ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကလောမြို့နယ် နန်းတိုင်းကျေးရွာတွင် One Stop Shop ရွေ့လျားဝန်ဆောင်မှု ကွင်းဆင်းကြည့်ရှု အားပေး

တောင်ကြီး မေ-၁၈

99

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူ များနှင့်အတူ မေ ၁၇ ရက် နံနက်ပိုင်းက ကလောမြို့နယ် နန်းတိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ One Stop Shop ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော တိုင်းရင်းဆေးကုသနေမှု၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား ပညာပေးသင်တန်းပို့ချနေမှု၊ လျှပ်စစ်မီတာ ဆောင်ရွက်နေမှု၊ မီးသတ်ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးကြပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့မှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းတွင် ဆောင်ရွက်ပြီးစီးသော မြေစာရင်းပုံစံ(၇)နှင့် မွေးစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ဒေသခံပြည်သူများအား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်၍ အသက် (၈၅)နှစ်ကျော် အဘိုးနှစ်ဦးကို ထောက်ပံ့ငွေပေးအပ်ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ပြည်သူများမှ ဒေသလိုအပ်ချက်ဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လမ်းတံတားကိစ္စရပ်များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများမှ ဘဏ္ဍာရေးအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင် ရှင်းလင်းပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် ဆောင်းဘွဲ့ကျေးရွာ တွင် ရေဂါလံ (၁၀၀၀၀)ဆံ့ (23ပေ ၃လက်မ × ၁၄ပေ × ၆ပေ) တည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိမ့်စမ်းရေသွယ်လုပ်ငန်းဆောင်ရွက်မည့် ရေပိုက်များအား ဆောင်ရွက်နေမှုကို ကြည့်ရှု၍ ကလောမြို့နယ် ရပ်ကွက် (၆)တွင် စက်ရေတွင်းတူးဖော်နေမှုကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး အောင်ပန်းမြို့ ဗိုလ်မှူးကြီး ဗထူးကျောက်တိုင် ပြန်လည်တည်ဆောက်မည့်နေရာနှင့် လမ်းတိုးချဲ့ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုခဲ့ ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

 (Unicode)++

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ကေလာၿမိဳ႕နယ္ နန္းတိုင္းေက်း႐ြာတြင္ One Stop Shop ေ႐ြ႕လ်ားဝန္ေဆာင္မႈ ကြင္းဆင္းၾကည့္႐ႈ အားေပး

ေတာင္ႀကီး ေမ-၁၈

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ဗမာတိုင္းရင္းသား လူမ်ိဳး ေရးရာဝန္ႀကီး၊ အစိုးရအဖြဲ႕ အတြင္းေရးမႉး၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ တာဝန္ရွိသူ မ်ားႏွင့္အတူ ေမ ၁၇ ရက္ နံနက္ပိုင္းက ကေလာၿမိဳ႕နယ္ နန္းတိုင္းေက်း႐ြာ အေျခခံပညာအထက္တန္းေက်ာင္း၌ One Stop Shop ေ႐ြ႕လ်ားဝန္ေဆာင္မႈ လုပ္ငန္းေဆာင္႐ြက္ေနမႈအား ကြင္းဆင္းၾကည့္႐ႈၾကေၾကာင္း သိရသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ေ႐ြ႕လ်ားဝန္ေဆာင္မႈလုပ္ငန္းေဆာင္႐ြက္ေနေသာ တိုင္းရင္းေဆးကုသေနမႈ၊ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ေဒသခံျပည္သူမ်ားအား ပညာေပးသင္တန္းပို႔ခ်ေနမႈ၊ လၽွပ္စစ္မီတာ ေဆာင္႐ြက္ေနမႈ၊ မီးသတ္ဦးစီးဌာနမွ လုပ္ငန္းေဆာင္႐ြက္ေနမႈတို႔ကို ၾကည့္႐ႈအားေပးၾကၿပီး လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပုံတင္ေရးဦးစီးဌာနတို႔မွ ေ႐ြ႕လ်ားဝန္ေဆာင္မႈလုပ္ငန္းတြင္ ေဆာင္႐ြက္ၿပီးစီးေသာ ေျမစာရင္းပုံစံ(၇)ႏွင့္ ေမြးစာရင္း၊ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမ်ားကို ေဒသခံျပည္သူမ်ားအား ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက အသီးသီးေပးအပ္၍ အသက္ (၈၅)ႏွစ္ေက်ာ္ အဘိုးႏွစ္ဦးကို ေထာက္ပံ့ေငြေပးအပ္ကာ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံ ျပည္သူမ်ားမွ ေဒသလိုအပ္ခ်က္ျဖစ္ေသာ က်န္းမာေရး၊ ပညာေရး၊ လမ္းတံတားကိစၥရပ္မ်ားတင္ျပမႈအေပၚ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားမွ ဘ႑ာေရးအလိုက္ ျဖည့္ဆည္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္ ရွင္းလင္းေျပာၾကားသြားသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ကေလာၿမိဳ႕နယ္ ေဆာင္းဘြဲ႕ေက်း႐ြာ တြင္ ေရဂါလံ (၁၀၀၀၀)ဆံ့ (23ေပ ၃လက္မ × ၁၄ေပ × ၆ေပ) တည္ေဆာက္မည့္ေနရာသို႔ ေရာက္ရွိရာ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာန (ေရအရင္းအျမစ္)မွ တာဝန္ရွိသူတစ္ဦးက ရွင္းလင္းတင္ျပၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕သည္ စိမ့္စမ္းေရသြယ္လုပ္ငန္းေဆာင္႐ြက္မည့္ ေရပိုက္မ်ားအား ေဆာင္႐ြက္ေနမႈကို ၾကည့္႐ႈ၍ ကေလာၿမိဳ႕နယ္ ရပ္ကြက္ (၆)တြင္ စက္ေရတြင္းတူးေဖာ္ေနမႈကို သြားေရာက္ၾကည့္႐ႈကာ လိုအပ္သည္မ်ားကို ျဖည့္စြက္မွာၾကားၿပီး ေအာင္ပန္းၿမိဳ႕ ဗိုလ္မႉးႀကီး ဗထူးေက်ာက္တိုင္ ျပန္လည္တည္ေဆာက္မည့္ေနရာႏွင့္ လမ္းတိုးခ်ဲ႕ေဆာင္႐ြက္ေနမႈတို႔ကို သြားေရာက္ၾကည့္႐ႈခဲ့ ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 62 guests and no members online