ရှမ်းပြည်နယ်သတင်းများ

အမ်ိဳးသား/အမ်ိဳးသမီးေဘာ္လီေဘာအသင္းအား ေအာင္ႏိုင္ေရးအလံေပးအပ္ပြဲ က်င္းပ

ေတာင္ႀကီး  ေမ  -  ၂၃

105

 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီ ဥကၠ႒ေဒါက္တာ မ်ိဳးထြန္းက ၂၀၁၉ခုႏွစ္တိုင္းေဒသႀကီးႏွင့္ျပည္နယ္အားကစားၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ရွမ္းျပည္နယ္အမ်ိဳးသား၊  အမ်ိဳးသမီး ေဘာ္လီေဘာအသင္းအား ေအာင္ႏိုင္ေရး အလံေပးအပ္ပြဲအခမ္းအနားကို ေမလ ၁၇ ရက္ နံနက္ ၁၁ နာရီခြဲက ေတာင္ႀကီးၿမိဳ႕ သစ္ေတာရပ္ကြက္ရွိ ျပည္နယ္ေလ့က်င့္ ေရးသုံးထပ္ေဆာင္ခန္းမ၌က်င္းပခဲ့ေၾကာင္းသိရသည္။

အခမ္းအနားတြင္ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌေဒါက္တာမ်ိဳး ထြန္း  က ရွမ္းျပည္နယ္သူနယ္သားမ်ားအားက်န္းမာႀကံ႕ခိုင္ေရး၊ ရွမ္းျပည္နယ္ရဲ႕အားကစားအဆင့္အတန္းျမင့္ေရး၊ အစဥ္အၿမဲႀကိဳးစား  ေဆာင္႐ြက္လ်က္ရွိရာဘ႑ေငြရရွိမႈအေပၚမူတည္၍ အားကစားကြင္း၊ အားကစား႐ုံတိုးတတ္ေအာင္ေဆာင္႐ြက္ေပးျခင္း၊ တိုးခ်ဲ႕ ေဆာက္လုပ္ေပးျခင္း၊ေတာင္ႀကီးၿမိဳ႕တြင္ေဘာလုံးကြင္း၊ ၾကက္ေတာင္ႏွင့္ဘတ္စကက္ေဘာ႐ုံ၊ ေလ့က်င့္ေရးအားကစား႐ုံ၊သုံးထပ္    ေလ့က်င့္ေရးအားကစား႐ုံခန္းမ၊ တင္းနစ္အားကစားကြင္းႏွင့္ ဝန္ထမ္းအိမ္ရာ၊ အားကစားသမားမ်ားတည္းခိုေဆာင္တို႔ကို တစ္စုတစ္စည္းတည္း တည္ေဆာက္ေပးထားခဲ့ၿပီးျဖစ္ပါေၾကာင္း၊ ဒီကြင္း၊ ႐ုံေတြမွာ ၿမိဳ႕နယ္ေပါင္းစုံၿပိဳင္ပြဲႏွင့္ခ႐ိုင္ေပါင္းစုံ ၿပိဳင္ပြဲ ေတြကိုလက္ခံက်င္းပေပးႏိုင္ခဲ့ပါေၾကာင္း၊ တဆင့္တက္ၿပီးတိုင္းေဒသႀကီးႏွင့္ျပည္နယ္ၿပိဳင္ပြဲကိုပါ လက္ခံက်င္းပေပး ေတာ့မွာျဖစ္ပါေၾကာင္း၊  အားကစားသမားမ်ားအေနျဖင့္ အႏိုင္ရရွိေရးအတြက္ႀကိဳးစားအားထုတ္သြားရန္ႏွင့္ ရွမ္းျပည္နယ္ရဲ႕ ဂုဏ္ကိုျမႇင့္တင္ ေပးႏိုင္ၾကတဲ့သားေကာင္း၊ သမီးေကာင္းေတြျဖစ္ၾကပါေစလိုဆႏၵျပဳ လိုက္ပါေၾကာင္းေျပာၾကားသည္။

ဆက္လက္၍ အမ်ိဳးသား၊ အမ်ိဳးသမီးေဘာ္လီေဘာအသင္းမွ နည္းျပခ်ဳပ္ႏွင့္အုပ္ခ်ဳပ္သူမ်ားက အသင္းဖြဲ႕စည္း ေလ့က်င့္မႈဆိုင္ရာမ်ားကိုတင္ျပၾကသည္။ ဆက္လက္၍ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာ ေကာ္မတီဥကၠ႒ေဒါက္တာမ်ိဳးထြန္းက ေအာင္ႏိုင္ေရးအလံအားေပးအပ္ၿပီး အမ်ိဳးသားေဘာ္ လီေဘာအသင္းႏွင့္အမ်ိဳးသမီး ေဘာ္လီေဘာအသင္းတို႔ကို ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာ ေကာ္မတီဥကၠ႒ေဒါက္တာ မ်ိဳးထြန္းက တစ္သင္းလၽွင္ေငြက်ပ္(၃)သိန္းစီျဖင့္ ေငြက်ပ္(၆)သိန္းႏွင့္ ရွမ္းျပည္နယ္ေဘာ္လီေဘာ ဆပ္ေကာ္မတီဥကၠ႒ ဦးေအာင္သန္းေက်ာ္က တစ္သင္းလၽွင္ေငြက်ပ္( ၁ )သိန္းခြဲစီျဖင့္ ေငြက်ပ္(၃)သိန္းတို႔ကို ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္းသိရသည္။ 

အခမ္းအနားသို႔ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠ႒ ေဒါက္တာ မ်ိဳးထြန္း၊ ျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန ၫြန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္း၊ ဒုတိယၫြန္ၾကားေရးမႉး ဦးတင္ထြန္း ႏွင့္လက္ေထာက္ၫြန္ၾကားေရးမႉးမ်ား၊ ဝန္ထမ္းမ်ား၊ ရွမ္းျပည္နယ္ေဘာ္လီေဘာဆပ္ေကာ္မတီဥကၠ႒ ဦးေအာင္သန္းေက်ာ္ ႏွင့္နည္းျပခ်ဳပ္၊ အသင္းအုပ္ခ်ဳပ္သူမ်ား၊ ၿပိဳင္ပြဲဝင္အားကစားသမားမ်ား တက္ေရာက္ၾကၿပီး ေန႔လယ္စာအတူတကြသုံးေဆာင္ ခဲ့ေၾကာင္း သိရသည္။ 

ထို႔ေနာက္ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠ႒ ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန ၫြန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္းႏွင့္အဖြဲ႕ဝင္မ်ားသည္ ေမလ ၂၂ ရက္ေန႔မွ ၃၁ရက္ေန႔အထိက်င္းပျပဳလုပ္မည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ အမ်ိဳးသား၊အမ်ိဳးသမီးေဘာ္လီေဘာၿပိဳင္ပြဲသို႔ဝင္ေရာက္ယွဥ္ ၿပိဳင္မည့္ နည္းျပခ်ဳပ္၊အသင္းအုပ္ခ်ဳပ္သူမ်ား၊အားကစားသမားမ်ားတည္ခိုမည့္အေဆာင္မ်ားအား ေရ၊ မီး၊ နားေနေဆာင္၊ သန္႔စင္ခန္း၊ စားေသာက္ေဆာင္ႏွင့္အားကစား႐ုံတို႔ကိုလွည့္လည္ၾကည့္႐ႈကာ လိုအပ္သည္မ်ားမွာၾကားခဲ့ေၾကာင္းသိရသည္။

အစရ(ရွမ္း)

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အမျိုးသား/အမျိုးသမီးဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ ကျင်းပ

တောင်ကြီး  မေ  -  ၂၃

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဒေါက်တာ မျိုးထွန်းက ၂၀၁၉ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အမျိုးသား၊  အမျိုးသမီး ဘော်လီဘောအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားကို မေလ ၁၇ ရက် နံနက် ၁၁ နာရီခွဲက တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့် ရေးသုံးထပ်ဆောင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဒေါက်တာမျိုး ထွန်း  က ရှမ်းပြည်နယ်သူနယ်သားများအားကျန်းမာကြံ့ခိုင်ရေး၊ ရှမ်းပြည်နယ်ရဲ့အားကစားအဆင့်အတန်းမြင့်ရေး၊ အစဉ်အမြဲကြိုးစား  ဆောင်ရွက်လျက်ရှိရာဘဏ္ဍငွေရရှိမှုအပေါ်မူတည်၍ အားကစားကွင်း၊ အားကစားရုံတိုးတတ်အောင်ဆောင်ရွက်ပေးခြင်း၊ တိုးချဲ့ ဆောက်လုပ်ပေးခြင်း၊တောင်ကြီးမြို့တွင်ဘောလုံးကွင်း၊ ကြက်တောင်နှင့်ဘတ်စကက်ဘောရုံ၊ လေ့ကျင့်ရေးအားကစားရုံ၊သုံးထပ်    လေ့ကျင့်ရေးအားကစားရုံခန်းမ၊ တင်းနစ်အားကစားကွင်းနှင့် ဝန်ထမ်းအိမ်ရာ၊ အားကစားသမားများတည်းခိုဆောင်တို့ကို တစ်စုတစ်စည်းတည်း တည်ဆောက်ပေးထားခဲ့ပြီးဖြစ်ပါကြောင်း၊ ဒီကွင်း၊ ရုံတွေမှာ မြို့နယ်ပေါင်းစုံပြိုင်ပွဲနှင့်ခရိုင်ပေါင်းစုံ ပြိုင်ပွဲ တွေကိုလက်ခံကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ တဆင့်တက်ပြီးတိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲကိုပါ လက်ခံကျင်းပပေး တော့မှာဖြစ်ပါကြောင်း၊  အားကစားသမားများအနေဖြင့် အနိုင်ရရှိရေးအတွက်ကြိုးစားအားထုတ်သွားရန်နှင့် ရှမ်းပြည်နယ်ရဲ့ ဂုဏ်ကိုမြှင့်တင် ပေးနိုင်ကြတဲ့သားကောင်း၊ သမီးကောင်းတွေဖြစ်ကြပါစေလိုဆန္ဒပြု လိုက်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသား၊ အမျိုးသမီးဘော်လီဘောအသင်းမှ နည်းပြချုပ်နှင့်အုပ်ချုပ်သူများက အသင်းဖွဲ့စည်း လေ့ကျင့်မှုဆိုင်ရာများကိုတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်းက အောင်နိုင်ရေးအလံအားပေးအပ်ပြီး အမျိုးသားဘော် လီဘောအသင်းနှင့်အမျိုးသမီး ဘော်လီဘောအသင်းတို့ကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဒေါက်တာ မျိုးထွန်းက တစ်သင်းလျှင်ငွေကျပ်(၃)သိန်းစီဖြင့် ငွေကျပ်(၆)သိန်းနှင့် ရှမ်းပြည်နယ်ဘော်လီဘော ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းကျော်က တစ်သင်းလျှင်ငွေကျပ်( ၁ )သိန်းခွဲစီဖြင့် ငွေကျပ်(၃)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွန်ကြားရေးမှူး ဦးတင်ထွန်း နှင့်လက်ထောက်ညွန်ကြားရေးမှူးများ၊ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းကျော် နှင့်နည်းပြချုပ်၊ အသင်းအုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြပြီး နေ့လယ်စာအတူတကွသုံးဆောင် ခဲ့ကြောင်း သိရသည်။ 

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်အဖွဲ့ဝင်များသည် မေလ ၂၂ ရက်နေ့မှ ၃၁ရက်နေ့အထိကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲသို့ဝင်ရောက်ယှဉ် ပြိုင်မည့် နည်းပြချုပ်၊အသင်းအုပ်ချုပ်သူများ၊အားကစားသမားများတည်ခိုမည့်အဆောင်များအား ရေ၊ မီး၊ နားနေဆောင်၊ သန့်စင်ခန်း၊ စားသောက်ဆောင်နှင့်အားကစားရုံတို့ကိုလှည့်လည်ကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 52 guests and no members online

Latest Updates