ရှမ်းပြည်နယ်သတင်းများ

အင္းေလးကန္ေဒသ ထိန္းသိမ္းကာကြယ္ေရးဥပေဒ (မူၾကမ္း)ႏွင့္ပတ္သက္၍ ျပည္သူလူထု ၾကားနာပြဲ က်င္းပ

ေတာင္ႀကီး ဇြန္ - ၅

124

ရွမ္းျပည္နယ္လႊတ္ေတာ္ ဥပေဒျပဳေရးဆိုင္ရာေကာ္မတီမွ က်င္းပျပဳလုပ္သည့္ အင္းေလးကန္ေဒသ ထိန္းသိမ္းကာကြယ္ေရးဥပေဒ (မူၾကမ္း)ႏွင့္ပတ္သက္၍ ျပည္သူလူထုၾကားနာပြဲကို ဇြန္ ၅ ရက္ နံနက္ ၁၀ နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္လႊတ္ေတာ္႐ုံးေဟာင္း (က်ားေခါင္းခန္းမ)၌ ပထမေန႔က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္မွ အဖြင့္အမွာစကားေျပာၾကားၿပီး ရွမ္းျပည္နယ္ လႊတ္ေတာ္ဥပေဒျပဳေရးဆိုင္ရာေကာ္မတီ ဥကၠဌ၊ ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠဌ ဦးစဝ္ေအာင္ျမတ္မွ အမွာစကားေျပာၾကားကာ တက္ေရာက္လာသူမ်ားမွ အင္းေလးကန္ေဒသထိန္းသိမ္းကာကြယ္ေရးဥပေဒ (မူၾကမ္း)ႏွင့္ပတ္သက္၍ ေဆြးေႏြးအႀကံျပဳၾကေၾကာင္းသိရသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး၊ အင္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ကယန္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ေညာင္ေ႐ႊၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္(၁)/အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊  ေညာင္ေ႐ႊၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ဌာနဆိုင္ရာမ်ား၊ ေရေဝေရလဲေဒသရွိ ေတာင္ႀကီး၊ ကေလာ၊ ပင္းတယ၊ ရပ္ေစာက္၊ ႐ြာငံ၊ ဆီဆိုင္၊ ပင္ေလာင္း၊ ဖယ္ခုံ၊ ဟိုပုံးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမ်ား တက္ေရာက္ၾကၿပီး ျပည္သူ လူထုၾကားနာပြဲကို ၃ ရက္တိုင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++++

အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေးဥပဒေ (မူကြမ်း)နှင့်ပတ်သက်၍ ပြည်သူလူထု ကြားနာပွဲ ကျင်းပ

တောင်ကြီး ဇွန် - ၅

ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ကျင်းပပြုလုပ်သည့် အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေးဥပဒေ (မူကြမ်း)နှင့်ပတ်သက်၍ ပြည်သူလူထုကြားနာပွဲကို ဇွန် ၅ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော်ရုံးဟောင်း (ကျားခေါင်းခန်းမ)၌ ပထမနေ့ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဌ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးစဝ်အောင်မြတ်မှ အမှာစကားပြောကြားကာ တက်ရောက်လာသူများမှ အင်းလေးကန်ဒေသထိန်းသိမ်းကာကွယ်ရေးဥပဒေ (မူကြမ်း)နှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ညောင်ရွှေမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)/အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊  ညောင်ရွှေမြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရေဝေရေလဲဒေသရှိ တောင်ကြီး၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ရွာငံ၊ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ၊ ဟိုပုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး ပြည်သူ လူထုကြားနာပွဲကို ၃ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 98 guests and no members online