုေကာ္မတီ၊ ခရီးသြား လုပ္ငန္း ေကာ္မတီႏွင့္ ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီ ဟုဆိုၿပီး ေကာ္မတီ(၃)ရပ္ဖြဲ႕စည္းထားပါေၾကာင္း၊ ျပည္ေထာင္စု နယ္ေျမႏွင့္ တိုင္းေဒသႀကီး/    ျပည္နယ္အလိုက္ ဖြဲ႕စည္းထားေသာေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီက ခရီးသြားလုပ္ငန္း ဆိုင္ရာ လိုင္စင္မ်ားကို ခြင့္ျပဳေပးမည္ ျဖစ္သည့္အတြက္ ဥပေဒအသစ္သည္ တိုင္းေဒသႀကီး/ျပည္နယ္ ဝန္ႀကီးခ်ဳပ္မ်ားကို လိုင္စင္ ဆိုင္ရာ လုပ္ပိုင္ခြင့္ေပးျခင္းျဖင့္ ဗဟိုခ်ဳပ္ကိုင္မႈကို ေျဖေလ်ာ့ေပးခဲ့သည္ကိုေတြ႕ရမွာျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္ေဒသ ဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီသည္ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေစရန္ႏွင့္ စနစ္တက်ေဆာင္႐ြက္ရန္ လိုအပ္မွာျဖစ္၍ ေကာ္မတီသည္ ခရီးသြားဆိုင္ရာကိစၥရပ္မ်ား၏ အားသာခ်က္မ်ားကို ေရရွည္တည္တံ့ဖြံ႕ၿဖိဳးေအာင္ဝိုင္းဝန္းႀကိဳးပမ္း ထိန္းသိမ္း ရန္လိုအပ္သလိုအားနည္းခ်က္မ်ားကိုလည္း ေလ်ာ့နည္းပေပ်ာက္ေစရန္ ဝိုင္းဝန္းလုပ္ေဆာင္ရမွာျဖစ္ၿပီး၊ ယေန႔ တက္ေရာက္ လာသည့္ ေကာ္မတီမ်ားအေနျဖင့္ ရွမ္းျပည္နယ္၏ခရီးသြားလုပ္ငန္းပိုမိုဖြံ႕ၿဖိဳးတိုးတက္ေစရန္ႏွင့္ ေရရွည္တည္တံ့ခိုင္ၿမဲေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ရာတြင္ေစတနာ၊ အတတ္ပညာကိုအေျခခံထားၿပီး ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္သြားရန္ ေျပာၾကားသြား ေၾကာင္းသိရသည္။

ဆက္လက္၍ ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီအတြင္းေရးမႉး၊ ရွမ္းျပည္နယ္ဟိုတယ္ႏွင့္ခရီးသြား ၫႊန္ၾကားမႈဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးဦးထင္ေအာင္ႏိုင္မွ ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီ ဖြဲ႕စည္းထားရွိမႈ လုပ္ငန္း တာဝန္မ်ားႏွင့္ လိုင္စင္ဆိုင္ရာတင္ျပခ်က္မ်ားရွင္းလင္းျခင္းႏွင့္ အစည္းအေဝးတြင္ဆုံးျဖတ္ရန္အခ်က္မ်ားကို တင္ျပၿပီး၊ ေဒသ ဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီဝင္မ်ားမွ ခရီးသြားလုပ္ငန္းဆိုင္ရာမ်ား ျဖည့္စြက္ေဆြးေႏြးကာ ေဒသဆိုင္ရာ ခရီးသြား လုပ္ငန္း ေကာ္မတီဉကၠ႒ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ နိဂုံးခ်ဳပ္စကား ေျပာၾကား ခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09250132943

 unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

တောင်ကြီး           မေ    −   ၁၀

ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ပထမအကြိမ် (၁/၂၀၁၉) အစည်းအဝေးကို မေ(၁၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ကျင်းပကြောင်းသိရသည်။

ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဉက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေရန်အတွက် အစိုးရအဖွဲ့သည် ယခင်ဥပဒေဟောင်းများကို ပယ်ဖျက်ပြီး ဥပဒေအသစ်ကို ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေအဟောင်းကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး လိုင်စင်ဆိုင်ရာခွင့်ပြုချက်များကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေကို ၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၆ အဖြစ် ပြဋ္ဌာန်းခဲ့ပြီးဖြစ်၍ ယခုဥပဒေအသစ်အရ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၊ ခရီးသွား လုပ်ငန်း ကော်မတီနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဟုဆိုပြီး ကော်မတီ(၃)ရပ်ဖွဲ့စည်းထားပါကြောင်း၊ ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး/    ပြည်နယ်အလိုက် ဖွဲ့စည်းထားသောဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီက ခရီးသွားလုပ်ငန်း ဆိုင်ရာ လိုင်စင်များကို ခွင့်ပြုပေးမည် ဖြစ်သည့်အတွက် ဥပဒေအသစ်သည် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကို လိုင်စင် ဆိုင်ရာ လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့ပေးခဲ့သည်ကိုတွေ့ရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် စနစ်တကျဆောင်ရွက်ရန် လိုအပ်မှာဖြစ်၍ ကော်မတီသည် ခရီးသွားဆိုင်ရာကိစ္စရပ်များ၏ အားသာချက်များကို ရေရှည်တည်တံ့ဖွံ့ဖြိုးအောင်ဝိုင်းဝန်းကြိုးပမ်း ထိန်းသိမ်း ရန်လိုအပ်သလိုအားနည်းချက်များကိုလည်း လျော့နည်းပပျောက်စေရန် ဝိုင်းဝန်းလုပ်ဆောင်ရမှာဖြစ်ပြီး၊ ယနေ့ တက်ရောက် လာသည့် ကော်မတီများအနေဖြင့် ရှမ်းပြည်နယ်၏ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်ရာတွင်စေတနာ၊ အတတ်ပညာကိုအခြေခံထားပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားသွား ကြောင်းသိရသည်။

ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးထင်အောင်နိုင်မှ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှု လုပ်ငန်း တာဝန်များနှင့် လိုင်စင်ဆိုင်ရာတင်ပြချက်များရှင်းလင်းခြင်းနှင့် အစည်းအဝေးတွင်ဆုံးဖြတ်ရန်အချက်များကို တင်ပြပြီး၊ ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များမှ ခရီးသွားလုပ်ငန်းဆိုင်ရာများ ဖြည့်စွက်ဆွေးနွေးကာ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်း ကော်မတီဉက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကား ပြောကြား ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online

Latest Updates