ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး    မေ  -  ၁၈

98




      09−250132943

(Unicode)++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကလောမြို့နယ်ဟဲဟိုးမြို့ ရေရှားပါးသည့်ကျေးရွာ(၄) ရွာသို့ရေလှူဒါန်း

တောင်ကြီး    မေ  -  ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ မေ(၁၇)ရက် နံနက်(၁၁)နာရီက ကလောမြို့နယ် ဟဲဟိုးမြို့ကျေးရွာ(၄)ရွာဖြစ်သည့် ဘော်နင်းကျေးရွာအုပ်စု ဆူးပန်းအင်း ကျေးရွာ၊ ကျောက်တံခါးကျေးရွာ၊ ဥမင်ပေါက်ကျေးရွာ၊ ပိန္နဲပြားကျေးရွာတို့ကို နွေရာသီအချိန်ရေရှားပါးပြတ်လပ်မှု ဖြစ်နေသည့် အခါတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ သောက်သုံးရန် ရေသန့်၊ အိမ်သုံးရန်ရေများကို လှူဒါန်းပေးကြ ကြောင်းသိရသည်။ 

အဆိုပါကျေးရွာ(၄)ရွာတွင် အိမ်ပေါင်း(၃၈၀)၊ လူဦးရေပေါင်း(၁၅၀၀)အတွက် သောက်ရေသန့်ဗူးကြီး(၆၅)လုံး၊ အိမ်သုံး ရန်အတွက် မီးသတ်ယာဉ်ရေကား(၃)စီး၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမှ ရေကား(၂)စီး၊ ကလောကျေးလက်ဒေသဦးစီးဌာနမှ ရေကား (၁)စီး၊ ဟဲဟိုးမြို့ပေါ်မှ အလှူရှင်ရေကား(၁)စီး၊ ရေဂါလံပေါင်း(၁၄၆၅၀) လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

      09−250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 97 guests and no members online

Latest Updates