ရှမ်းပြည်နယ်သတင်းများ

ျမန္မာဆယ္မားအူလ္အြန္ဒုံ စီမံကိန္းမွ စီမံကိန္း တတိယႏွစ္၏ေဆာင္႐ြက္ခ်က္မ်ားအေပၚ ထူးခြၽန္သည့္ေက်း႐ြာမ်ားသို႔ ထပ္ေဆာင္းဆုေၾကးေငြမ်ားေပးအပ္

ကေလာ ဇြန္ - ၄

120

ျမန္မာဆယ္မားအူးလ္အြန္ဒုံ စီမံကိန္းမွ စီမံကိန္း တတိယႏွစ္၏ေဆာင္႐ြက္ခ်က္မ်ားအေပၚ ထူးခြၽန္သည့္ေက်း႐ြာ မ်ားသို႔ ထပ္ေဆာင္းဆုေၾကးေငြမ်ားေပးအပ္ပြဲကို ကေလာၿမိဳ႕နယ္၊  လက္ပံပင္(SMU) ခန္းမ၌ ဇြန္လ (၄) ရက္ မြန္းလြဲ (၁)နာရီ (၂၀)မိနစ္က က်င္းပခဲ့ေၾကာင္းသိရသည္။

အခမ္းအနားကို ႏိုင္ငံေတာ္သီခ်င္းသီဆို၍ ဖြင့္လွစ္ကာ၊ ရွမ္းျပည္နယ္အတြင္း ျမန္မာဆယ္မားအူလ္အြန္ဒုံေက်း႐ြာသစ္ စီမံကိန္း ေဆာင္႐ြက္မႈ ဗြီဒီယို ျပသၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က  ျမန္မာဆယ္မားအူးလ္အြန္ဒုံ ေက်း႐ြာသစ္စီမံကိန္းကို ရွမ္းျပည္နယ္တြင္ ေတာင္ႀကီးၿမိဳ႕နယ္ရွိ လူ႐ိုးေတာင္၊ ဘုရားမဲ၊ ဘန္းကန္ (႐ြာမ)၊ ေက်ာက္စု၊ ေညာင္စဥ္ေက်း႐ြာနဲ႔ ကေလာၿမိဳ႕နယ္မွာ လက္ပံပင္၊ ေနာင္လြယ္၊ ဥႆကံ၊ သာမိုင္းခမ္း၊ ပုန္းအင္းေက်း႐ြာ စုစုေပါင္း ေက်း႐ြာ(၁၀)႐ြာတြင္ ၂၀၁၆ ခုႏွစ္မွစ၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ရာ ယခုဆိုလွ်င္ စတုတၳႏွစ္ကို ေရာက္ရွိလာၿပီျဖစ္ေၾကာင္း၊ ကေလာၿမိဳ႕နယ္၊ လက္ပံပင္ေက်း႐ြာတြင္ ျမန္မာဆယ္မားအူးလ္အြန္ဒုံ စီမံကိန္းရဲ႕ စိတ္ဓါတ္ ျဖစ္သည့္ ကိုယ္ထူကိုယ္ထ ကိုယ့္အားကိုယ္ကိုးျခင္း၊ ႀကိဳးစားအားထုတ္ျခင္း၊ စုေပါင္းညီညာစြာ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ေက်း႐ြာတြင္း ေက်ာက္ေခ်ာလမ္းခင္းႏိုင္ျခင္း၊ ကြန္ကရစ္တံတားမ်ားခင္းႏိုင္ျခင္း၊ စုေဝးခန္းမေဆာင္လုပ္ၿပီးစီးျခင္း၊ ဆြမ္းစား ေက်ာင္းေဆာင္ေဆာက္လုပ္ၿပီးစီးျခင္း၊ ေက်း႐ြာစာသင္ေက်ာင္း အုတ္တံတိုင္းေဆာက္လုပ္ၿပီးစီးျခင္း၊ ေရသန႔္စက္မ်ား ထူေထာင္ျခင္း၊ ေရလႊဲႁပြန္မ်ား ေကာင္းမြန္လာျခင္းစသည့္ တိုးတက္မႈမ်ားကို ေတြ႕ရပါေၾကာင္း၊ ျမန္မာဆယ္မာအူးလ္အြန္ဒုံ ေက်း႐ြာသစ္လႈပ္ရွားမႈစီမံကိန္းလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ေက်း႐ြာေခါင္းေဆာင္မ်ားေ႐ြးခ်ယ္ျခင္း၊ လုပ္ငန္းစီမံခ်က္ ေရးဆြဲျခင္း၊ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းလုပ္ငန္းတို႔ကို ေက်း႐ြာသူေက်း႐ြာသားမ်ားမွ စုေပါင္းေဆြးေႏြးတိုင္ပင္ ေဆာင္႐ြက္ၾကၿပီး စီမံကိန္းတစ္ႏွစ္ၿပီးပါက စီမံကိန္းမန္ေနဂ်ာ၊ စိုက္ပ်ိဳးေရးဦးစီးဌာန(႐ုံးခ်ဳပ္)မွတာဝန္ရွိသူမ်ား၊ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးတို႔မွ ျပည္နယ္ဦးစီးမႉးမ်ားႏွင့္ ျမန္မာဆယ္မားအူးလ္အြန္ဒုံ စီမံကိန္းတာဝန္ယူေဆာင္႐ြက္သူမ်ားမွ လုပ္ငန္း ေဆာင္႐ြက္မႈမ်ားကို အကဲျဖတ္အမွတ္ေပး၍ (A/B/C)အဆင့္သတ္မွတ္ၿပီး ယခုႏွစ္ တတိယႏွစ္အတြက္ဆုအျဖစ္ Aအဆင့္ ေဒၚလာ(၁၅၀၀၀)၊ Bအဆင့္ေဒၚလာ(၁၀၀၀၀)ႏွင့္ Cအဆင့္ေဒၚလာ(၅၀၀၀)ခ်ီးျမႇင့္သြားမည္ကိုသိရပါေၾကာင္း၊ ရွမ္းျပည္နယ္ အေနျဖင့္ ၂၀၁၆ခုႏွစ္တြင္ Aအဆင့္ေက်း႐ြာ(၄)႐ြာ၊ Bအဆင့္ေက်း႐ြာ(၄)႐ြာ၊ ၂၀၁၇ခုႏွစ္တြင္ Aအဆင့္ေက်း႐ြာ(၂)႐ြာ၊ Bအဆင့္ ေက်း႐ြာ(၆)႐ြာႏွင့္ ၂၀၁၈ခုႏွစ္ တတိယႏွစ္တြင္ Aအဆင့္ေက်း႐ြာ(၂)႐ြာ၊ Bအဆင့္ေက်း႐ြာ(၆)႐ြာႏွင့္ Cအဆင့္ ေက်း႐ြာ (၂)႐ြာရရွိခဲ့သည့္အတြက္ ယခုထပ္ေဆာင္းဆုေၾကးေငြက်ပ္သိန္း(၁၅၀၀)ေက်ာ္ကို သက္ဆိုင္ရာအဆင့္လိုက္ဂုဏ္ျပဳေပးအပ္ သြားမွာျဖစ္ေၾကာင္း၊ ၂၀၁၉ခုႏွစ္ စတုတၳႏွစ္တြင္လည္း ေက်း႐ြာအားလုံးသည္ Aအဆင့္ရရွိေအာင္ေဆာင္႐ြက္ခဲ့သည့္ ေက်း႐ြာမ်ားကို အတုယူအားက်ၿပီး အရွိန္အဟုန္ႏွင့္ ဆက္လက္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ေက်း႐ြာသူေက်း႐ြာသား အားလုံးပူးေပါင္းၿပီး စည္းလုံးညီၫြတ္စြာႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္ေျပာၾကားသြားသည္။

ဆက္လက္၍ စိုက္ပ်ိဳးေရးဦးစီးဌာန၊ ျမန္မာ(SMU)စီမံကိန္း ဒါ႐ိုက္တာ၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအးကိုကိုမွ စံျပေက်း႐ြာမ်ား၏ ေရရွည္တည္တံ့ခိုင္ၿမဲေရးႏွင့္ ေရွ႕ဆက္လက္ေဆာင္႐ြက္ရမည့္ အစီအစဥ္မ်ားအား ရွင္းလင္းတင္ျပၿပီး၊ ရွမ္းျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန၊ ျပည္နယ္ဦးစီးမႉး ဦးတင္ဦးႀကိဳင္မွ ရွမ္းျပည္နယ္အတြင္း စီမံကိန္းေက်း႐ြာမ်ားတြင္ ေဆာင္႐ြက္ထားမႈအေျခအေနမ်ားႏွင့္ ေရွ႕ဆက္လက္ေဆာင္႐ြက္ရမည့္ အေျခအေနမ်ားအား ရွင္းလင္းတင္ျပကာ ထူးခြၽန္သည့္ ေက်း႐ြာမ်ားသို႔ ထပ္ေဆာင္းဆုေၾကးေငြမ်ားေပးအပ္ရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသဦးစီးအဖြဲ႕ဥကၠ႒ဦးအာကာလင္း၊ ျပည္နယ္စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဦးစိုင္းလုံေက်ာ္၊ ျပည္နယ္ စည္ပင္သာယာေရးဝန္ႀကီးဦးစိုင္းစြံဆိုင္း၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေအးကိုကိုတို႔မွ ထပ္ေဆာင္းဆုေၾကးေငြမ်ား ေပးအပ္ရာ တာဝန္ရွိသူအသီးသီးကလက္ခံရယူၿပီး  ေက်း႐ြာေငြတိုက္စနစ္ (SMG) ထူေထာင္ရန္ ကေလာၿမိဳ႕နယ္၊ လက္ပံပင္ေက်း႐ြာ ျမန္မာဆယ္မားအူလ္ရဂြန္ဂို ေက်း႐ြာေငြတိုက္အတြက္ မီးခံေသတၱာကို ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအးကိုကိုမွေပးအပ္ရာ တာဝန္ရွိသူတစ္ဦးက လက္ခံရယူ၍ ျမန္မာဆယ္မားအူးလ္အြန္ဒုံ ေက်း႐ြာသစ္စီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေသာ ေက်း႐ြာမ်ားမွ ေက်း႐ြာေခါင္းေဆာင္တစ္ဦးက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

(Unicode)++++++

မြန်မာဆယ်မားအူလ်အွန်ဒုံ စီမံကိန်းမှ စီမံကိန်း တတိယနှစ်၏ဆောင်ရွက်ချက်များအပေါ် ထူးချွန်သည့်ကျေးရွာများသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်

ကလော ဇွန် - ၄

မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းမှ စီမံကိန်း တတိယနှစ်၏ဆောင်ရွက်ချက်များအပေါ် ထူးချွန်သည့်ကျေးရွာ များသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်ပွဲကို ကလောမြို့နယ်၊  လက်ပံပင်(SMU) ခန်းမ၌ ဇွန်လ (၄) ရက် မွန်းလွဲ (၁)နာရီ (၂၀)မိနစ်က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ကာ၊ ရှမ်းပြည်နယ်အတွင်း မြန်မာဆယ်မားအူလ်အွန်ဒုံကျေးရွာသစ် စီမံကိန်း ဆောင်ရွက်မှု ဗွီဒီယို ပြသပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က  မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်းကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်ရှိ လူရိုးတောင်၊ ဘုရားမဲ၊ ဘန်းကန် (ရွာမ)၊ ကျောက်စု၊ ညောင်စဉ်ကျေးရွာနဲ့ ကလောမြို့နယ်မှာ လက်ပံပင်၊ နောင်လွယ်၊ ဥဿကံ၊ သာမိုင်းခမ်း၊ ပုန်းအင်းကျေးရွာ စုစုပေါင်း ကျေးရွာ(၁၀)ရွာတွင် ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် စတုတ္ထနှစ်ကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာတွင် မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းရဲ့ စိတ်ဓါတ် ဖြစ်သည့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စုပေါင်းညီညာစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာတွင်း ကျောက်ချောလမ်းခင်းနိုင်ခြင်း၊ ကွန်ကရစ်တံတားများခင်းနိုင်ခြင်း၊ စုဝေးခန်းမဆောင်လုပ်ပြီးစီးခြင်း၊ ဆွမ်းစား ကျောင်းဆောင်ဆောက်လုပ်ပြီးစီးခြင်း၊ ကျေးရွာစာသင်ကျောင်း အုတ်တံတိုင်းဆောက်လုပ်ပြီးစီးခြင်း၊ ရေသန့်စက်များ ထူထောင်ခြင်း၊ ရေလွှဲပြွန်များ ကောင်းမွန်လာခြင်းစသည့် တိုးတက်မှုများကို တွေ့ရပါကြောင်း၊ မြန်မာဆယ်မာအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာခေါင်းဆောင်များရွေးချယ်ခြင်း၊ လုပ်ငန်းစီမံချက် ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို ကျေးရွာသူကျေးရွာသားများမှ စုပေါင်းဆွေးနွေးတိုင်ပင် ဆောင်ရွက်ကြပြီး စီမံကိန်းတစ်နှစ်ပြီးပါက စီမံကိန်းမန်နေဂျာ၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းတာဝန်ယူဆောင်ရွက်သူများမှ လုပ်ငန်း ဆောင်ရွက်မှုများကို အကဲဖြတ်အမှတ်ပေး၍ (A/B/C)အဆင့်သတ်မှတ်ပြီး ယခုနှစ် တတိယနှစ်အတွက်ဆုအဖြစ် Aအဆင့် ဒေါ်လာ(၁၅၀၀၀)၊ Bအဆင့်ဒေါ်လာ(၁၀၀၀၀)နှင့် Cအဆင့်ဒေါ်လာ(၅၀၀၀)ချီးမြှင့်သွားမည်ကိုသိရပါကြောင်း၊ ရှမ်းပြည်နယ် အနေဖြင့် ၂၀၁၆ခုနှစ်တွင် Aအဆင့်ကျေးရွာ(၄)ရွာ၊ Bအဆင့်ကျေးရွာ(၄)ရွာ၊ ၂၀၁၇ခုနှစ်တွင် Aအဆင့်ကျေးရွာ(၂)ရွာ၊ Bအဆင့် ကျေးရွာ(၆)ရွာနှင့် ၂၀၁၈ခုနှစ် တတိယနှစ်တွင် Aအဆင့်ကျေးရွာ(၂)ရွာ၊ Bအဆင့်ကျေးရွာ(၆)ရွာနှင့် Cအဆင့် ကျေးရွာ (၂)ရွာရရှိခဲ့သည့်အတွက် ယခုထပ်ဆောင်းဆုကြေးငွေကျပ်သိန်း(၁၅၀၀)ကျော်ကို သက်ဆိုင်ရာအဆင့်လိုက်ဂုဏ်ပြုပေးအပ် သွားမှာဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ် စတုတ္ထနှစ်တွင်လည်း ကျေးရွာအားလုံးသည် Aအဆင့်ရရှိအောင်ဆောင်ရွက်ခဲ့သည့် ကျေးရွာများကို အတုယူအားကျပြီး အရှိန်အဟုန်နှင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသား အားလုံးပူးပေါင်းပြီး စည်းလုံးညီညွတ်စွာကြိုးပမ်းဆောင်ရွက်သွားကြရန်ပြောကြားသွားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ(SMU)စီမံကိန်း ဒါရိုက်တာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှ စံပြကျေးရွာများ၏ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ်အတွင်း စီမံကိန်းကျေးရွာများတွင် ဆောင်ရွက်ထားမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြကာ ထူးချွန်သည့် ကျေးရွာများသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်း၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအေးကိုကိုတို့မှ ထပ်ဆောင်းဆုကြေးငွေများ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးကလက်ခံရယူပြီး  ကျေးရွာငွေတိုက်စနစ် (SMG) ထူထောင်ရန် ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာ မြန်မာဆယ်မားအူလ်ရဂွန်ဂို ကျေးရွာငွေတိုက်အတွက် မီးခံသေတ္တာကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ၍ မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှ ကျေးရွာခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 53 guests and no members online

Latest Updates