ရှမ်းပြည်နယ်သတင်းများ

ေဆးလိပ္ေငြ႕ကင္းစင္ အင္းေလးေဖာင္ေတာ္ဦးတစ္ခြင္ အထိမ္းအမွတ္ေမာ္ကြန္းေက်ာက္စာတိုင္ ဖြင့္လွစ္

ေတာင္ႀကီး ဇြန္ - ၅

122

၂၀၁၉ ခုႏွစ္ ကမာၻ႔ေဆးလိပ္မေသာက္ေရးေန႔အထိမ္းအမွတ္ ေဆးလိပ္ေငြ႕ကင္းစင္ အင္းေလးေဖာင္ ေတာ္ဦးတစ္ခြင္ အထိမ္းအမွတ္ ေမာ္ကြန္းေက်ာက္စာတိုင္ဖြင့္ပြဲအခမ္းအနားကို ဇြန္ ၄ ရက္ နံနက္ ၉ နာရီက ေညာင္ေ႐ႊၿမိဳ႕နယ္ အင္းေလးေဖာင္ေတာ္ဦးဘုရား၌ က်င္းပေၾကာင္း သိရသည္။

ေရွးဦးစြာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္ အင္းတိုင္းရင္းသားေရးရာဝန္ႀကီး ေဒါက္တာထြန္းလႈိင္ တို႔က အမွာစကားေျပာၾကားသည္။ ဆက္လက္၍ ျပည္နယ္ကုသေရးႏွင့္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာသူဇာခ်စ္တင္က အင္းေလးေဒသ ေဖာင္ေတာ္ဦးဘုရားနယ္ေျမကို ေဆးလိပ္ေငြ႕ကင္းစင္ေသာ ယဥ္ေက်းမႈအေမြအႏွစ္ နယ္ေျမအျဖစ္သတ္မွတ္ျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားသည္။ ထို႔ေနာက္ ေဆးလိပ္ေငြ႕ကင္းစင္ ေဖာင္ေတာ္ဦးတစ္ခြင္ ေမာ္ကြန္းေက်ာက္စာတိုင္ကို ျပည္နယ္လူမႈေရးဝန္ႀကီး၊ အင္းတိုင္းရင္းသားေရးရာ ဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက စက္ခလုတ္ႏွိပ္၍ ဖြင့္လွစ္ေပးခဲ့သည္။

အင္းေလး ေဖာင္ေတာ္ဦးဘုရား ပတ္ဝန္းက်င္တြင္ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ျပည္သူ လူထုမ်ားအေနျဖင့္ က်န္းမာေရးပိုမိုေကာင္းမြန္လာေစရန္၊ ေဖာင္ေတာ္ဦးဘုရားသို႔ လာေရာက္ေသာ ဧည့္သည္မ်ား ၾကည္ညိဳသဒၶါပြားမ်ားေစရန္၊ စည္းကမ္းရွိမႈကို ျပသျခင္းအားျဖင့္ အင္းေလးေဒသ၏ ဂုဏ္သိကၡာကို ျမႇင့္မားေစရန္စသည့္ ရည္႐ြယ္ခ်က္ျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အစရ(ရွမ္း)

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် အင်းလေးဖောင်တော်ဦးတစ်ခွင် အထိမ်းအမှတ်မော်ကွန်းကျောက်စာတိုင် ဖွင့်လှစ်

တောင်ကြီး ဇွန် - ၅

 

၂၀၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် ဆေးလိပ်ငွေ့ကင်းစင် အင်းလေးဖောင် တော်ဦးတစ်ခွင် အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၄ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးဘုရား၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင် တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အင်းလေးဒေသ ဖောင်တော်ဦးဘုရားနယ်မြေကို ဆေးလိပ်ငွေ့ကင်းစင်သော ယဉ်ကျေးမှုအမွေအနှစ် နယ်မြေအဖြစ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆေးလိပ်ငွေ့ကင်းစင် ဖောင်တော်ဦးတစ်ခွင် မော်ကွန်းကျောက်စာတိုင်ကို ပြည်နယ်လူမှုရေးဝန်ကြီး၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

အင်းလေး ဖောင်တော်ဦးဘုရား ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ပြည်သူ လူထုများအနေဖြင့် ကျန်းမာရေးပိုမိုကောင်းမွန်လာစေရန်၊ ဖောင်တော်ဦးဘုရားသို့ လာရောက်သော ဧည့်သည်များ ကြည်ညိုသဒ္ဓါပွားများစေရန်၊ စည်းကမ်းရှိမှုကို ပြသခြင်းအားဖြင့် အင်းလေးဒေသ၏ ဂုဏ်သိက္ခာကို မြှင့်မားစေရန်စသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 82 guests and no members online

Latest Updates