ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်လှစ်

တောင်ကြီး ဇွန်   −   ၅

123

၂၀၁၉ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ဇွန်(၅)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား)ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပိုက်ကျော်ခြင်း အားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လက်မှု၊ သက်လုံနှင့် ကြံ့ခိုင်မှုတို့ပါပြည့်ဝရန်လိုအပ်သည့် အားကစားနည်းဖြစ်သည့်အပြင် အသင်းလိုက်စုစည်းညီညာစွာနှင့် အပေးအယူမျှတစွာ ကစားရသည့် အားကစားနည်းဖြစ်ပါကြောင်း၊ အနိုင်မခံအရှုံးမပေးသောဇွဲစိတ်ဓာတ်နှင့် သတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေ များကိုတသွေမတိမ်းလိုက်နာရသည့် စည်းကမ်းသေဝပ်မှု၊ တရားသောယှဉ်ပြိုင်အနိုင်ရမှုကို ထပ်မံကျင့်သုံးခြင်းဆိုသည့် သဘောထားဖြူစင်မှုကြံရည်ဖန်ရည်ကို အားကိုးအားထားပြုသောဉာဏစွမ်းအားကောင်းမှု၊ မိမိအသင်းသားများနှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုစသည့် ကာယဉာဏစာရိတ္တနှင့် မိတ္တစွမ်းရည်ကိုပါ ဘက်စုံဖွံ့ဖြိုးတိုးတက်ပါစေရန် ပြောကြားသွားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများကအားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်တာဝန်ရှိသူများသည် အသင်းအုပ်ချုပ်သူများ၊ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြကာ ပြိုင်ပွဲပထမပွဲစဉ်အဖြစ် လင်းခေးမြို့နယ်အသင်းနှင့်လောက်ကိုင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲသို့ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၃၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၃၇)သင်းတို့မှ ဇွန်(၅)ရက်နေ့မှ (၉)ရက်နေ့ထိ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများနှင့် အကောင်းဆုံးအားကစားသမားများအားရွေးချယ်၍ နေပြည်တော်၌ ဇွန်(၂၅)ရက်နေ့မှ ဇူလိုင်(၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး/ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုလက်ရွေးစင်အသင်းအနေဖြင့်သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

(Unicode)+++

ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္ အသက္(၂၅)ႏွစ္ေအာက္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲဖြင့္လွစ္

ေတာင္ႀကီး ဇြန္   −   ၅

၂၀၁၉ခုႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္ အသက္(၂၅)ႏွစ္ေအာက္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲဖြင့္ပြဲကို ဇြန္(၅)ရက္ နံနက္(၁၀)နာရီက ေတာင္ႀကီးၿမိဳ႕ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ၌က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္(ကိုယ္စား)ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ပိုက္ေက်ာ္ျခင္း အားကစားနည္းသည္ နည္းစနစ္ကိုအေျခခံၿပီး တစ္ဦးခ်င္းကၽြမ္းက်င္မႈ၊ လ်င္ျမန္ဖ်တ္လက္မႈ၊ သက္လုံႏွင့္ ႀကံ႕ခိုင္မႈတို႔ပါျပည့္ဝရန္လိုအပ္သည့္ အားကစားနည္းျဖစ္သည့္အျပင္ အသင္းလိုက္စုစည္းညီညာစြာႏွင့္ အေပးအယူမၽွတစြာ ကစားရသည့္ အားကစားနည္းျဖစ္ပါေၾကာင္း၊ အႏိုင္မခံအ႐ႈံးမေပးေသာဇြဲစိတ္ဓာတ္ႏွင့္ သတ္မွတ္ျပ႒ာန္းထားသည့္ဥပေဒ မ်ားကိုတေသြမတိမ္းလိုက္နာရသည့္ စည္းကမ္းေသဝပ္မႈ၊ တရားေသာယွဥ္ၿပိဳင္အႏိုင္ရမႈကို ထပ္မံက်င့္သုံးျခင္းဆိုသည့္ သေဘာထားျဖဴစင္မႈႀကံရည္ဖန္ရည္ကို အားကိုးအားထားျပဳေသာဉာဏစြမ္းအားေကာင္းမႈ၊ မိမိအသင္းသားမ်ားႏွင့္ ညီၫြတ္စြာ ပူးေပါင္းေဆာင္႐ြက္မႈစသည့္ ကာယဉာဏစာရိတၱႏွင့္ မိတၱစြမ္းရည္ကိုပါ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ပါေစရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားကအားကစားသစၥာအဓိ႒ာန္႐ြတ္ဆိုၾကၿပီး၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္တာဝန္ရွိသူမ်ားသည္ အသင္းအုပ္ခ်ဳပ္သူမ်ား၊ အားကစားသမားမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံ ႏႈတ္ဆက္ၾကကာ ၿပိဳင္ပြဲပထမပြဲစဥ္အျဖစ္ လင္းေခးၿမိဳ႕နယ္အသင္းႏွင့္ေလာက္ကိုင္ၿမိဳ႕နယ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားေနမႈကို ၾကည့္႐ႈအားေပးၾကသည္။

အဆိုပါၿပိဳင္ပြဲသို႔ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္(၃၈)ၿမိဳ႕နယ္မွ ၿပိဳင္ပြဲဝင္အသင္း(၃၇)သင္းတို႔မွ ဇြန္(၅)ရက္ေန႔မွ (၉)ရက္ေန႔ထိ ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး ၿပိဳင္ပြဲတြင္ဆုရရွိသူမ်ားႏွင့္ အေကာင္းဆုံးအားကစားသမားမ်ားအားေ႐ြးခ်ယ္၍ ေနျပည္ေတာ္၌ ဇြန္(၂၅)ရက္ေန႔မွ ဇူလိုင္(၅)ရက္ေန႔ထိ က်င္းပျပဳလုပ္မည့္ တိုင္းေဒသႀကီး/ျပည္နယ္ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္ကိုယ္စားျပဳလက္ေ႐ြးစင္အသင္းအေနျဖင့္သြားေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 71 guests and no members online

Latest Updates