ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္(ေတာင္ပိုင္း )ျပည္နယ္အဆင့္ေက်ာင္းအပ္ႏွံေရးေန႔က်င္းပ

ေတာင္ႀကီး ေမ    −     ၂၈

113

“ပညာေရးျဖင့္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ ႏိုင္ငံေတာ္ႀကီးတည္ေဆာက္အံ့” ဆိုသည့္ ပညာေရးေဆာင္ပုဒ္ထားၿပီး ေဆာင္႐ြက္ေနသည့္အတိုင္း ေမ(၂၈)ရက္ နံနက္(၈)နာရီခြဲက ေတာင္ႀကီးၿမိဳ႕ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္း၌ ၂၀၁၉ −၂၀၂၀ ပညာသင္ႏွစ္ ျပည္နယ္အဆင့္ ေက်ာင္းအပ္ႏွံေရးေန႔က်င္းပေၾကာင္းသိရသည္။

၂၀၁၉−၂၀၂၀ ပညာသင္ႏွစ္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ျပည္နယ္အဆင့္ေက်ာင္းအပ္ႏွံေရးေန႔ဖြင့္ပြဲကို ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ ေက်ာင္းျပင္ပႏွင့္တစ္သက္သာပညာေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေဇာ္ဝင္း၊ ျပည္နယ္ပညာေရး ၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး၊    KG တန္းေက်ာင္းသား/ ေက်ာင္းသူ ေလးမ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ေဒၚနန္းေ႐ႊျမင့္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔က အခမဲ့ဗလာစာအုပ္မ်ားေပးအပ္ခဲ့ၾကသည္။

ဆက္လက္၍ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္း၊ ေက်ာင္းသား/ေက်ာင္းသူေလးမ်ားက “ေက်ာင္းအပ္ဆို႔ေလ”သီခ်င္းျဖင့္သီဆိုဖြင့္လွစ္ၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ပညာေရးကို KG+5+4+3 ဆိုသည့္စနစ္သစ္ႏွင့္စတင္အေကာင္အထည္ေဖာ္ခဲ့သည္မွာ ယခုႏွစ္ဆိုလၽွင္ Grade-3 ႏွင့္ အလယ္တန္းအဆင့္တြင္ Grade -6 ကို စတင္ေနၿပီျဖစ္ေၾကာင္း၊ ေႏြရာသီပိတ္ရက္မ်ားတြင္ ဆရာ/ဆရာမမ်ားကို ဗဟိုအဆင့္၊ ျပည္နယ္အဆင့္၊ ခ႐ိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္စသည္ျဖင့္ သင္တန္းမ်ား အဆင့္ဆင့္ျပဳလုပ္ေပးခဲ့သည္မွာ အားလုံးအသိ ျဖစ္ပါေၾကာင္း၊ ယခုလာမည့္ ၂၀၁၉−၂၀၂၀ ပညာသင္ႏွစ္တြင္ ႏ္ိုငငံေတာ္မွ မူလတန္းအဆင့္ KG မပါဘဲက်န္သည့္အတန္းကို ေက်ာင္းသားတစ္ဦးလၽွင္ ဗလာစာအုပ္တစ္ဒါဇင္ႏွင့္ ေက်ာင္းသုံးျပဌာန္းစာအုပ္ တစ္စုံစီ ေထာက္ပံ့ေပးသြားမွာျဖစ္ၿပီး အလယ္တန္းအဆင့္ႏွင့္ အထက္တန္းအဆင့္ကို ေက်ာင္းသုံးျပဌာန္းစာအုပ္ တစ္ဦးလၽွင္တစ္စုံစီေထာက္ပံ့ေပးသြားမွာ ျဖစ္ေၾကာင္း၊ ကေလးမ်ား၏ ပညာေရးအေျခအေန စိတ္အေျခအေနတိုးတက္ေကာင္းမြန္ရန္ မိဘႏွင့္ဆရာပူးေပါင္းၾကၿပီး “မိဘဆရာပူးေပါင္းကေလးပညာေကာင္း” ဆိုသည့္အတိုင္း မိဘႏွင့္ဆရာေတြ႕ထိၾကရန္၊ ရင္းႏွီးစြာေဆြးေႏြးၾကရန္၊ နားလည္မႈ ယူၾကရန္၊ နည္းလမ္းရွာႀကံရန္ ေျပာၾကားသြားသည္။

ထို႔ေနာက္ ပညာေရးဝန္ႀကီးဌာန ေက်ာင္းျပင္ပႏွင့္တစ္သက္တာပညာေရးဦးစီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာ ေဇာ္ဝင္းက အမွာစကားေျပာၾကားၿပီး၊ ေက်ာင္းအပ္ႏွံေရးႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္ ျပည္နယ္ပညာေရးၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္က ရွင္းလင္းတင္ျပကာ အလႉရွင္မ်ားက အလႉေငြႏွင့္ပစၥည္းမ်ားလႉဒါန္းေပးအပ္ရာ ျပည္နယ္ပညာေရး ၫႊန္ၾကားေရးမႉးဦးဝင္းေမာင္ႏွင့္တာဝန္ရွိသူတို႔က အသီးသီးလက္ခံရယူၾကကာ အမွတ္(၅)အေျခခံပညာအထက္တန္းေက်ာင္း၊    ေက်ာင္းသား/ေက်ာင္းသူမ်ားက “ဘက္စုံပညာရည္ဒို႔လွမ္းခ်ီ “သီခ်င္းသီဆို၍ အခမ္းနားကို႐ုတ္သိမ္းလိုက္ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

၀၉-၂၅၀၁၃၂၉၄၃ 

unicode++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်(တောင်ပိုင်း )ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ကျင်းပ

တောင်ကြီး မေ    −     ၂၈

“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့် ပညာရေးဆောင်ပုဒ်ထားပြီး ဆောင်ရွက်နေသည့်အတိုင်း မေ(၂၈)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၁၉ −၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ကျင်းပကြောင်းသိရသည်။

၂၀၁၉−၂၀၂၀ ပညာသင်နှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ဖွင့်ပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ကျောင်းပြင်ပနှင့်တစ်သက်သာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊    KG တန်းကျောင်းသား/ ကျောင်းသူ လေးများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က အခမဲ့ဗလာစာအုပ်များပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူလေးများက “ကျောင်းအပ်ဆို့လေ”သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပညာရေးကို KG+5+4+3 ဆိုသည့်စနစ်သစ်နှင့်စတင်အကောင်အထည်ဖော်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် Grade-3 နှင့် အလယ်တန်းအဆင့်တွင် Grade -6 ကို စတင်နေပြီဖြစ်ကြောင်း၊ နွေရာသီပိတ်ရက်များတွင် ဆရာ/ဆရာမများကို ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်စသည်ဖြင့် သင်တန်းများ အဆင့်ဆင့်ပြုလုပ်ပေးခဲ့သည်မှာ အားလုံးအသိ ဖြစ်ပါကြောင်း၊ ယခုလာမည့် ၂၀၁၉−၂၀၂၀ ပညာသင်နှစ်တွင် နို်ငငံတော်မှ မူလတန်းအဆင့် KG မပါဘဲကျန်သည့်အတန်းကို ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ်တစ်ဒါဇင်နှင့် ကျောင်းသုံးပြဌာန်းစာအုပ် တစ်စုံစီ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကို ကျောင်းသုံးပြဌာန်းစာအုပ် တစ်ဦးလျှင်တစ်စုံစီထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း၊ ကလေးများ၏ ပညာရေးအခြေအနေ စိတ်အခြေအနေတိုးတက်ကောင်းမွန်ရန် မိဘနှင့်ဆရာပူးပေါင်းကြပြီး “မိဘဆရာပူးပေါင်းကလေးပညာကောင်း” ဆိုသည့်အတိုင်း မိဘနှင့်ဆရာတွေ့ထိကြရန်၊ ရင်းနှီးစွာဆွေးနွေးကြရန်၊ နားလည်မှု ယူကြရန်၊ နည်းလမ်းရှာကြံရန် ပြောကြားသွားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဇော်ဝင်းက အမှာစကားပြောကြားပြီး၊ ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းမောင်က ရှင်းလင်းတင်ပြကာ အလှူရှင်များက အလှူငွေနှင့်ပစ္စည်းများလှူဒါန်းပေးအပ်ရာ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးဦးဝင်းမောင်နှင့်တာဝန်ရှိသူတို့က အသီးသီးလက်ခံရယူကြကာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊    ကျောင်းသား/ကျောင်းသူများက “ဘက်စုံပညာရည်ဒို့လှမ်းချီ “သီချင်းသီဆို၍ အခမ်းနားကိုရုတ်သိမ်းလိုက်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃ 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 62 guests and no members online