ရှမ်းပြည်နယ်သတင်းများ

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (စတုတၳေန႔)က်င္းပ

ေတာင္ႀကီး ဇြန္   -   ၁၃

130

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (စတုတၳေန႔)ကို ၂၀၁၉ခုႏွစ္ ဇြန္(၁၃) ရက္ နံနက္(၁၀)နာရီက ရွမ္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးခန္းမ၌က်င္းပေၾကာင္းသိရသည္။

အစည္းအေဝးတြင္ ျပည္နယ္လႊတ္ေတာ္႐ုံး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚနန္းမိုခမ္းက အခမ္းအနားမႉး အျဖစ္ေဆာင္႐ြက္ၿပီး၊  ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစိုင္းလုံးဆိုင္က အစည္းေဝးတြင္ တက္ေရာက္ခြင့္ရွိသူ လႊတ္ေတာ္ ကိုယ္စားလွယ္(၁၄၀)ဦးရွိသည့္အနက္ ခြင့္ပန္ၾကားသူ(၁၃)ဦးရွိၿပီး အစည္းအေဝးသို႔(၁၂၇)ဦးတက္ေရာက္သျဖင့္ (၉၀.၇၁)%  ရွိေသာေၾကာင့္ အစည္းအေဝးအထေျမာက္ေၾကာင္းႏွင့္ (စတုတၳေန႔) အစည္းအေဝးစတင္က်င္းပေၾကာင္းေၾကညာသည္။

ဆက္လက္၍ အစည္းအေဝးမတက္ေရာက္ႏိုင္ေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္(၁၃)ဦးတို႔အတြက္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား စိစစ္ေရးေကာ္မတီဥကၠ႒၊ နမ့္စန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ဦးလင္းေအာင္ေဆြက ခြင့္ပန္ၾကားၿပီး ျပည္နယ္လႊတ္ေတာ္မွသေဘာတူေၾကာင္းႏွင့္ အစည္းအေဝး အထေျမာက္မႈကို လႊတ္ေတာ္မွအတည္ျပဳေၾကာင္းေၾကညာသည္။

ထို႔ေနာက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္(၈)ဦးမွ ၾကယ္ပြင့္ျပေမးခြန္း(၁၄)ခုေမးျမန္းျခင္း ေဆာင္႐ြက္ရာတြင္ မိုင္း႐ႉးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးစိုင္းလင္းျမတ္ က “မိုင္း႐ႉးၿမိဳ႕၊ ၿမိဳ႕မေဂါက္ကြင္း သာယာလွပေရးအတြက္ အသစ္ျပန္လည္တည္ေဆာက္မည့္ ဆိုင္ခန္းမ်ားကိစၥ” ႏွင့္ စပ္လ်ဥ္းသည့္ေမးခြန္းအား ေမးျမန္းရာ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီးဦးစိုင္းစြံဆိုင္း(ကိုယ္စား) ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္စက္မႈဝန္ႀကီး  ဦးစိုင္းရွဲန္တစ္လုံ မွလည္းေကာင္း၊ ေက်ာက္မဲၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းထြန္းဉာဏ္က “အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ လယ္/ယာ ထြက္ကုန္သီးႏွံမ်ား တင္ပို႔ေရာင္းခ်ရာတြင္ အစိုးရအေနျဖင့္ ကူညီေဆာင္႐ြက္ေပးရန္ အစီအစဥ္ရွိ/မရွိ” ႏွင့္ စပ္လ်ဥ္းသည့္ေမးခြန္းအားေမးျမန္းရာ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဦးစိုးၫြန္႔လြင္မွ လည္းေကာင္း၊ သီေပါၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းခမ္းေအာင္ က “သီေပါၿမိဳ႕နယ္ မီးသတ္စခန္းအတြက္ ရွာေဖြကယ္ဆယ္ေရးပစၥည္း(၄)မ်ိဳးပါဝင္ေသာ Hydraulic Rescue Tools Complete Setတစ္စုံအား ျဖည့္ဆည္းေဆာင္႐ြက္ေပးရန္ အစီအစဥ္ရွိ/မရွိ” ႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းအားေမးျမန္းရာ ျပည္နယ္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဗိုလ္မႉးႀကီးလွဦးမွလည္းေကာင္း၊ “သီေပါၿမိဳ႕နယ္၊ လုံေတာင္းေက်း႐ြာအုပ္စု၊ ပုံလ်န္း ေက်း႐ြာရွိနမ့္လာေခ်ာင္းေပၚတြင္ ကြန္ကရစ္ဆည္ တည္ေဆာက္ေပးရန္အစီအစဥ္ရွိ/မရွိ” ႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းအား ေမးျမန္းရာ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္မွလည္းေကာင္း အသီးသီးျပန္လည္ ေျဖၾကားၾကသည္။

၎ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ တင္သြင္းခဲ့ေသာ ၂၀၁၈-၂၀၁၉ခု၊ ဘ႑ာေရးႏွစ္ ရွမ္းျပည္နယ္၏ ေနာက္ထပ္ဘ႑ာေငြ ခြဲေဝသုံးစြဲေရးဥပေဒၾကမ္းႏွင့္ စပ္လ်ဥ္း၍ ရွမ္းျပည္နယ္လႊတ္ေတာ္ ေဒသႏၲရစီမံကိန္းႏွင့္ ဘ႑ာေငြအရအသုံးဆိုင္ရာ စိစစ္ေရးေကာ္မတီဥကၠ႒၊ တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ဦးခင္ေမာင္တင့္က စိစစ္သုံးသပ္တင္ျပၿပီး၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥပေဒျပဳေရးဆိုင္ရာ ေကာ္မတီအဖြဲ႕ဝင္ နမ့္ဆန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ထြဏ္းက ေကာ္မတီ အစီရင္ခံစာကို လႊတ္ေတာ္သို႔ ဖတ္ၾကားတင္ျပၿပီးေနာက္ ျပည္နယ္စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္မွ ယင္း ဥပေဒၾကမ္းအား  အတည္ျပဳေပးႏိုင္ပါရန္ လႊတ္ေတာ္၏အဆုံးအျဖတ္ရယူရာ လႊတ္ေတာ္က သေဘာတူသျဖင့္ ဥပေဒၾကမ္း ကိုအတည္ျပဳေၾကာင္း ျပည္နယ္လႊတ္ေတာ္ဥကၠ႒ကေၾကညာသည္။

ယင္းေနာက္ ျပည္နယ္လႊတ္ေတာ္ဥကၠ႒က တိုင္ၾကားစာမ်ားစိစစ္ေရးေကာ္မတီ၊ ရွမ္းျပည္နယ္အစိုးရ၏ အာမခံခ်က္မ်ား၊ ကတိမ်ားႏွင့္ တာဝန္ခံခ်က္မ်ားစိစစ္ေရးေကာ္မတီႏွင့္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းကာကြယ္ေရးႏွင့္ လၽွပ္စစ္ေရးရာ ေကာ္မတီတို႔၏ အဖြဲ႕ဝင္တိုးခ်ဲ႕ဖြဲ႕စည္းျခင္းကို ျပည္နယ္လႊတ္ေတာ္သို႔ တင္ျပျခင္းႏွင့္  အတည္ျပဳခ်က္ရယူရာ လႊတ္ေတာ္က အတည္ျပဳေၾကာင္း ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ကေၾကညာၿပီး ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ေဆာင္႐ြက္ခ်က္မ်ား အပါအဝင္ လႊတ္ေတာ္လုပ္ငန္းဆိုင္ရာမ်ားအား ျပည္နယ္လႊတ္ေတာ္ဥကၠ႒မွ ရွင္းလင္းတင္ျပသည္။

အဆိုပါအစည္းအေဝးသို႔ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဒုတိယဥကၠ႒၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သား ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ေလ့လာသူမ်ားတက္ေရာက္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကျင်းပ

တောင်ကြီး ဇွန်   -   ၁၃

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၁၉ခုနှစ် ဇွန်(၁၃) ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူး အဖြစ်ဆောင်ရွက်ပြီး၊  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က အစည်းဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၁၄၀)ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၃)ဦးရှိပြီး အစည်းအဝေးသို့(၁၂၇)ဦးတက်ရောက်သဖြင့် (၉၀.၇၁)%  ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် (စတုတ္ထနေ့) အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးတို့အတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှသဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်းကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၈)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၄)ခုမေးမြန်းခြင်း ဆောင်ရွက်ရာတွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းလင်းမြတ် က “မိုင်းရှူးမြို့၊ မြို့မဂေါက်ကွင်း သာယာလှပရေးအတွက် အသစ်ပြန်လည်တည်ဆောက်မည့် ဆိုင်ခန်းများကိစ္စ” နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း(ကိုယ်စား) ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး  ဦးစိုင်းရှဲန်တစ်လုံ မှလည်းကောင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “အိမ်နီးချင်းနိုင်ငံများနှင့် လယ်/ယာ ထွက်ကုန်သီးနှံများ တင်ပို့ရောင်းချရာတွင် အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်မှ လည်းကောင်း၊ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင် က “သီပေါမြို့နယ် မီးသတ်စခန်းအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်း(၄)မျိုးပါဝင်သော Hydraulic Rescue Tools Complete Setတစ်စုံအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးမှလည်းကောင်း၊ “သီပေါမြို့နယ်၊ လုံတောင်းကျေးရွာအုပ်စု၊ ပုံလျန်း ကျေးရွာရှိနမ့်လာချောင်းပေါ်တွင် ကွန်ကရစ်ဆည် တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှလည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်က စိစစ်သုံးသပ်တင်ပြပြီး၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက ကော်မတီ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီးနောက် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ယင်း ဥပဒေကြမ်းအား  အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ဥပဒေကြမ်း ကိုအတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကကြေညာသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တိုင်ကြားစာများစိစစ်ရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် လျှပ်စစ်ရေးရာ ကော်မတီတို့၏ အဖွဲ့ဝင်တိုးချဲ့ဖွဲ့စည်းခြင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်းနှင့်  အတည်ပြုချက်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကကြေညာပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြသည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများတက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 52 guests and no members online

Latest Updates