ရှမ်းပြည်နယ်သတင်းများ

ဘက္စုံအဆင့္ျမင့္နည္းပညာသုံး စံျပစိုက္ခင္းႀကီးမ်ားအတြက္ စိုက္ပ်ိဳးေရးသုံးသြင္းအားစုပစၥည္းေထာက္ပံ့ေပးအပ္

႐ြာငံ ဇြန္   −   ၄

118

ရွမ္းျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန၊ ေတာင္ႀကီးခ႐ိုင္၏ တစ္ခ႐ိုင္(၂)႐ြာဘက္စုံအဆင့္ျမင့္နည္းပညာသုံး စံျပစိုက္ခင္း ႀကီးမ်ားအတြက္ စိုက္ပ်ိဳးေရးသုံးသြင္းအားစုပစၥည္းေထာက္ပံ့ေပးအပ္ပြဲကို ဇြန္(၄)ရက္ နံနက္(၉)နာရီက ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ႐ြာငံၿမိဳ႕နယ္ ေက်ာက္ေျမာင္းေက်း႐ြာအုပ္စု ကဇက္ေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္း၌က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က စိုက္ပ်ိဳးေရးဦးစီးဌာနအေနျဖင့္ ၂၀၁၇−၂၀၁၈ ခုႏွစ္စိုက္ပ်ိဳးရာသီမွစ၍ ခ႐ိုင္အလိုက္ ေက်း႐ြာတစ္႐ြာအား စနစ္တက်ေ႐ြးခ်ယ္ကာ ဘက္စုံအဆင့္ျမင့္နည္းပညာသုံးစံျပ ေက်း႐ြာအျဖစ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ၂၀၁၈−၂၀၁၉ခုႏွစ္တြင္ (၁)ခ႐ိုင္(၂)႐ြာ ဘက္စုံအဆင့္ျမင့္ နည္းပညာသုံးစံျပေက်း႐ြာမ်ားအျပင္ (၁)ၿမိဳ႕နယ္(၁)႐ြာေ႐ြးခ်ယ္၍ ဘက္စုံအဆင့္ျမင့္နည္းပညာသုံးစံျပေက်း႐ြာမ်ားအျဖစ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ၿပီး ၂၀၁၉ခုႏွစ္ မိုးရာသီတြင္စတင္၍ (၁)ခ႐ိုင္(၂)႐ြာ (၁)ၿမိဳ႕နယ္(၁)႐ြာေ႐ြးခ်ယ္ကာ ဘက္စုံ အဆင့္ျမင့္နည္းပညာသုံးစံျပေက်း႐ြာမ်ားအျဖစ္ ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ဟုသိရွိရပါေၾကာင္း၊ ဘက္စုံပူးေပါင္းေဆာင္႐ြက္ျခင္းအားျဖင့္ ေတာင္သူမ်ားအတြက္ အက်ိဳးအျမတ္ရရွိေရးကို ဦးတည္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ ဘက္စုံအဆင့္ျမင့္နည္းပညာသုံးစိုက္ခင္းႀကီးမ်ားေဆာင္႐ြက္ရန္အတြက္ စိုက္ပ်ိဳးေရးသုံးသြင္းအားစုပစၥည္းမ်ား ေထာက္ပံ့ေပးအပ္သြားမွာျဖစ္ၿပီး ေတာင္သူႀကီးမ်ားအေနျဖင့္လည္း စိုက္ပ်ိဳးေရးသုံးသြင္းအားစုမ်ားကို စနစ္တက်သုံးစြဲ၍ စိုက္ပ်ိဳးေရးဆိုင္ရာအေလ့အက်င့္ေကာင္း (GAP)နည္းစနစ္မ်ားကို စိုက္ပ်ိဳးေရးဦးစီးဌာန၏ ပညာေပးလမ္းၫႊန္ခ်က္မ်ားအတိုင္း လိုက္နာေဆာင္႐ြက္ၾကကာ မိမိေဒသတြင္လိုအပ္ေသာ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ားကို မိမိတို႔ကိုယ္တိုင္ထုတ္လုပ္ၿပီး စိုက္ပ်ိဳးသြား ေစလိုေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ စိုက္ပ်ိဳးေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအးကိုကိုမွ ျမန္မာႏိုင္ငံအတြင္းဘက္စုံအဆင့္ျမင့္ နည္းပညာသုံးစံျပေက်း႐ြာ ေဆာင္႐ြက္ေနမႈမ်ားအားရွင္းလင္းတင္ျပၿပီး၊ ရွမ္းျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန ျပည္နယ္ဦးစီးမႉး ဦးတင္ဦးႀကိဳင္မွ စိုက္ပ်ိဳးေရးသုံးသြင္းအားစုပစၥည္းမ်ား ေထာက္ပံ့ေပးအပ္ရျခင္း၏ရည္႐ြယ္ခ်က္မ်ားအား ရွင္းလင္းတင္ျပကာ စိုက္ပ်ိဳးေရးသုံးသြင္းအားစုပစၥည္းမ်ားကိုရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ဥကၠ႒ဦးအာကာလင္း၊ ျပည္နယ္စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီးဦးစိုင္းစြံဆိုင္း၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအးကိုကိုႏွင့္ တာဝန္ရွိသူတို႔က ေတာင္သူမ်ားအား စိုက္ပ်ိဳးေရးသုံးသြင္းအားစုပစၥည္းမ်ားကို ေထာက္ပံ့ေပးအပ္ခဲ့ၿပီး ဘက္စုံအဆင့္ျမင့္ နည္းပညာသုံးစိုက္ခင္း ႀကီးမ်ားျဖစ္သည့္ ပန္းမုန္လာၿခံစိုက္ပ်ိဳးထားရွိမႈကို ကြင္းဆင္းၾကည့္ရႈၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

(Unicode)+++

ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်းကြီးများအတွက် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းထောက်ပံ့ပေးအပ်

ရွာငံ ဇွန်   −   ၄

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်၏ တစ်ခရိုင်(၂)ရွာဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်း ကြီးများအတွက် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းထောက်ပံ့ပေးအပ်ပွဲကို ဇွန်(၄)ရက် နံနက်(၉)နာရီက ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ကျောက်မြောင်းကျေးရွာအုပ်စု ကဇက်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၇−၂၀၁၈ ခုနှစ်စိုက်ပျိုးရာသီမှစ၍ ခရိုင်အလိုက် ကျေးရွာတစ်ရွာအား စနစ်တကျရွေးချယ်ကာ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြ ကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈−၂၀၁၉ခုနှစ်တွင် (၁)ခရိုင်(၂)ရွာ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာများအပြင် (၁)မြို့နယ်(၁)ရွာရွေးချယ်၍ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ခုနှစ် မိုးရာသီတွင်စတင်၍ (၁)ခရိုင်(၂)ရွာ (၁)မြို့နယ်(၁)ရွာရွေးချယ်ကာ ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများအဖြစ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုသိရှိရပါကြောင်း၊ ဘက်စုံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိရေးကို ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစိုက်ခင်းကြီးများဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပြီး တောင်သူကြီးများအနေဖြင့်လည်း စိုက်ပျိုးရေးသုံးသွင်းအားစုများကို စနစ်တကျသုံးစွဲ၍ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP)နည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာန၏ ပညာပေးလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြကာ မိမိဒေသတွင်လိုအပ်သော မျိုးကောင်းမျိုးသန့်များကို မိမိတို့ကိုယ်တိုင်ထုတ်လုပ်ပြီး စိုက်ပျိုးသွား စေလိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှ မြန်မာနိုင်ငံအတွင်းဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ ဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြကာ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများကိုရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်း၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုနှင့် တာဝန်ရှိသူတို့က တောင်သူများအား စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘက်စုံအဆင့်မြင့် နည်းပညာသုံးစိုက်ခင်း ကြီးများဖြစ်သည့် ပန်းမုန်လာခြံစိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 94 guests and no members online