ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္႐ုံး ေတာင္ႀကီးခ႐ိုင္/ၿမိဳ႕နယ္စာရင္းစစ္႐ုံးမ်ား လုပ္ငန္းၫွိႏႈိင္း ေဆြးေႏြးပြဲက်င္းပ

ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္႐ုံး ေတာင္ႀကီးခ႐ိုင္/ၿမိဳ႕နယ္စာရင္းစစ္႐ုံးမ်ား လုပ္ငန္းၫွိႏႈိင္း ေဆြးေႏြးပြဲက်င္းပ

ေတာင္ႀကီး ေမ − ၁၀

94

ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္ႏွင့္ ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္႐ုံး ေတာင္ႀကီးခ႐ိုင္/ ၿမိဳ႕နယ္စာရင္းစစ္႐ုံးမ်ား၁/၂၀၁၉ လုပ္ငန္း ၫွိႏႈိင္း ေဆြးေႏြးပြဲကို ေမ(၁၀)ရက္ နံနက္(၁၀)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ႐ုံးေဟာင္း၌ က်င္းပ ေၾကာင္း သိရသည္။ 

လုပ္ငန္းၫွိႏႈိင္းေဆြးေႏြးပြဲတြင္ ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္ ေဒၚနန္းဝိုဟိန္းက အဖြင့္အမွာစကားေျပာၾကားၿပီး၊ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္စာရင္းစစ္႐ုံးမ်ားက လုပ္ငန္းဆိုင္ရာေဆြးေႏြးတင္ျပျခင္းကို ေတာင္ႀကီးခ႐ိုင္၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ကေလာၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ ဖယ္ခုံၿမိဳ႕နယ္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္၊ ဟိုပုံးၿမိဳ႕နယ္၊ ဆီဆိုင္ၿမိဳ႕နယ္၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္းတယၿမိဳ႕နယ္ႏွင့္႐ြာငံၿမိဳ႕နယ္ အသီးသီးတို႔မွ လုပ္ငန္းဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးတင္ျပၾကေၾကာင္းသိရသည္။ 

ဆက္လက္၍ ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္႐ုံးဒုတိယၫႊန္ၾကားေရးမႉး ဌာနခြဲ(၁)(၂)(၃) မွဒုတိယၫႊန္ၾကားေရးမႉး မ်ားက စီမံေရးရာမ်ား၊စစ္ေဆးေရးလုပ္ငန္းမ်ားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းေဆြးေႏြးၾကကာ ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္႐ုံး ၫႊန္ၾကားေရးမႉးက ထပ္ဆင့္ရွင္းလင္းေဆြးေႏြးၿပီး၊ ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္ ေဒၚနန္းဝိုဟိန္းက နိဂုံးခ်ဳပ္စကား ေျပာၾကား ေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး တောင်ကြီးခရိုင်/မြို့နယ်စာရင်းစစ်ရုံးများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

တောင်ကြီး မေ − ၁၀

ရှမ်းပြည်နယ်စာရင်းစစ်ချုပ်နှင့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး တောင်ကြီးခရိုင်/ မြို့နယ်စာရင်းစစ်ရုံးများ၁/၂၀၁၉ လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲကို မေ(၁၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးဟောင်း၌ ကျင်းပ ကြောင်း သိရသည်။ 

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများက လုပ်ငန်းဆိုင်ရာဆွေးနွေးတင်ပြခြင်းကို တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ် အသီးသီးတို့မှ လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြကြောင်းသိရသည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးဒုတိယညွှန်ကြားရေးမှူး ဌာနခွဲ(၁)(၂)(၃) မှဒုတိယညွှန်ကြားရေးမှူး များက စီမံရေးရာများ၊စစ်ဆေးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြကာ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးက ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြီး၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းက နိဂုံးချုပ်စကား ပြောကြား ကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 107 guests and no members online