ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဖြံၿဖိဳးတိုးတက္ေရးအတြက္ဂ်ာမနီသံ႐ုံးမွ သံမႉးႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး  ေမ   −   ၂၇

112

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စိုက္ပ်ိဳးေရးေမြးျမဴ ေရးႏွင့္ဆည္ေျမာင္း ဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္၊ ျပည္နယ္လမ္းဦးစီးဌာနႏွင့္ ေက်းလက္ေဒသဦးစီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္အတူ ေမ(၂၇)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံးျပည္နယ္ဝန္ႀကီးခ်ဳပ္(call)ခန္းမ၌ ရန္ကုန္ၿမိဳ႕ဂ်ာမနီႏိုင္ငံသံ႐ုံးမွ ရွမ္းျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဂ်ာမနီႏိုင္ငံမွပူးေပါင္းေဆာင္႐ြက္မႈကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးလိုေသာေၾကာင့္ ဂ်ာမနီ ႏိုင္ငံမွ Senior Policy Offocer ျဖစ္သူ Mrs.Marina Schmeisser ၊ GIZ ၏ Country Director ျဖစ္သူ Mrs.Petra Schill၊ Kfwe Country Director ျဖစ္သူ Mrs.Eva Schneiderb ႏွင့္ဂ်ာမနီသံ႐ုံးမွသံမႉး Dr.Katharina Spiess တို႔ႏွင့္ေတြ႕ဆုံေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ဂ်ာမနီသံ႐ုံးအဖြဲ႕မွ ယခုလိုရွမ္းျပည္နယ္အစိုးရအဖြဲ႕က မိမိတို႔အဖြဲ႕အား ေတြ႕ဆုံခြင့္ေပးသည့္ အတြက္ အထူးေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိတို႔သံအမတ္ႀကီးေနမေကာင္းပါသျဖင့္ ခြင့္လြတ္နားလည္ေပးႏိုင္ပါရန္ႏွင့္ ၿပီးခဲ့ေသာကာလက ျမန္မာႏိုင္ငံႏွင့္ဂ်ာမနီႏိုင္ငံပူးေပါင္းေဆာင္႐ြက္ရန္အတြက္ေတြ႕ဆုံခဲ့ၿပီးျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ပထမ က႑အေနျဖင့္ ႀကီးပြားတိုးတက္ေရးအတြက္ စီးပြားေရးလုပ္ငန္းကိုေဆာင္႐ြက္လိုေၾကာင္း၊ ဒုတိယက႑အေနျဖင့္ ေက်းလက္ ေဒသဖြံၿဖိဳးေရးအတြက္ လမ္းတံတား၊ ေရ၊ လၽွပ္စစ္မီးရရွိေရးအတြက္ ေဆာင္႐ြက္လိုေၾကာင္း၊ ဂ်ာမနီအဖြဲ႕အေနျဖင့္ ရွမ္းျပည္နယ္တြင္လာေရာက္ပူးေပါင္းေဆာင္႐ြက္လိုေၾကာင္း၊ ေက်းလက္ေဒသလမ္းမ်ားကိုဂ်ာမနီအေနျဖင့္ ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ပူးေပါင္းေဆာင္႐ြက္မႈကိုလက္ခံေပးသည့္အတြက္ေက်းဇူးတင္ရွိပါေၾကာင္း၊ ေရရွည္ပူးေပါင္း ႏိုင္ရန္အတြက္ ေဖာက္လုပ္မည့္လမ္းမ်ားကိုေ႐ြးခ်ယ္ရမည္ျဖစ္ေၾကာင္း၊ လမ္းေဖာက္လုပ္သည့္အခါ စံခ်ိန္စံၫႊန္းႏွင့္ကိုက္ညီ ရမည္ျဖစ္ၿပီးစီးပြားေရးအတြက္အဆင္ေျပမည့္လမ္းမ်ားကိုေ႐ြးခ်ယ္ရမည္ျဖစ္ေၾကာင္း၊ လင္းေခးခ႐ိုင္ကိုေ႐ြးခ်ယ္ထားမႈမရွိဘဲ လြိဳင္လင္ခ႐ိုင္ကိုသာေ႐ြးခ်ယ္ထားပါေၾကာင္း၊ စိုက္ပ်ိဳးေရးက႑ႏွင့္ လမ္းပန္းဆက္သြယ္ေရးက႑ကို ေ႐ြးခ်ယ္ထားသည့္ အတြက္အထူးေက်းဇူးတင္ရွိပါေၾကာင္းေဆြးေႏြးသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္က ယခုလိုဂ်ာမနီအဖြဲ႕ႏွင့္ေတြ႕ဆုံရသည့္အတြက္ ေက်းဇူး တင္ရွိပါေၾကာင္းႏွင့္ တက္ေရာက္လာသည့္ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားကိုမိတ္ဆက္ေပးၿပီး ျပည္နယ္လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးကေဆြးေႏြးရာ KFW သည္ ရည္႐ြယ္ခ်က္ေကာင္းပါေၾကာင္း ထုတ္ကုန္စီးပြားေရး ေစ်းကြက္သို႔ဝင္ေရာက္ေနပါသျဖင့္ အထူးဘဲေက်းဇူးတင္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္ကိုေ႐ြး၍ျပဳလုပ္ေပးသည့္အတြက္ ေက်းဇူး တင္ရွိပါေၾကာင္းႏွင့္ ေတာင္နီ၊ ေတာင္ေလးလုံး၊ သံတဲ လမ္းကိုလမ္းအရွည္အမည္မသတ္မွတ္ဘဲ ဂ်ာမနီလမ္းဟုေခၚတြင္ ပါေၾကာင္း၊ ေနာင္တြင္လည္း လုပ္ငန္းေဆာင္႐ြက္ရာတြင္ မ်ားစြာပါဝင္ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေဆြးေႏြး သြားၿပီး ျပည္နယ္စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္မွ ေဆြးေႏြးရာတြင္ ယခုလိုဂ်ာမနီအဖြဲ႕ႏွင့္ ေတြ႕ဆုံ ရသည့္အတြက္ေက်းဇူးတင္ရွိပါေၾကာင္း၊ GIZ အဖြဲ႕သည္ မိမိတို႔စိုက္ပ်ိဳးေရးႏွင့္ေက်းလက္ေဒသကို အေထာက္အကူျပဳေနေသာ အဖြဲ႕ျဖစ္ေနသည့္အျပင္ နည္းပညာေစ်းကြက္မ်ားကို ပူးေပါင္းေဆာင္႐ြက္ေပးေနသည့္ အဖြဲ႕ျဖစ္သည့္အတြက္ အထူးေက်းဇူး တင္ရွိပါေၾကာင္းေဆြးေႏြးသြားသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09−250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဖွံဖြိုးတိုးတက်ရေးအတွက်ဂျာမနီသံရုံးမှ သံမှူးနှင့်တွေ့ဆုံ

တောင်ကြီး  မေ   −   ၂၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူ ရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ပြည်နယ်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မေ(၂၇)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးပြည်နယ်ဝန်ကြီးချုပ်(call)ခန်းမ၌ ရန်ကုန်မြို့ဂျာမနီနိုင်ငံသံရုံးမှ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျာမနီနိုင်ငံမှပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးလိုသောကြောင့် ဂျာမနီ နိုင်ငံမှ Senior Policy Offocer ဖြစ်သူ Mrs.Marina Schmeisser ၊ GIZ ၏ Country Director ဖြစ်သူ Mrs.Petra Schill၊ Kfwe Country Director ဖြစ်သူ Mrs.Eva Schneiderb နှင့်ဂျာမနီသံရုံးမှသံမှူး Dr.Katharina Spiess တို့နှင့်တွေ့ဆုံကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျာမနီသံရုံးအဖွဲ့မှ ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့က မိမိတို့အဖွဲ့အား တွေ့ဆုံခွင့်ပေးသည့် အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့သံအမတ်ကြီးနေမကောင်းပါသဖြင့် ခွင့်လွတ်နားလည်ပေးနိုင်ပါရန်နှင့် ပြီးခဲ့သောကာလက မြန်မာနိုင်ငံနှင့်ဂျာမနီနိုင်ငံပူးပေါင်းဆောင်ရွက်ရန်အတွက်တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ပထမ ကဏ္ဍအနေဖြင့် ကြီးပွားတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းကိုဆောင်ရွက်လိုကြောင်း၊ ဒုတိယကဏ္ဍအနေဖြင့် ကျေးလက် ဒေသဖွံဖြိုးရေးအတွက် လမ်းတံတား၊ ရေ၊ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်လိုကြောင်း၊ ဂျာမနီအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်တွင်လာရောက်ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ကျေးလက်ဒေသလမ်းများကိုဂျာမနီအနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကိုလက်ခံပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ ရေရှည်ပူးပေါင်း နိုင်ရန်အတွက် ဖောက်လုပ်မည့်လမ်းများကိုရွေးချယ်ရမည်ဖြစ်ကြောင်း၊ လမ်းဖောက်လုပ်သည့်အခါ စံချိန်စံညွှန်းနှင့်ကိုက်ညီ ရမည်ဖြစ်ပြီးစီးပွားရေးအတွက်အဆင်ပြေမည့်လမ်းများကိုရွေးချယ်ရမည်ဖြစ်ကြောင်း၊ လင်းခေးခရိုင်ကိုရွေးချယ်ထားမှုမရှိဘဲ လွိုင်လင်ခရိုင်ကိုသာရွေးချယ်ထားပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ရွေးချယ်ထားသည့် အတွက်အထူးကျေးဇူးတင်ရှိပါကြောင်းဆွေးနွေးသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်က ယခုလိုဂျာမနီအဖွဲ့နှင့်တွေ့ဆုံရသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့် တက်ရောက်လာသည့်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများကိုမိတ်ဆက်ပေးပြီး ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကဆွေးနွေးရာ KFW သည် ရည်ရွယ်ချက်ကောင်းပါကြောင်း ထုတ်ကုန်စီးပွားရေး စျေးကွက်သို့ဝင်ရောက်နေပါသဖြင့် အထူးဘဲကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်ကိုရွေး၍ပြုလုပ်ပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့် တောင်နီ၊ တောင်လေးလုံး၊ သံတဲ လမ်းကိုလမ်းအရှည်အမည်မသတ်မှတ်ဘဲ ဂျာမနီလမ်းဟုခေါ်တွင် ပါကြောင်း၊ နောင်တွင်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် များစွာပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး သွားပြီး ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ဆွေးနွေးရာတွင် ယခုလိုဂျာမနီအဖွဲ့နှင့် တွေ့ဆုံ ရသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ GIZ အဖွဲ့သည် မိမိတို့စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသကို အထောက်အကူပြုနေသော အဖွဲ့ဖြစ်နေသည့်အပြင် နည်းပညာစျေးကွက်များကို ပူးပေါင်းဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်သည့်အတွက် အထူးကျေးဇူး တင်ရှိပါကြောင်းဆွေးနွေးသွားသည်။ 

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 49 guests and no members online