ရွမ္းျပည္နယ္ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီအစည္းအေဝးက်င္းပ

ေတာင္ႀကီး  ေမ   −   ၂၄

109

ရွမ္းျပည္နယ္ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ အစည္းအေဝးအမွတ္စဥ္ (၁/၂၀၁၉)ကို ေမ(၂၄)ရက္မြန္းလႊဲ(၂)နာရီခြဲက ေတာင္ႀကီးၿမိဳ႕     ရွမ္းျပည္နယ္အစိုးရ႐ုံး အစည္းအေဝးခန္းမ၌က်င္းပသည္။

ရွမ္းျပည္နယ္ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီဥကၠ႒ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ရွမ္းျပည္နယ္ရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရး စီမံကိန္းေရးဆြဲႏိုင္ေရးအတြက္ ေဆြးေႏြးဆုံးျဖတ္စရာမ်ားကို ဝိုင္းဝန္းေဆြးေႏြး ဆုံးျဖတ္ေပးၾကရန္ စီမံကိန္းေရးဆြဲႏိုင္ေရးအတြက္လည္းေကာ္မတီအေနျဖင့္ လုပ္ငန္းေကာ္မတီတစ္ရပ္ဖြဲ႕စည္းတာဝန္ေပးအပ္ သြားရန္ႏွင့္ ဝိုင္းဝန္းေဆြးေႏြးေပးၾကရန္ ေကာ္မတီအေနျဖင့္ အတည္ျပဳမိန္႔ခြင့္ျပဳႏိုင္ခဲ့ေသာ အေရအတြက္အားျဖင့္နည္းပါး ေနေသးေသာေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုစီးဝင္လာေစရန္ ေကာ္မတီဝင္မ်ားအားလုံးမွ ႀကိဳးပမ္းေဆာင္႐ြက္ေပးၾကရန္ ေျပာၾကားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီအတြင္းေရးမႉး ဦးေလးႏိုင္မွ ရွမ္းျပည္နယ္ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ျခင္း စီမံကိန္းေရးဆြဲႏိုင္ရန္အတြက္ လုပ္ငန္းစဥ္အဆင့္မ်ားႏွင့္ ခန္႔မွန္းကာလအႏွစ္ခ်ဳပ္ေဖာ္ျပခ်က္ မူၾကမ္းအား ရွင္းလင္း ေဆြးေႏြးတင္ျပၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီအဖြဲ႕ဝင္မ်ားမွ ပါဝင္ေဆြးေႏြးကာ ရွမ္းျပည္နယ္ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ ဥကၠ႒ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ နိဂုံးခ်ဳပ္စကားေျပာၾကားခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09−250132943 

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးကျင်းပ

တောင်ကြီး  မေ   −   ၂၄

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၉)ကို မေ(၂၄)ရက်မွန်းလွှဲ(၂)နာရီခွဲက တောင်ကြီးမြို့     ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးဆုံးဖြတ်စရာများကို ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ပေးကြရန် စီမံကိန်းရေးဆွဲနိုင်ရေးအတွက်လည်းကော်မတီအနေဖြင့် လုပ်ငန်းကော်မတီတစ်ရပ်ဖွဲ့စည်းတာဝန်ပေးအပ် သွားရန်နှင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန် ကော်မတီအနေဖြင့် အတည်ပြုမိန့်ခွင့်ပြုနိုင်ခဲ့သော အရေအတွက်အားဖြင့်နည်းပါး နေသေးသောကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရန် ကော်မတီဝင်များအားလုံးမှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဦးလေးနိုင်မှ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း စီမံကိန်းရေးဆွဲနိုင်ရန်အတွက် လုပ်ငန်းစဉ်အဆင့်များနှင့် ခန့်မှန်းကာလအနှစ်ချုပ်ဖော်ပြချက် မူကြမ်းအား ရှင်းလင်း ဆွေးနွေးတင်ပြပြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များမှ ပါဝင်ဆွေးနွေးကာ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943