ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္နယ္အဆင့္ ေက်ာင္းအပ္ႏွံေရးေန႔က်င္းပ

လား႐ႈိး ေမ -    ၂၇

111

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္နယ္အဆင့္ ေက်ာင္းအပ္ႏွံေရးသီတင္းပတ္ အခမ္းအနားကို ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ လား႐ႈိးၿမိဳ႕တြင္ ေမ ၂၆ က က်င္းပခဲ့ေၾကာင္းသိရသည္။ အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ေက်ာင္းအုပ္ဆရာ/ဆရာမႀကီးမ်ား၊ သက္ဆိုင္ရာတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားသည္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ျပည္နယ္/ခ႐ိုင္/ ၿမိဳ႕နယ္ ပညာေရးမႉးမ်ားႏွင့္ ေတြ႕ဆုံကာ လိုအပ္ခ်က္မ်ားကို ေပါင္းစပ္ၫွိႏႈိင္း ေဆာင္႐ြက္ေပးခဲ့ေၾကာင္းသိရသည္။

အစရ(ရွမ္း)

unicode++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ကျင်းပ

လားရှိုး မေ -    ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မေ ၂၆ က ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်နယ်/ခရိုင်/ မြို့နယ် ပညာရေးမှူးများနှင့် တွေ့ဆုံကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)