ရှမ်းပြည်နယ်သတင်းများ

တိုင္း ေဒသႀကီးႏွင့္ျပည္နယ္ေဘာ္လီေဘာၿပိဳင္ပြဲ၊ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ေမ  -  ၂၂

104

၂၀၁၉ခုႏွစ္၊ အသက္(၂၅)ႏွစ္ေအာက္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အမ်ိဳးသားအမ်ိဳးသမီးေဘာ္လီေဘာၿပိဳင္ပြဲ၊ ဖြင့္ပြဲကို ေမ(၂၂)ရက္ နံနက္(၈) နာရီခြဲက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ၌က်င္းပသည္။

ဖြင့္ပြဲအခမ္းအနားတြင္ေဖ်ာ္ေျဖေရးအစီအစဥ္ျဖင့္တင္ဆက္ရာ ကိႏၷရီကႏၷရာ၊တိုးနယား ရွမ္းႀကီးသိုင္းအကျဖင့္ ေဖ်ာ္ေျဖ တင္ဆက္ၿပီးေတာင္ႀကီးပညာေရးေကာလိပ္မွဆရာ၊ဆရာမမ်ားက ထာဝရသစၥာေတးသီခ်င္းျဖင့္ တိုင္းရင္းသားတိုင္းရင္းသူမ်ား စုေပါင္းအကျဖင့္ေဖ်ာ္ေျဖတင္ဆက္ၾကသည္။

ဆက္လက္၍ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားကြင္းအတြင္းေနရာယူ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္အားအေလးျပဳၾကၿပီး၊ ရွမ္း ျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က တိုင္းေဒသႀကီးႏွင့္  ျပည္နယ္ေဘာ္လီေဘာၿပိဳင္ပြဲကို က်င္းပ ျပဳလုပ္ေပးရျခင္း၏ရည္႐ြယ္ခ်က္မွာ မိမိႏိုင္ငံေတာ္ကို ကိုယ္စားျပဳႏိုင္မည့္ ထူးခၽြန္ထက္ျမက္ေသာ ေဘာ္လီေဘာမ်ိဳးဆက္သစ္ လူငယ္အားကစားသမားမ်ားေပၚထြက္လာေစေရး၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အသီးသီးမွ ေဘာ္လီေဘာအားကစားသမားမ်ား အခ်င္းခ်င္းစုစည္းေတြ႕ဆုံ၍ ခ်စ္ခင္ရင္းႏွီးမႈရရွိၾကၿပီး ျပည္ေထာင္စုစိတ္ဓာတ္ရွင္သန္ထက္ျမက္လာေစေရးႏွင့္ တစ္မ်ိဳးသားလုံး က်န္းမာႀကံ႕ခိုင္ေရးကို အေထာက္အကူျပဳေစေရးတို႔အတြက္ျဖစ္ပါေၾကာင္း ျမန္မာ့ေဘာ္လီေဘာအားကစားအဆင့္အတန္း ျပန္လည္တိုးတက္ေအာင္ျမင္လာေစရန္ႏွင့္ မ်ိဳးဆက္သစ္အားကစားသမားမ်ားေပၚထြက္လာေစေရးတို႔အတြက္ ျမန္မာႏိုင္ငံ ေဘာ္လီေဘာအဖြဲ႕ခ်ဳပ္၊ တိုင္းေဒသႀကီး/ျပည္နယ္အားလုံးႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအားလုံးက အထူးအာ႐ုံစိုက္ၿပီး ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္၊ ၿပိဳင္ပြဲတြင္ပါဝင္မည့္ ဒိုင္လူႀကီးမ်ားကလည္း ဘက္လိုက္မႈကင္းၿပီး ၿပိဳင္ပြဲဥပေဒ စည္းမ်ဥ္း/စည္းကမ္းမ်ားအတိုင္း တရားမၽွတမွန္ကန္စြာဆုံးျဖတ္ေဆာင္႐ြက္ေပးၾကရန္၊ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ အားကစား သမားမ်ားကလည္း မိမိတို႔၏အစြမ္းအစအရည္အေသြးမ်ားကို အစြမ္းကုန္ေဖာ္ထုတ္ျပသၿပီး အားကစားစိတ္ဓာတ္ အျပည့္အဝႏွင့္ အေကာင္းဆုံးပါဝင္ယွဥ္ၿပိဳင္ကစားၾကရန္၊ ႏိုင္ငံေတာ္ကအားထားရမည့္ ႏိုင္ငံ့ဂုဏ္ေဆာင္အားကစားသမား ေကာင္းမ်ားျဖစ္လာေအာင္ ႀကိဳးစားသြားၾကရန္ေျပာၾကားသည္။

ထို႔ေနာက္ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားက အားကစားသစၥာအဓိဌာန္(၄)ခ်က္႐ြတ္ဆိုၾကၿပီး၊ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ဝင္ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းက ေဖ်ာ္ေျဖေရးအဖြဲ႕မ်ားအား ဂုဏ္ျပဳဆုေငြေပးအပ္ကာ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔က တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ၿပိဳင္ပြဲဝင္အမ်ိဳးသား အမ်ိဳးသမီးအားကစားသမားမ်ားအား လိုက္လံႏႈတ္ဆက္ၾက၍ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားက ကြင္းအတြင္းမွျပန္လည္ ထြက္ခြာၾကေၾကာင္းသိရသည္။

၎ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔သည္ ၿပိဳင္ပြဲပထမပြဲစဥ္အျဖစ္ အမ်ိဳးသား ၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္အသင္းႏွင့္မြန္ျပည္နယ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားေနမႈကိုၾကည့္႐ႈအားေပးၾကသည္။ အဆိုပါအသက္ (၂၅)ႏွစ္ေအာက္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အမ်ိဳးသားအမ်ိဳးသမီးေဘာ္လီေဘာၿပိဳင္ပြဲကို အုပ္စု(၄)စုခြဲ၍ ယွဥ္ၿပိဳင္ၾကၿပီး၊ အမ်ိဳးသားအသင္း(၁၅)သင္း၊ အမ်ိဳးသမီး(၁၃)သင္းပါဝင္ယွဥ္ၿပိဳင္ၾကကာ ၿပိဳင္ပြဲကိုေမလ(၂၂)ရက္ေန႔မွ (၃၁)ရက္ေန႔အထိ ေန႔စဥ္အမ်ိဳးသားအမ်ိဳးသမီး တစ္ရက္လၽွင္(၆)ပြဲ ယွဥ္ၿပိဳင္သြားၾကမည္ျဖစ္ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++

တိုင်း ဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ၊ဖွင့်ပွဲကျင်းပ

တောင်ကြီး မေ  -  ၂၂

၂၀၁၉ခုနှစ်၊ အသက်(၂၅)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားအမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ ဖွင့်ပွဲကို မေ(၂၂)ရက် နံနက်(၈) နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင်ဖျော်ဖြေရေးအစီအစဉ်ဖြင့်တင်ဆက်ရာ ကိန္နရီကန္နရာ၊တိုးနယား ရှမ်းကြီးသိုင်းအကဖြင့် ဖျော်ဖြေ တင်ဆက်ပြီးတောင်ကြီးပညာရေးကောလိပ်မှဆရာ၊ဆရာမများက ထာဝရသစ္စာတေးသီချင်းဖြင့် တိုင်းရင်းသားတိုင်းရင်းသူများ စုပေါင်းအကဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်အားအလေးပြုကြပြီး၊ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က တိုင်းဒေသကြီးနှင့်  ပြည်နယ်ဘော်လီဘောပြိုင်ပွဲကို ကျင်းပ ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်မှာ မိမိနိုင်ငံတော်ကို ကိုယ်စားပြုနိုင်မည့် ထူးချွန်ထက်မြက်သော ဘော်လီဘောမျိုးဆက်သစ် လူငယ်အားကစားသမားများပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဘော်လီဘောအားကစားသမားများ အချင်းချင်းစုစည်းတွေ့ဆုံ၍ ချစ်ခင်ရင်းနှီးမှုရရှိကြပြီး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုစေရေးတို့အတွက်ဖြစ်ပါကြောင်း မြန်မာ့ဘော်လီဘောအားကစားအဆင့်အတန်း ပြန်လည်တိုးတက်အောင်မြင်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးတို့အတွက် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးက အထူးအာရုံစိုက်ပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပြိုင်ပွဲတွင်ပါဝင်မည့် ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းပြီး ပြိုင်ပွဲဥပဒေ စည်းမျဉ်း/စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာဆုံးဖြတ်ဆောင်ရွက်ပေးကြရန်၊ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစား သမားများကလည်း မိမိတို့၏အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ် အပြည့်အဝနှင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကစားကြရန်၊ နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ကောင်းများဖြစ်လာအောင် ကြိုးစားသွားကြရန်ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကြပြီး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေပေးအပ်ကာ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲဝင်အမျိုးသား အမျိုးသမီးအားကစားသမားများအား လိုက်လံနှုတ်ဆက်ကြ၍ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှပြန်လည် ထွက်ခွာကြကြောင်းသိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ပြိုင်ပွဲပထမပွဲစဉ်အဖြစ် အမျိုးသား ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းနှင့်မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကိုကြည့်ရှုအားပေးကြသည်။ အဆိုပါအသက် (၂၅)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားအမျိုးသမီးဘော်လီဘောပြိုင်ပွဲကို အုပ်စု(၄)စုခွဲ၍ ယှဉ်ပြိုင်ကြပြီး၊ အမျိုးသားအသင်း(၁၅)သင်း၊ အမျိုးသမီး(၁၃)သင်းပါဝင်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲကိုမေလ(၂၂)ရက်နေ့မှ (၃၁)ရက်နေ့အထိ နေ့စဉ်အမျိုးသားအမျိုးသမီး တစ်ရက်လျှင်(၆)ပွဲ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 86 guests and no members online

Latest Updates