ရှမ်းပြည်နယ်သတင်းများ

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ပထမေန႔က်င္းပ

ေတာင္ႀကီး ဇြန္ - ၁၀

127

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ပထမေန႔ကို ဇြန္ ၁၀ ရက္ နံနက္ ၁၀ နာရီက ရွမ္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးခန္းမ၌က်င္းပေၾကာင္းသိရသည္။

အစည္းအေဝးတြင္ ျပည္နယ္လႊတ္ေတာ္႐ုံး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚနန္းမိုခမ္းက အခမ္းအနားမႉးအျဖစ္ ေဆာင္႐ြက္ၿပီး၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစိုင္းလုံးဆိုင္က အစည္းအေဝးတြင္ တက္ေရာက္ခြင့္ရွိသူ လႊတ္ေတာ္ ကိုယ္စားလွယ္ (၁၄၀)ဦး ရွိသည့္အနက္ ခြင့္ပန္ၾကားသူ (၁၄)ဦး ရွိၿပီး အစည္းအေဝးသို႔ (၁၂၆)ဦး တက္ေရာက္သျဖင့္(၉၀) ရာခိုင္ႏႈန္းရွိေသာေၾကာင့္ အစည္းအေဝးအထေျမာက္ေၾကာင္းႏွင့္ ပထမေန႔ အစည္းအေဝး စတင္ေၾကာင္း ေၾကျငာသည္။

ဆက္လက္၍ အစည္းအေဝးမတက္ေရာက္ႏိုင္ေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၁၄)ဦး တို႔အတြက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား စိစစ္ေရးေကာ္မတီဥကၠ႒ နမ့္စန္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြက ခြင့္ပန္ၾကားၿပီး ျပည္နယ္လႊတ္ေတာ္ မွသေဘာတူေၾကာင္းႏွင့္ အစည္းအေဝး အထေျမာက္မႈကိုလႊတ္ေတာ္က အတည္ျပဳေၾကာင္း ေၾကညာသည္။

ထို႔ေနာက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၁၀) ဦးမွ ၾကယ္ပြင့္ျပေမးခြန္း(၁၅)ခု ေမျမန္းေၾကာင္းႏွင့္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွ ၂၀၁၈-၂၀၁၉ ခု ဘ႑ာေရးႏွစ္ ရွမ္းျပည္နယ္၏ ေနာက္ထပ္ဘ႑ာေငြခြဲေဝသုံးစြဲေရး ဥပေဒၾကမ္းအား ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးကိုယ္စား ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံက ရွမ္းျပည္နယ္လႊတ္ေတာ္သို႔ တင္သြင္းရာ အဆိုပါဥပေဒၾကမ္းအား ၂၀၁၉ ဇြန္လ ၁၂ ရက္ေန႔တြင္  ေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္းႏွင့္ ဥပေဒၾကမ္းႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးလိုေသာကိုယ္စားလွယ္မ်ားရွိပါက ဇြန္ ၁၀ ရက္ ေနာက္ဆုံးထား၍ လႊတ္ေတာ္႐ုံး ဒုတိယၫႊန္ၾကားေရးမႉးထံ အမည္စာရင္းေပးသြင္းႏိုင္ေၾကာင္း ျပည္နယ္လႊတ္ေတာ္ဥကၠ႒က ေၾကျငာၿပီး၊  အဆိုပါ အစည္းအေဝးသို႔ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္တရား လႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠ႒၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားႏွင့္ ေလ့လာသူ မ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

တောင်ကြီး ဇွန် - ၁၀

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန် ၁၀ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ (၁၄)ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၆)ဦး တက်ရောက်သဖြင့်(၉၀) ရာခိုင်နှုန်းရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေး စတင်ကြောင်း ကြေငြာသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦး တို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော် မှသဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကိုလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၅)ခု မေမြန်းကြောင်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကိုယ်စား ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းရာ အဆိုပါဥပဒေကြမ်းအား ၂၀၁၉ ဇွန်လ ၁၂ ရက်နေ့တွင်  ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသောကိုယ်စားလှယ်များရှိပါက ဇွန် ၁၀ ရက် နောက်ဆုံးထား၍ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေငြာပြီး၊  အဆိုပါ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် လေ့လာသူ များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 58 guests and no members online

Latest Updates