တိုင္းေဒသႀကီး/ျပည္နယ္ အသက္(၂၅)ႏွစ္ေအာက္ ေဘာ္လီေဘာၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး ဇြန္ - ၁

115

၂၀၁၉ ခုႏွစ္၊ တိုင္းေဒႀကီး/ျပည္နယ္ အသက္(၂၅)ႏွစ္ေအာက္ အမ်ိဳးသား/ အမ်ိဳးသမီး ေဘာ္လီေဘာ ၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲကို ေမ ၃၁ ရက္ မြန္းလြဲ ၁ နာရီက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္ေလ့က်င့္ေရး အားကစား႐ုံ၌ က်င္းပေၾကာင္း သိရသည္။

အမ်ိဳးသမီး ေနာက္ဆုံးဗိုလ္လုပြဲအျဖစ္ ရွမ္းျပည္နယ္အသင္းႏွင့္ ရန္ကုန္တိုင္းအသင္းတို႔ ယွဥ္ၿပိဳင္ ကစားၾကရာ ရန္ကုန္တိုင္းအသင္းမွ ၃ ပြဲ ၂ ပြဲျဖင့္ အႏိုင္ရဗိုလ္စြဲၿပီး အမ်ိဳးသားပြဲစဥ္အျဖစ္ ရွမ္းျပည္နယ္ အသင္းႏွင့္ မႏၲေလးတိုင္းအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကရာ မႏၲေလးတိုင္းအသင္းမွ ၃ ပြဲအျပတ္ျဖင့္ အႏိုင္ရ ဗိုလ္စြဲသြားေၾကာင္းႏွင့္ အဆိုပါၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ တာဝန္ရွိသူမ်ားက ၾကည့္႐ႈ အားေပးၾကေၾကာင္း သိရသည္။

ဆက္လက္၍ ဆုခ်ီးျမႇင့္ပြဲက်င္းပရာ အမ်ိဳးသမီးအသင္းလိုက္ၿပိဳင္ပြဲတြင္ ပူးတြဲတတိယဆုရရွိေသာ တနသၤာရီတိုင္းအသင္းႏွင့္ မႏၲေလးတိုင္းအသင္းတို႔အား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္ (၅)သိန္းစီ ကို ျပည္နယ္စာရင္းစစ္ခ်ဳပ္ ေဒၚနန္းဝိုဟိန္းမွ ဆုခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ အမ်ိဳးသမီးအသင္းလိုက္ ၿပိဳင္ပြဲတြင္ ဒုတိယဆုရရွိေသာ ရွမ္းျပည္နယ္အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္ (၇)သိန္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ (၇)သိန္းကို ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီနပ္မွ ဆုခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ အမ်ိဳးသမီးအသင္းလိုက္ ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ ရန္ကုန္တိုင္းအသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္ (၁၀)သိန္းကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ ဆုခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ အမ်ိဳးသားအသင္းလိုက္ၿပိဳင္ပြဲတြင္ ပူးတြဲတတိယဆု ရရွိေသာ ပဲခူးတိုင္းအသင္းႏွင့္ ရန္ကုန္တိုင္းအသင္းတို႔အား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္ (၅)သိန္းစီကို အားကစားႏွင့္ ကာယပညာဦးစီးဌာန (႐ုံးခ်ဳပ္)မွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ဆန္းမွ ဆုခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ အမ်ိဳးသားအသင္းလိုက္ ၿပိဳင္ပြဲတြင္ ဒုတိယဆုရရွိေသာ ရွမ္းျပည္နယ္ အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္ (၇)သိန္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ (၇)သိန္းကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္မွ ဆုခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ အမ်ိဳးသားအသင္းလိုက္ ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ မႏၲေလးတိုင္း အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္ (၁၀)သိန္းကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္မွ ဆုခ်ီးျမႇင့္ ေပး၍ လည္းေကာင္း၊ အမ်ိဳးသမီးအေကာင္းဆုံး အားကစားဆုခ်ီးျမႇင့္ရာ အေကာင္းဆုံးစေပးေဘာဆုရ ရွမ္းျပည္နယ္အသင္းမွ မၾကဴၾကဴေလး၊ အေကာင္းဆုံး ဆယ္မဆုရ  ရန္ကုန္တိုင္းအသင္းမွ မစပယ္တင္၊ အေကာင္းဆုံး ပိတ္ဆို႔ဆုရ ရွမ္းျပည္နယ္အသင္းမွ မသူဇာေအာင္၊ အေကာင္းဆုံး ႐ိုက္ခုတ္ဆုရ ရွမ္းျပည္နယ္အသင္းမွ မခိုင္သဇင္ေထြး၊ အေကာင္းဆုံး ပင့္ေထာင္ဆုရ ရန္ကုန္တိုင္းအသင္းမွ မခင္ေကာင္းထက္၊ အေကာင္းဆုံးအားကစားသမားဆုရ ရန္ကုန္တိုင္းအသင္းမွ မနန္းစႏၵာမိုးတို႔ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံစိုင္းမွ ဆုခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ အမ်ိဳးသားအေကာင္းဆုံး အားကစားဆုခ်ီးျမႇင့္ရာ အေကာင္းဆုံးစေပးေဘာဆုရ မႏၲေလးတိုင္းအသင္း အေကာင္းဆုံး ဆယ္မဆုရ ရန္ကုန္တိုင္းအသင္း၊ အေကာင္းဆုံး ပိတ္ဆို႔ဆုရ ရွမ္းျပည္နယ္အသင္း၊ အေကာင္းဆုံး ႐ိုက္ခုတ္ဆုရ ရွမ္းျပည္နယ္အသင္း၊ အေကာင္းဆုံး ပင့္ေထာင္ဆုရ မႏၲေလးတိုင္းအသင္း၊ အေကာင္းဆုံးအားကစားသမားဆုရ မႏၲေလးတိုင္းအသင္းမွ အားကစားသမားတို႔ကို ျပည္နယ္ဥပေဒခ်ဳပ္ ဦးတင္ဦးမွ ဆုခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ တံခြန္စိုက္ဆုဖလားရရွိေသာ အမ်ိဳးသမီး ရန္ကုန္တိုင္းေဒသႀကီးအသင္းႏွင့္ အမ်ိဳးသားမႏၲေလးတိုင္းေဒသႀကီးတို႔ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ တံခြန္စိုက္ဆုဖလားအား ခ်ီးျမႇင့္ေပးခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)++

တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇွန် - ၁

၂၀၁၉ ခုနှစ်၊ တိုင်းဒေကြီး/ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေ ၃၁ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပကြောင်း သိရသည်။

အမျိုးသမီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ရန်ကုန်တိုင်းအသင်းမှ ၃ ပွဲ ၂ ပွဲဖြင့် အနိုင်ရဗိုလ်စွဲပြီး အမျိုးသားပွဲစဉ်အဖြစ် ရှမ်းပြည်နယ် အသင်းနှင့် မန္တလေးတိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းအသင်းမှ ၃ ပွဲအပြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲသွားကြောင်းနှင့် အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တာဝန်ရှိသူများက ကြည့်ရှု အားပေးကြကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော တနင်္သာရီတိုင်းအသင်းနှင့် မန္တလေးတိုင်းအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၅)သိန်းစီ ကို ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရှမ်းပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၇)သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (၇)သိန်းကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၁၀)သိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိသော ပဲခူးတိုင်းအသင်းနှင့် ရန်ကုန်တိုင်းအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၅)သိန်းစီကို အားကစားနှင့် ကာယပညာဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားအသင်းလိုက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရှမ်းပြည်နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၇)သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (၇)သိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားအသင်းလိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးတိုင်း အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၁၀)သိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်မှ ဆုချီးမြှင့် ပေး၍ လည်းကောင်း၊ အမျိုးသမီးအကောင်းဆုံး အားကစားဆုချီးမြှင့်ရာ အကောင်းဆုံးစပေးဘောဆုရ ရှမ်းပြည်နယ်အသင်းမှ မကြူကြူလေး၊ အကောင်းဆုံး ဆယ်မဆုရ  ရန်ကုန်တိုင်းအသင်းမှ မစပယ်တင်၊ အကောင်းဆုံး ပိတ်ဆို့ဆုရ ရှမ်းပြည်နယ်အသင်းမှ မသူဇာအောင်၊ အကောင်းဆုံး ရိုက်ခုတ်ဆုရ ရှမ်းပြည်နယ်အသင်းမှ မခိုင်သဇင်ထွေး၊ အကောင်းဆုံး ပင့်ထောင်ဆုရ ရန်ကုန်တိုင်းအသင်းမှ မခင်ကောင်းထက်၊ အကောင်းဆုံးအားကစားသမားဆုရ ရန်ကုန်တိုင်းအသင်းမှ မနန်းစန္ဒာမိုးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံစိုင်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားအကောင်းဆုံး အားကစားဆုချီးမြှင့်ရာ အကောင်းဆုံးစပေးဘောဆုရ မန္တလေးတိုင်းအသင်း အကောင်းဆုံး ဆယ်မဆုရ ရန်ကုန်တိုင်းအသင်း၊ အကောင်းဆုံး ပိတ်ဆို့ဆုရ ရှမ်းပြည်နယ်အသင်း၊ အကောင်းဆုံး ရိုက်ခုတ်ဆုရ ရှမ်းပြည်နယ်အသင်း၊ အကောင်းဆုံး ပင့်ထောင်ဆုရ မန္တလေးတိုင်းအသင်း၊ အကောင်းဆုံးအားကစားသမားဆုရ မန္တလေးတိုင်းအသင်းမှ အားကစားသမားတို့ကို ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ တံခွန်စိုက်ဆုဖလားရရှိသော အမျိုးသမီး ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် အမျိုးသားမန္တလေးတိုင်းဒေသကြီးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ တံခွန်စိုက်ဆုဖလားအား ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃