အားကစားႏွင့္ပညာေရးေပါင္းစပ္သင္တန္း ဖြင့္လွစ္

ေတာင္ႀကီး ဇြန္ - ၃

117

အားကစားႏွင့္ကာယပညာသိပၸံ(ေတာင္ႀကီး) ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ အားကစားႏွင့္ပညာေရး ေပါင္းစပ္သင္တန္းဖြင့္ပြဲအခမ္းအနားကို ဇြန္လ ၁ ရက္ နံနက္ ၉ နာရီခြဲ ေတာင္ႀကီးၿမိဳ႕နယ္ ေအးသာယာၿမိဳ႕ ရပ္ကြက္ ၁ သစ္ပင္ေထာင္ေက်း႐ြာအနီး ေတာင္ႀကီးအားကစားႏွင့္ကာယပညာသိပၸံေက်ာင္းရွိ အားကစား ခန္းမ၌က်င္းပခဲ့ေၾကာင္း သိရသည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဒုတိယဝန္ႀကီး ေဒါက္တာ ျမေလးစိန္က အဖြင့္ အမွာစကား ေျပာၾကားရာတြင္ အားကစားႏွင့္ ကာယပညာသိပၸံေက်ာင္းမ်ားရွိ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအား ပညာေရးႏွင့္ ေလ့က်င့္ေရးသာမက ကြန္ပ်ဴတာႏွင့္အဂၤလိပ္စာဘာသာရပ္မ်ား၊ သင္ၾကားေပးျခင္း၊ လူ႔က်င့္ဝတ္ဝတ္ (ဗိတၠဗလ) ဘာသာစကား၊  ဂ်န္ပန္၊ ကိုရီးယားမ်ားကို Time Line ထားၿပီး သင္ၾကား ေပးရန္လိုအပ္ပါေၾကာင္း၊ အားကစားနည္း အေၾကာင္းအရာမ်ား သင္ၾကားရာမွာ SEA Gemaes၊ ASEAN Games၊ O1ympic Games စသည့္ျဖင့္ ခြဲျခားေလ့က်င့္သင္ၾကားရန္ လိုအပ္ပါေၾကာင္း၊  Sports  Science ဘာသာရပ္ႏွင့္  Sports  Psycho1ogy မ်ားပါ သင္ၾကားေပးရန္ လိုအပ္ၿပီး၊ ပညာေရးဝန္ႀကီးဌာနႏွင့္ ညႇိႏႈိင္း၍ အသိအမွတ္ျပဳဘြဲ႕လက္မွတ္မ်ားေပးႏိုင္ေရး၊ နည္းျပဒီပလိုမာသင္တန္းမ်ား ဆက္လက္ ဖြင့္လွစ္ ေဆာင္႐ြက္သြားရန္ လိုအပ္ပါေၾကာင္း ေျပာၾကားသြားသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္၊ အားကစားႏွင့္ ကာယပညာသိပၸံေက်ာင္းမ်ား အားကစားၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္ ၂၃ ခု ေငြတံဆိပ္ ၂၀ ေၾကးတံဆိပ္ ၃၁ ခု စုစုေပါင္း ၇၄ ခုရရွိခဲ့သည့္အတြက္ ဂုဏ္ယူပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အားကစားၿပိဳင္ပြဲမ်ားတြင္ ရွမ္းျပည္နယ္ကိုယ္စားျပဳ ေဘာ္လီေဘာ (အမ်ိဳးသမီး) အသင္းလိုက္ အသက္ ၁၉ ႏွစ္ေအာက္ၿပိဳင္ပြဲတြင္ တံခြန္စိုက္ဒိုင္းဆုမ်ားရရွိခဲ့သည့္အျပင္ ၁၀ ႀကိမ္ေျမာက္ အာဆီယံေက်ာင္းသားအားကစားၿပိဳင္ပြဲ၊ ေျပးခုန္ပစ္တြင္ အမ်ိဳးသား မီတာ ၅၀၀၀ လမ္းေလွ်ာက္တြင္ ေ႐ႊတံဆိပ္ဆုႏွင့္ အမ်ိဳးသမီး မီတာ ၃၀၀၀ လမ္းေလွ်ာက္ ၿပိဳင္ပြဲမွာေ႐ႊတံဆိပ္ဆုမ်ားရရွိခဲ့ပါေၾကာင္း၊ အားကစားႏွင့္ ပညာေရေပါင္းစပ္သင္တန္းမွ သင္တန္းသား/ သင္တန္းသူမ်ား အားကစားတြင္ ယခုကဲ့သို႔ေအာင္ျမင္မႈေတြရွိသလို ပညာေရးဘက္မွာလည္း တစ္ႏွစ္ထက္တစ္ႏွစ္ ေအာင္ခ်က္ ျမင့္မားလာ သည္မွာလည္း အားကစားႏွင့္ ကာယပညာ(ေတာင္ႀကီး) တာဝန္ရွိသူမ်ား၊ နည္းျပမ်ား၊ ပညာေရး ဆရာမမ်ား၊ သင္တန္းသား/ သင္တန္းသူမ်ားအားလုံးသည္ မိမိက်ရာ အခန္းက႑အသီးသီးမွ မိမိတို႔ တာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္ၿပီး မိမိေက်ာင္း၏ဂုဏ္သိကၥာ ျမင့္မားေအာင္အားကစားႏွင့္ ပညာေရးကို စနစ္တက် ေပါင္းစပ္ၿပီး ေဆာင္႐ြက္ခဲ့ၾကျခင္း ျဖစ္ပါေၾကာင္းေျပာၾကားသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ေက်ာင္းသုံးဖလာစာအုပ္ ဒါဇင္ ၂၀၀ ကို ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းက ေပးလႉဒါန္းရာ ေက်ာင္းအုပ္ႀကီး ဦးသက္လြင္က လက္ခံရယူၿပီး ဂုဏ္ျပဳ မွတ္တမ္းလႊာျပန္လည္ေပးအပ္သည္။ ဆက္လက္၍ ျပည္ေထာင္စုဒုတိယဝန္ႀကီး ေဒါက္တာ ျမေလးစိန္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ေက်ာင္းအုပ္ႀကီးႏွင့္ အဖြဲ႕ဝင္မ်ားက အားကစားနည္းအလိုက္ ခင္းက်င္းျပသထားသည့္ အားကစားအေထာက္အကူျပဳပစၥည္းမ်ားအား လွည့္လည္ၾကည့္ရႈကာ အားကစား သမားမ်ားကို ရင္းရင္းႏွီးႏွီး လိုက္လံႏုတ္ဆက္ခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++

အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်လှစ်

တောင်ကြီး ဇွန် - ၃

အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁ ရက် နံနက် ၉ နာရီခွဲ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက် ၁ သစ်ပင်ထောင်ကျေးရွာအနီး တောင်ကြီးအားကစားနှင့်ကာယပညာသိပ္ပံကျောင်းရှိ အားကစား ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က အဖွင့် အမှာစကား ပြောကြားရာတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ များအား ပညာရေးနှင့် လေ့ကျင့်ရေးသာမက ကွန်ပျူတာနှင့်အင်္ဂလိပ်စာဘာသာရပ်များ၊ သင်ကြားပေးခြင်း၊ လူ့ကျင့်ဝတ်ဝတ် (ဗိတ္ကဗလ) ဘာသာစကား၊  ဂျန်ပန်၊ ကိုရီးယားများကို Time Line ထားပြီး သင်ကြား ပေးရန်လိုအပ်ပါကြောင်း၊ အားကစားနည်း အကြောင်းအရာများ သင်ကြားရာမှာ SEA Gemaes၊ ASEAN Games၊ O1ympic Games စသည့်ဖြင့် ခွဲခြားလေ့ကျင့်သင်ကြားရန် လိုအပ်ပါကြောင်း၊  Sports  Science ဘာသာရပ်နှင့်  Sports  Psycho1ogy များပါ သင်ကြားပေးရန် လိုအပ်ပြီး၊ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ အသိအမှတ်ပြုဘွဲ့လက်မှတ်များပေးနိုင်ရေး၊ နည်းပြဒီပလိုမာသင်တန်းများ ဆက်လက် ဖွင့်လှစ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသွားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၃ ခု ငွေတံဆိပ် ၂၀ ကြေးတံဆိပ် ၃၁ ခု စုစုပေါင်း ၇၄ ခုရရှိခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ၂၀၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ဘော်လီဘော (အမျိုးသမီး) အသင်းလိုက် အသက် ၁၉ နှစ်အောက်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုများရရှိခဲ့သည့်အပြင် ၁၀ ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ၊ ပြေးခုန်ပစ်တွင် အမျိုးသား မီတာ ၅၀၀၀ လမ်းလျှောက်တွင် ရွှေတံဆိပ်ဆုနှင့် အမျိုးသမီး မီတာ ၃၀၀၀ လမ်းလျှောက် ပြိုင်ပွဲမှာရွှေတံဆိပ်ဆုများရရှိခဲ့ပါကြောင်း၊ အားကစားနှင့် ပညာရေပေါင်းစပ်သင်တန်းမှ သင်တန်းသား/ သင်တန်းသူများ အားကစားတွင် ယခုကဲ့သို့အောင်မြင်မှုတွေရှိသလို ပညာရေးဘက်မှာလည်း တစ်နှစ်ထက်တစ်နှစ် အောင်ချက် မြင့်မားလာ သည်မှာလည်း အားကစားနှင့် ကာယပညာ(တောင်ကြီး) တာဝန်ရှိသူများ၊ နည်းပြများ၊ ပညာရေး ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများအားလုံးသည် မိမိကျရာ အခန်းကဏ္ဍအသီးသီးမှ မိမိတို့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး မိမိကျောင်း၏ဂုဏ်သိက္စာ မြင့်မားအောင်အားကစားနှင့် ပညာရေးကို စနစ်တကျ ပေါင်းစပ်ပြီး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းသုံးဖလာစာအုပ် ဒါဇင် ၂၀၀ ကို ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပေးလှူဒါန်းရာ ကျောင်းအုပ်ကြီး ဦးသက်လွင်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ကျောင်းအုပ်ကြီးနှင့် အဖွဲ့ဝင်များက အားကစားနည်းအလိုက် ခင်းကျင်းပြသထားသည့် အားကစားအထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုကာ အားကစား သမားများကို ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃