ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ေတာင္ႀကီးၿမိဳ႕ ဂႏိုင္ကန္အမွတ္(၃) တူးေဖာ္ျခင္းလုပ္ငန္းအား ကြင္းဆင္း ၾကည့္႐ႈ

ေတာင္ႀကီး ဇြန္ - ၁

116

ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္ရွိ အမွတ္(၂၁၂)ဆက္သြယ္ေရးတပ္ရင္းအေနာက္ဘက္ရွိ ဂႏိုင္ကန္အမွတ္(၃) အား သီဟကုမၸဏီမွ Back hole (၂)စီး၊ Dump truck (၁)စီး၊ လၽွံထူးေအာင္ကုမၸဏီမွ Dump truck (၁)စီး၊ ခ်ယ္ရီ႐ိုးမကုမၸဏီမွ Dump truck (၁)စီး၊ Histey power ကုမၸဏီမွ Dump truck (၁)စီး၊ ျမနႏၵာထြန္းကုမၸဏီမွ Dump truck (၁)စီး၊ စည္ပင္သာယာေရးမွ Loderႀကီး (၁)စီးႏွင့္ Dump truck (၁)စီးတို႔ျဖင့္ ေရကန္အား တူးေဖာ္ေနမႈကို ေမ ၃၁ ရက္ ညေန ၅ နာရီက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္၊ ျပည္နယ္စည္ပင္သာယာေရးမွ တာဝန္ရွိသူမ်ားႏွင့္အတူ ကြင္းဆင္းၾကည့္႐ႈစစ္ေဆးရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ လိုအပ္သည္မ်ား မွာၾကားခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ေတာင္ႀကီးၿမိဳ႕၊ ေညာင္ပင္သာရပ္ကြက္၊ ႏွင္းဆီလမ္းေပၚရွိ ေရႏုတ္ေျမာင္းတံတား သည္ မိုးရာသီ အခ်ိန္တြင္ ေရႀကီးေရလၽွံျဖစ္ပြားမႈျဖစ္လ်က္ရွိရာ လာမည့္မိုးရာသီအခ်ိန္ကာလတြင္ ေရႀကီးေရလၽွံမႈ မျဖစ္ပြားေစရန္ တံတားအား ၾကည့္႐ႈ၍ လိုအပ္သည္မ်ားမွာၾကားခဲ့ၿပီး ျပည္ေတာ္သာ ရပ္ကြက္၊ ႀကံ႕ခိုင္ေရး လမ္းေပၚရွိ ေရႏုတ္ေျမာင္းတံတားအား သြားေရာက္ၾကည့္႐ႈရာ မိုးရာသီအခ်ိန္တြင္ ေရႏုတ္ေျမာင္းပိတ္ဆို႔မႈမျဖစ္ေစရန္၊ အမႈိက္သ႐ိုက္မ်ား စနစ္တက်စြန္႔ပစ္ႏိုင္ရန္၊ ေရေျမာင္းအတြင္း မစြန္႔ပစ္ရန္ႏွင့္ တံတားႀကံ႕ခိုင္မႈရွိေစရန္ လိုအပ္သည္မ်ား မွာၾကားခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃ 

(Unicode)+++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီးမြို့ ဂနိုင်ကန်အမှတ်(၃) တူးဖော်ခြင်းလုပ်ငန်းအား ကွင်းဆင်း ကြည့်ရှု

တောင်ကြီး ဇွန် - ၁

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အမှတ်(၂၁၂)ဆက်သွယ်ရေးတပ်ရင်းအနောက်ဘက်ရှိ ဂနိုင်ကန်အမှတ်(၃) အား သီဟကုမ္ပဏီမှ Back hole (၂)စီး၊ Dump truck (၁)စီး၊ လျှံထူးအောင်ကုမ္ပဏီမှ Dump truck (၁)စီး၊ ချယ်ရီရိုးမကုမ္ပဏီမှ Dump truck (၁)စီး၊ Histey power ကုမ္ပဏီမှ Dump truck (၁)စီး၊ မြနန္ဒာထွန်းကုမ္ပဏီမှ Dump truck (၁)စီး၊ စည်ပင်သာယာရေးမှ Loderကြီး (၁)စီးနှင့် Dump truck (၁)စီးတို့ဖြင့် ရေကန်အား တူးဖော်နေမှုကို မေ ၃၁ ရက် ညနေ ၅ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ပြည်နယ်စည်ပင်သာယာရေးမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးမြို့၊ ညောင်ပင်သာရပ်ကွက်၊ နှင်းဆီလမ်းပေါ်ရှိ ရေနုတ်မြောင်းတံတား သည် မိုးရာသီ အချိန်တွင် ရေကြီးရေလျှံဖြစ်ပွားမှုဖြစ်လျက်ရှိရာ လာမည့်မိုးရာသီအချိန်ကာလတွင် ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် တံတားအား ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ပြီး ပြည်တော်သာ ရပ်ကွက်၊ ကြံ့ခိုင်ရေး လမ်းပေါ်ရှိ ရေနုတ်မြောင်းတံတားအား သွားရောက်ကြည့်ရှုရာ မိုးရာသီအချိန်တွင် ရေနုတ်မြောင်းပိတ်ဆို့မှုမဖြစ်စေရန်၊ အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်၊ ရေမြောင်းအတွင်း မစွန့်ပစ်ရန်နှင့် တံတားကြံ့ခိုင်မှုရှိစေရန် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃ 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 59 guests and no members online