ရှမ်းပြည်နယ်သတင်းများ

ဒုတိယအႀကိမ္သေဘာတူျပင္ဆင္ခ်က္စာခ်ဳပ္ လက္မွတ္ေရးထိုးျခင္းႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ျခင္းစာခ်ဳပ္၊ ခ်ဳပ္ဆို

ေတာင္ႀကီး ေမ  −  ၂၄

107

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ေဒသႏၲရ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းေကာ္မတီႏွင့္ ခ်စ္ၾကည္ေရး ကုမၸဏီလီမိတက္ တို႔အၾကား ခ်င္းေ႐ႊေဟာ္အထူးစီးပြားေရးေဒသ ေဖာ္ထုတ္ျခင္းစီမံကိန္းဆိုင္ရာ နားလည္မႈ စာခၽြန္လႊာ MOU သက္တမ္းတိုးျမႇင့္ ျခင္းအတြက္ ဒုတိယအႀကိမ္သေဘာတူျပင္ဆင္ခ်က္စာခ်ဳပ္ လက္မွတ္ေရးထိုးျခင္း အခမ္းအနားကို ေမလ(၂၃)ရက္ မြန္းလြဲ(၂) နာရီက ေတာင္ႀကီးၿမိဳ႕သစ္ေတာရပ္ကြက္ရွိ ရွမ္းျပည္နယ္အစိုးရ႐ုံးအစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္းသိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးအဖြဲ႕၊ ျပည္နယ္ေဒသႏၲရ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း ေကာ္မတီဥကၠဌ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္က နားလည္မႈ စာခၽြန္လႊာ MOU သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးျခင္း ဆိုင္ရာမ်ားႏွင့္ ပက္သက္၍ ရွင္းလင္းေျပာၾကားၿပီး ကုမၸဏီလီမီတက္မွ အႀကံေပးဦးယုေမာင္က နယ္စပ္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို ခ်စ္ၾကည္ေရးကုမၸဏီမွ အဓိကထားေဆာင္႐ြက္ေပးျခင္းျဖစ္ၿပီး၊ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းဆိုင္ရာတို႔ကို ရွင္းလင္းေျပာၾကားသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးအဖြဲ႕၊ ျပည္နယ္ေဒသႏၲရ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း ေကာ္မတီဥကၠဌ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္ႏွင့္ ျပည္နယ္လၽွပ္စစ္၊ စက္မႈလက္မႈႏွင့္စြမ္းအင္ဝန္ႀကီးစိုင္းရွဲန္တစ္လုံတို႔ႏွင့္ ခ်စ္ၾကည္ေရး ကုမၸဏီလီမီတက္မွ တာဝန္ရွိသူတို႔ႏွင့္ ဒုတိယအႀကိမ္ သေဘာတူျပင္ဆင္ခ်က္စာခ်ဳပ္အား လက္မွတ္ေရးထိုးၾကၿပီး သေဘာတူ ျပင္ဆင္ခ်က္စာခ်ဳပ္မ်ားကို လဲလွယ္ေပးအပ္ၾကသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးအဖြဲ႕၊ ျပည္နယ္ေဒသႏၲရ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း ေကာ္မတီဥကၠဌ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဦးစိုးၫြန္႔လြင္ႏွင့္ တာဝန္ရွိသူတို႔သည္ လား႐ႈိးၿမိဳ႕နယ္၊ ထင္း႐ႈးၿမိဳင္အိမ္ရာ စီမံကိန္းတည္ေဆာက္ရန္အတြက္ လုပ္ငန္းသေဘာတူစာခ်ဳပ္ကို တတိယအႀကိမ္ ျပင္ဆင္သည့္စာခ်ဳပ္ႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ျခင္းစာခ်ဳပ္ ခ်ဳပ္ဆို ခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ်သဘောတူပြင်ဆင်ချက်စာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းစာချုပ်၊ ချုပ်ဆို

တောင်ကြီး မေ  −  ၂၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကော်မတီနှင့် ချစ်ကြည်ရေး ကုမ္ပဏီလီမိတက် တို့အကြား ချင်းရွှေဟော်အထူးစီးပွားရေးဒေသ ဖော်ထုတ်ခြင်းစီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ MOU သက်တမ်းတိုးမြှင့် ခြင်းအတွက် ဒုတိယအကြိမ်သဘောတူပြင်ဆင်ချက်စာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မေလ(၂၃)ရက် မွန်းလွဲ(၂) နာရီက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးအဖွဲ့၊ ပြည်နယ်ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကော်မတီဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က နားလည်မှု စာချွန်လွှာ MOU သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း ဆိုင်ရာများနှင့် ပက်သက်၍ ရှင်းလင်းပြောကြားပြီး ကုမ္ပဏီလီမီတက်မှ အကြံပေးဦးယုမောင်က နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ချစ်ကြည်ရေးကုမ္ပဏီမှ အဓိကထားဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးအဖွဲ့၊ ပြည်နယ်ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကော်မတီဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ပြည်နယ်လျှပ်စစ်၊ စက်မှုလက်မှုနှင့်စွမ်းအင်ဝန်ကြီးစိုင်းရှဲန်တစ်လုံတို့နှင့် ချစ်ကြည်ရေး ကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူတို့နှင့် ဒုတိယအကြိမ် သဘောတူပြင်ဆင်ချက်စာချုပ်အား လက်မှတ်ရေးထိုးကြပြီး သဘောတူ ပြင်ဆင်ချက်စာချုပ်များကို လဲလှယ်ပေးအပ်ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးအဖွဲ့၊ ပြည်နယ်ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကော်မတီဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်နှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့နယ်၊ ထင်းရှုးမြိုင်အိမ်ရာ စီမံကိန်းတည်ဆောက်ရန်အတွက် လုပ်ငန်းသဘောတူစာချုပ်ကို တတိယအကြိမ် ပြင်ဆင်သည့်စာချုပ်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းစာချုပ် ချုပ်ဆို ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 64 guests and no members online

Latest Updates