ရွမ္းျပည္နယ္သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈအဖြဲ႕လုပ္ငန္းၫွိႏႈိင္းစည္းေဝး

ေတာင္ႀကီး ေမ   −   ၃၁

114

ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမႈမ်ား၏ အက်ိဳးဆက္ျဖစ္သည့္ ေဘးအႏၲရာယ္ျဖစ္ပြားမႈျဖစ္စဥ္မ်ားတြင္ ရွမ္းျပည္နယ္ အပါအဝင္ ကမၻာ့ေနရာေဒသအသီးသီး၌ သိသိသာသာေတြ႕ႀကဳံရင္ဆိုင္ေနရေသာေၾကာင့္ ရွမ္းျပည္နယ္သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန္႔ခြဲမႈအဖြဲ႕၏ (၁/၂၀၁၉)လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးကို ေမ(၃၁)ရက္ နံနက္(၉)နာရီခြဲက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈအဖြဲ႕ ဥကၠ႒၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေႏြရာသီကာလတြင္ စိမ့္စမ္းေရထြက္မ်ား ခမ္းေျခာက္လာမႈႏွင့္ ေျမေအာက္ေရ ခမ္းေျခာက္လာမႈ၊ ရာသီဥတုပူျပင္းမႈမ်ားေၾကာင့္ ေရရွားပါးမႈ ႀကဳံေတြ႕ေနရသည့္ ေဒသမ်ားပိုမိုက်ယ္ျပန္႔လာသလို အပူခ်ိန္လြန္ကဲမႈ၏ အက်ိဳး ဆက္ေၾကာင့္ေလျပင္းတိုက္ခတ္မႈ ျဖစ္စဥ္မ်ားလည္း ပိုမိုမ်ားျပားလာသည္ကိုေတြ႕ရမွာျဖစ္ေၾကာင္း၊ သဘာဝေဘးျဖစ္ပြားမႈ၏ အဓိကအေၾကာင္းအရင္းျဖစ္သည့္ ရာသီဥတုေျပာင္းလဲမႈႏွင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈ ျဖစ္ေစေသာ အေၾကာင္း အရင္းမ်ားကိုရွာေဖြေဖာ္ထုတ္ၿပီး ေဒသအလိုက္တာဝန္ရွိသူမ်ား၊ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ျပည္သူလူထုတစ္ရပ္လုံး ဟန္ခ်က္ညီညီပူးေပါင္းပါဝင္ေဆာင္႐ြက္မွသာ ေအာင္ျမင္ႏိုင္မည္ျဖစ္သည့္အတြက္ ဖြဲ႕စည္းထားရွိၿပီး ျဖစ္ေသာ ျပည္နယ္အဆင့္ မွၿမိဳ႕နယ္အဆင့္၊ ရပ္ကြက္/ေက်း႐ြာမ်ားအဆင့္ထိ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ အဖြဲ႕မ်ားအလိုက္ ႀကိဳတင္ ကာကြယ္ေရးမွ ရင္ဆိုင္တုန္႔ျပန္ေဆာင္႐ြက္ေရးအထိ ေဆာင္႐ြက္ရမည့္လုပ္ငန္းစဥ္အဆင့္ဆင့္ကို စနစ္တက်စီမံခန္႔ခြဲ ေဆာင္႐ြက္သြားရန္ လိုအပ္မွာျဖစ္ေၾကာင္း၊ ေဘးကင္းလုံၿခဳံသည့္ ရွမ္းျပည္နယ္ႀကီးျဖစ္လာေစရန္  အစည္းအေဝးကို တက္ေရာက္လာၾကသည့္ ျပည္နယ္အဆင့္သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈအဖြဲ႕ဝင္မ်ားအားလုံးႏွင့္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ႀကီးမ်ားအားလုံးမွ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ေပးၾကရန္ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဦးစီးဌာန ျပည္နယ္ဦးစီးမႉးဦးစိုးႏိုင္မွ ရွမ္းျပည္နယ္ အတြင္းေဘးျဖစ္ပြားမႈႏွင့္ သဘာဝေဘးစီမံခန္႔ခြဲမႈလုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ား၊ ျပည္နယ္မီးသတ္ဦးစီးဌာန ျပည္နယ္ဦးစီးမႉးဦးတင္မင္းမွ ရွမ္းျပည္နယ္အတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနမႈႏွင့္ မီးေဘး ကာကြယ္ေရးလုပ္ငန္းေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ျပည္နယ္မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ျပည္နယ္ ဦးစီးမႉးဦးကိုခ်ိဳမွ ရွမ္းျပည္နယ္အတြင္းမိုးေလဝသႏွင့္ဇလေဗဒဆိုင္ရာ တိုင္းတာရရွိမႈအေျခအေနမ်ား၊ ျပည္နယ္ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဦးစီးဌာန ျပည္နယ္ဦးစီးမႉးေဒၚစိန္မမမွ ရာသီဥတုေျပာင္းလဲလာမႈအေျခအေနမ်ားႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးေဆာင္႐ြက္ထားမႈအေျခအေနမ်ားအား အသီးသီးရွင္းလင္းတင္ျပၾကသည္။

ထို႔ေနာက္ တက္ေရာက္လာသည့္ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွ အေထြေထြ ေဆြးေႏြးတင္ျပၾကၿပီး၊ ရွမ္းျပည္နယ္သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈအဖြဲ႕ ဥကၠ႒၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္မွ နိဂုံးခ်ဳပ္စကားေျပာၾကားေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

 unicode++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းစည်းဝေး

တောင်ကြီး မေ   −   ၃၁

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ၏ အကျိုးဆက်ဖြစ်သည့် ဘေးအန္တရာယ်ဖြစ်ပွားမှုဖြစ်စဉ်များတွင် ရှမ်းပြည်နယ် အပါအဝင် ကမ္ဘာ့နေရာဒေသအသီးသီး၌ သိသိသာသာတွေ့ကြုံရင်ဆိုင်နေရသောကြောင့် ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၁၉)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ(၃၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နွေရာသီကာလတွင် စိမ့်စမ်းရေထွက်များ ခမ်းခြောက်လာမှုနှင့် မြေအောက်ရေ ခမ်းခြောက်လာမှု၊ ရာသီဥတုပူပြင်းမှုများကြောင့် ရေရှားပါးမှု ကြုံတွေ့နေရသည့် ဒေသများပိုမိုကျယ်ပြန့်လာသလို အပူချိန်လွန်ကဲမှု၏ အကျိုး ဆက်ကြောင့်လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်များလည်း ပိုမိုများပြားလာသည်ကိုတွေ့ရမှာဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်ပွားမှု၏ အဓိကအကြောင်းအရင်းဖြစ်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ဖြစ်စေသော အကြောင်း အရင်းများကိုရှာဖွေဖော်ထုတ်ပြီး ဒေသအလိုက်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး ဟန်ချက်ညီညီပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ဖွဲ့စည်းထားရှိပြီး ဖြစ်သော ပြည်နယ်အဆင့် မှမြို့နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာများအဆင့်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များအလိုက် ကြိုတင် ကာကွယ်ရေးမှ ရင်ဆိုင်တုန့်ပြန်ဆောင်ရွက်ရေးအထိ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံသည့် ရှမ်းပြည်နယ်ကြီးဖြစ်လာစေရန်  အစည်းအဝေးကို တက်ရောက်လာကြသည့် ပြည်နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များအားလုံးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်မှ ရှမ်းပြည်နယ် အတွင်းဘေးဖြစ်ပွားမှုနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်မင်းမှ ရှမ်းပြည်နယ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မီးဘေး ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူးဦးကိုချိုမှ ရှမ်းပြည်နယ်အတွင်းမိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ တိုင်းတာရရှိမှုအခြေအနေများ၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါ်စိန်မမမှ ရာသီဥတုပြောင်းလဲလာမှုအခြေအနေများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ထားမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များမှ အထွေထွေ ဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943