ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးၿမိဳ႕၌ ကမၻာ့ၾကက္ေျခနီေန႔က်င္းပ

ေတာင္ႀကီး  ေမ  −  ၁၉

101

၂၀၁၉ခုႏွစ္၊ (၇၁)ႏွစ္ေျမာက္ ကမၻာ့ၾကက္ေျခနီေန႔အခမ္းအနားကို ေမ(၁၉)ရက္ နံနက္(၈)နာရီခြဲက ေတာင္ႀကီးၿမိဳ႕ ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္း႐ုံး၌ က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ကမၻာ့ၾကက္ေျခနီေန႔အခမ္းအနားမ်ားကိုက်င္းပ ရာ ႏွစ္စဥ္ေဆာင္ပုဒ္မ်ားသတ္မွတ္ၿပီး လႈပ္ရွားမႈအသြင္ျဖင့္ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ယခုႏွစ္အတြက္ေဆာင္ပုဒ္မွာ LOVE ခ်စ္ျခင္းေမတၱာျဖစ္ၿပီး ေစတနာလုပ္အားရွင္မ်ားႏွင့္ ျပည္သူမ်ားအတြက္ေသာ္လည္းေကာင္း၊ ေစတနာလုပ္အားရွင္မ်ားအခ်င္း ခ်င္းတြင္ေသာ္လည္းေကာင္း၊ ခ်စ္ျခင္းေမတၱာအျပည့္ထားရွိေဆာင္႐ြက္ရင္း ျပည္သူမ်ားဆင္းရဲဒုကၡနည္းပါးသက္သာေစရန္ဆို သည့္ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းႀကီး၏ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ၾကမည့္ အဓိပၸာယ္ျဖစ္ၿပီး ယေန႔လိုအပ္ေန ေသာ ၿငိမ္းခ်မ္းသည့္ကမၻာႀကီးျဖစ္ေစရန္လည္း တစ္စိတ္တစ္ေဒသပါဝင္ကူညီၾကရန္ ရည္ၫြန္းပါေၾကာင္း၊ လူသားခ်င္းစာနာ ေထာက္ထားမႈကို အရင္းခံကာ ဖြဲ႕စည္းခဲ့သည့္ ၾကက္ေျခနီတပ္ဖြဲ႕ဝင္ အသင္းဝင္ေမာင္မယ္မ်ားသည္ ျပည္သူတို႔ကို ေဘးဒုကၡ ႀကံ႕ႀကံ႕ခံရင္ဆိုင္ႏိုင္ေအာင္ ကူညီေဆာင္႐ြက္ေပးၾကရန္ႏွင့္ ႏိုင္ငံေတာ္တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ တတ္ႏိုင္သည့္ဖက္က ပါဝင္ကူညီေပးၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီဥကၠ႒ ေဒါက္တာလွေအးမွ သဝဏ္လႊာဖတ္ၾကားၿပီး၊ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လား႐ႈိး႐ုံးခြဲ ဒုတိယတာဝန္ခံ မာဆာရွီ ဆူဒါကာမွ ႏႈတ္ခြန္းဆက္စကားေျပာၾကားကာ ဆုရရွိသည့္ၾကက္ေျခနီေမာင္မယ္မ်ားႏွင့္ ေစတနာလုပ္အားရွင္မ်ားအား ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ရွမ္းျပည္နယ္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ ဥကၠ႒ေဒါက္တာလွေအး၊ လား႐ႈိး႐ုံးခြဲ ဒုတိယတာဝန္ခံ မာဆာရွီ ဆူဒါကာတို႔မွအသီးသီး ဂုဏ္ျပဳဆုခ်ီးျမႇင့္ၾကၿပီး ၾကက္ေျခနီ ေမာင္မယ္မ်ားမွ ေရွးဦးျပဳစုျခင္းသ႐ုပ္ျပသ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူတို႔က ခန္းမအတြင္းခင္းက်င္းျပသထားေသာ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

      09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ကျင်းပ

တောင်ကြီး  မေ  −  ၁၉

၂၀၁၉ခုနှစ်၊ (၇၁)နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို မေ(၁၉)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ မြန်မာနိုင်ငံဆရာဝန်များအသင်းရုံး၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားများကိုကျင်းပ ရာ နှစ်စဉ်ဆောင်ပုဒ်များသတ်မှတ်ပြီး လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်အတွက်ဆောင်ပုဒ်မှာ LOVE ချစ်ခြင်းမေတ္တာဖြစ်ပြီး စေတနာလုပ်အားရှင်များနှင့် ပြည်သူများအတွက်သော်လည်းကောင်း၊ စေတနာလုပ်အားရှင်များအချင်း ချင်းတွင်သော်လည်းကောင်း၊ ချစ်ခြင်းမေတ္တာအပြည့်ထားရှိဆောင်ရွက်ရင်း ပြည်သူများဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆို သည့်မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ရည်မှန်းချက်ကို အကောင်အထည်ဖော်ကြမည့် အဓိပ္ပာယ်ဖြစ်ပြီး ယနေ့လိုအပ်နေ သော ငြိမ်းချမ်းသည့်ကမ္ဘာကြီးဖြစ်စေရန်လည်း တစ်စိတ်တစ်ဒေသပါဝင်ကူညီကြရန် ရည်ညွန်းပါကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အရင်းခံကာ ဖွဲ့စည်းခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင် အသင်းဝင်မောင်မယ်များသည် ပြည်သူတို့ကို ဘေးဒုက္ခ ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဖက်က ပါဝင်ကူညီပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာလှအေးမှ သဝဏ်လွှာဖတ်ကြားပြီး၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးရုံးခွဲ ဒုတိယတာဝန်ခံ မာဆာရှီ ဆူဒါကာမှ နှုတ်ခွန်းဆက်စကားပြောကြားကာ ဆုရရှိသည့်ကြက်ခြေနီမောင်မယ်များနှင့် စေတနာလုပ်အားရှင်များအား ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဒေါက်တာလှအေး၊ လားရှိုးရုံးခွဲ ဒုတိယတာဝန်ခံ မာဆာရှီ ဆူဒါကာတို့မှအသီးသီး ဂုဏ်ပြုဆုချီးမြှင့်ကြပြီး ကြက်ခြေနီ မောင်မယ်များမှ ရှေးဦးပြုစုခြင်းသရုပ်ပြသ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ခန်းမအတွင်းခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

      09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 86 guests and no members online

Latest Updates