ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ကမၻာ့ဘဏ္မွ Mr. Sunil Kumar Khosla ဦးေဆာင္ေသာအဖြဲ႕ႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ေမ  −  ၂၄

108

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံ၊ အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္တို႔ႏွင့္အတူ ေမ(၂၄)ရက္ နံနက္(၁၁)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး ျပည္နယ္ဝန္ႀကီးခ်ဳပ္ (call)ခန္းမ၌ ကမၻာ့ဘဏ္မွ Mr. Sunil Kumar Khosla ဦးေဆာင္ေသာအဖြဲ႕ႏွင့္ ေတြ႕ဆုံေၾကာင္းသိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ Mr. Sunil Kumar Khosla မွ ယခုလိုရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ဆုံ ရသည့္အတြက္ ဝမ္းသာပါေၾကာင္း၊ ကမၻာ့ဘဏ္မွ လၽွပ္စစ္က႑မ်ားကို ေဆာင္႐ြက္ေပးေနမႈအား လာေရာက္ရွင္းလင္းရျခင္း ျဖစ္ေၾကာင္း၊ မိမိတို႔အဖြဲ႕သည္ ကမၻာ့ဘဏ္တြင္ ၂၀၁၂ခုႏွစ္တြင္ျပန္လည္ပါဝင္လာၿပီး ျမန္မာႏိုင္ငံကို စတင္ကူညီခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ဓာတ္အားေပးစက္႐ုံအေဟာင္းႏွင့္ အသစ္မ်ားကိုလည္း ေဆာင္႐ြက္ေပးေနေၾကာင္း၊ သဘာဝဓာတ္ေငြ႕မ်ားကို စက္႐ုံေဟာင္းႏွင့္စက္႐ုံသစ္တြင္အသုံးျပဳေနေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ဓာတ္အားအသုံးျပဳႏိုင္ရန္လိုအပ္သျဖင့္ အေမရိကန္ သန္း(၄၀၀)ျဖင့္ ျမန္မာႏိုင္ငံအတြက္ မီးရရွိေရးကူညီေပးေနေၾကာင္း၊ ေက်း႐ြာမ်ားရွိလမ္း၊ ဘုန္းႀကီးေက်ာင္း၊ စာသင္ေက်ာင္း မ်ားမီးရရွိေရးကို ေဆာင္႐ြက္လိုပါေၾကာင္း၊ (ksw)သည္ ရွမ္းျပည္နယ္တြင္အလုပ္လုပ္ကိုင္လ်က္ရွိေၾကာင္း၊ project တစ္ခု ၿပီးပါက ေနာက္ projectကို စဥ္းစားထားပါေၾကာင္း ေက်း႐ြာမ်ားတြင္လည္း ေနာက္ထပ္လၽွပ္စစ္မီးရရွိေရးကို စဥ္းစားထား ပါေၾကာင္း၊ ၂၀၁၆−၂၀၁၇ခုႏွစ္၊ ၂၀၁၇−၂၀၁၈ခုႏွစ္၊ ၂၀၁၈−၂၀၁၉ခုႏွစ္မ်ားတြင္ ေက်း႐ြာမ်ားကို လၽွပ္စစ္မီးမ်ားရရွိရန္ ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ေနာက္ထပ္ေက်း႐ြာ(၄၇၅)႐ြာကိုလည္း ေဆာင္႐ြက္ေပးရန္ရွိပါေၾကာင္း ေဆြးေႏြးေျပာၾကား သြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ယခုလိုကမၻာ့ဘဏ္မွ Mr. Sunil Kumar Khosla ဦးေဆာင္ေသာအဖြဲ႕ႏွင့္ေတြ႕ဆုံရသည့္အတြက္ဝမ္းသာပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ကူညီပံ့ပိုးေပး ႏိုင္မည့္က႑မ်ားရွိပါက ကူညီပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း၊ ကမၻာ့ဘဏ္ႏွင့္လက္တြဲ၍ ေဆာင္႐ြက္ေပးရန္ႏွင့္ ရွမ္းျပည္နယ္ တြင္အဓိကလိုအပ္ခ်က္မ်ားကို ေဆာင္႐ြက္ေပးသည့္အတြက္ေက်းဇူးတင္ရွိပါေၾကာင္း၊ ေဆြးေႏြးေျပာၾကားသြားေၾကာင္း သိရွိရ သည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ကမ္ဘာ့ဘဏ်မှ Mr. Sunil Kumar Khosla ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ

တောင်ကြီး မေ  −  ၂၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့နှင့်အတူ မေ(၂၄)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ် (call)ခန်းမ၌ ကမ္ဘာ့ဘဏ်မှ Mr. Sunil Kumar Khosla ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် Mr. Sunil Kumar Khosla မှ ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ကမ္ဘာ့ဘဏ်မှ လျှပ်စစ်ကဏ္ဍများကို ဆောင်ရွက်ပေးနေမှုအား လာရောက်ရှင်းလင်းရခြင်း ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည် ကမ္ဘာ့ဘဏ်တွင် ၂၀၁၂ခုနှစ်တွင်ပြန်လည်ပါဝင်လာပြီး မြန်မာနိုင်ငံကို စတင်ကူညီခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဓာတ်အားပေးစက်ရုံအဟောင်းနှင့် အသစ်များကိုလည်း ဆောင်ရွက်ပေးနေကြောင်း၊ သဘာဝဓာတ်ငွေ့များကို စက်ရုံဟောင်းနှင့်စက်ရုံသစ်တွင်အသုံးပြုနေကြောင်း၊ မြန်မာနိုင်ငံတွင် ဓာတ်အားအသုံးပြုနိုင်ရန်လိုအပ်သဖြင့် အမေရိကန် သန်း(၄၀၀)ဖြင့် မြန်မာနိုင်ငံအတွက် မီးရရှိရေးကူညီပေးနေကြောင်း၊ ကျေးရွာများရှိလမ်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း များမီးရရှိရေးကို ဆောင်ရွက်လိုပါကြောင်း၊ (ksw)သည် ရှမ်းပြည်နယ်တွင်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ project တစ်ခု ပြီးပါက နောက် projectကို စဉ်းစားထားပါကြောင်း ကျေးရွာများတွင်လည်း နောက်ထပ်လျှပ်စစ်မီးရရှိရေးကို စဉ်းစားထား ပါကြောင်း၊ ၂၀၁၆−၂၀၁၇ခုနှစ်၊ ၂၀၁၇−၂၀၁၈ခုနှစ်၊ ၂၀၁၈−၂၀၁၉ခုနှစ်များတွင် ကျေးရွာများကို လျှပ်စစ်မီးများရရှိရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နောက်ထပ်ကျေးရွာ(၄၇၅)ရွာကိုလည်း ဆောင်ရွက်ပေးရန်ရှိပါကြောင်း ဆွေးနွေးပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုလိုကမ္ဘာ့ဘဏ်မှ Mr. Sunil Kumar Khosla ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရသည့်အတွက်ဝမ်းသာပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီပံ့ပိုးပေး နိုင်မည့်ကဏ္ဍများရှိပါက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်နှင့်လက်တွဲ၍ ဆောင်ရွက်ပေးရန်နှင့် ရှမ်းပြည်နယ် တွင်အဓိကလိုအပ်ချက်များကို ဆောင်ရွက်ပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ ဆွေးနွေးပြောကြားသွားကြောင်း သိရှိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 44 guests and no members online

Latest Updates