(၈၅)ႀကိမ္ေျမာက္ရွမ္းျပည္နယ္လုံးဆိုင္ရာဝိနယာဒိႏုဂၢဟာစာေလွ်ာက္ေမးပြဲေတာ္ႀကီးထီးျဖဴေတာ္ဖြင့္ပူေဇာ္ပြဲက်င္းပ

ေညာင္ေ႐ႊ ဇြန္    -    ၁၄

132

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေညာင္ေ႐ႊၿမိဳ႕ သဒၶမၼဋိတိခ႑သိမ္ေတာ္၌ဇြန္(၁၄)ရက္ နံနက္(၁၀)နာရီက (၈၅)ႀကိမ္ေျမာက္ ရွမ္းျပည္နယ္လုံးဆိုင္ရာဝိနယာဒိႏုဂၢဟာစာေလွ်က္ေမးပြဲေတာ္အတြက္အလႉေငြေပးအပ္လႉဒါန္းပြဲက်င္းပေၾကာင္းသိရသည္။

အခမ္းအနားတြင္ ဆရာေတာ္သံဃေတာ္မ်ားဟိုတယ္ႏွင့္ခရီးသြားလာေရး ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းေမာင္ရွမ္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္အမႉးျပဳေသာ ဧည့္ပရိတ္သတ္တို႔က နေမာတႆသုံးႀကိမ္႐ြတ္ဆိုဘုရား ကန္ေတာ့၍ ဖြင့္လွစ္ၿပီး ႏိုင္ငံေတာ္သံဃမဟာယနာယကအဖြဲ႕ ဒုတိယဥကၠ႒ အဘိဓစ႐ုမဟာရ႒ဂု႐ုမိုင္းေသာက္ဆရာေတာ္ႀကီးထံ ငါးပါး သီလေဆာက္တည္ၾကကာ ဆရာေတာ္သံဃေတာ္မ်ား႐ြတ္ပြားသရဇၥ်ယ္ေသာ တရားေတာ္မ်ားနာၾကား၍ အလႉေငြမ်ားေပးအပ္ လႉဒါန္းရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွအလႉေငြက်ပ္(၂၀)သိန္း၊ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး မိသားစုမွ အလႉေငြက်ပ္(၃)သိန္း ေပးအပ္လႉဒါန္းေပးၾကရာ တာဝန္ရွိသူတစ္ဦးမွလက္ခံရယူၿပီး အႏုေမာဒါနတရားနာၾကား ကာေရစက္သြန္းခ်အမွ်ေပးေဝၾက၍ ဆရာေတာ္သံဃေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ၾကေၾကာင္းသိရသည္။

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးဦးအုန္းေမာင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ တာဝန္ရွိသူမ်ားသည္ စာေျဖဆိုမည့္ ရန္ကုန္ေက်ာင္းတိုက္တြင္ (၈၅)ႀကိမ္ေျမာက္ရွမ္းျပည္နယ္လုံးဆိုင္ရာ ဝိနယာဒိႏုဂၢဟစာေလွ်ာက္ေမးပြဲႀကီး ထီးျဖဴေတာ္ဖြင့္ပူေဇာ္ရန္အတြက္ေရာက္ရွိေနရာယူကာ အင္းေလးေဒသေကလာေက်ာ္ဆရာေတာ္ဘဒၵႏၲေကာဝိဒအရွင္ျမတ္က (၈၅)ႀကိမ္ေျမာက္ရွမ္းျပည္နယ္လုံးဆိုင္ရာ ဝိနယာဒိႏုဂၢဟစာေလွ်ာက္ေမးပြဲႀကီးအခမ္းအနားဖြင့္ ေဇယ်သိဒၶိမဂၤလာအခါေတာ္ ၾကားေလွ်ာက္ထားလႊာကို ဖတ္ေလွ်ာက္ၿပီး (မဟာနာယကဆရာေတာ္ႀကီးကထီးျဖဴေတာ္ ဖြင့္ေတာ္မူရန္ေခါင္းေလာင္းေခါက္၍ အခ်က္ေပးသည့္အခါ) ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းေမာင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ တာဝန္ရွိသူမ်ားက ထီးျဖဴေတာ္ဖြင့္ၾကၿပီး ဝိနယာဒိႏုဂၢဟစာျပန္ပြဲေတာ္ႀကီးသံဃဩဝါဒခံ ဗဟိုဦးစီးအဖြဲ႕တြဲဘက္အတြင္းေရးမႉးဦးကံေကာင္းက ဝိနယာဒိႏုဂၢဟစာျပန္ပြဲေတာ္ႀကီး ဗဟိုသံဃာဝန္ေဆာင္အဖြဲ႕အက်ိဳးေတာ္ေဆာင္ခ်ဳပ္လႈိင္ၾကဴစာသင္တိုက္နာယကဆရာေတာ္ ဘဒၵႏၲဣႏၵကထံ ေမးခြန္းေသတၱာကိုဆက္ကပ္ၿပီး ေတာင္ႀကီးၿမိဳ႕ မူလမင္းကြန္းေက်ာင္းတိုက္ ျပည္နယ္သံဃနာယကဥကၠ႒ ဆရာေတာ္အဂၢမဟာပ႑ိတဘဒၵႏၲပညာသိရီက ျမန္မာဘာသာပအိုဝ္းဘာသာမ်ားျဖင့္ စာေမးပြဲေျဖဆိုသူလိုက္နာရန္စည္းကမ္း ခ်က္မ်ားကိုစာေျဖသံဃေတာ္မ်ားအား ရွင္းလင္းေလွ်ာက္ထားေၾကာင္းသိရသည္။

အဆိုပါ (၈၅)ႀကိမ္ေျမာက္ရွမ္းျပည္နယ္လုံးဆိုင္ရာ ဝိနဟာဒိႏုဂၢဟစာပြဲေတာ္ႀကီးတြင္ စာရင္းသြင္း(၃၃၉၅)ပါး၊ ပ်က္ (၃၃၇)ပါး၊ ေျဖဆို(၃၀၅၈)ပါးရွိေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09 250132943

(Unicode)++

(၈၅)ကြိမ်မြောက်ရှမ်းပြည်နယ်လုံးဆိုင်ရာဝိနယာဒိနုဂ္ဂဟာစာလျှောက်မေးပွဲတော်ကြီးထီးဖြူတော်ဖွင့်ပူဇော်ပွဲကျင်းပ 

ညောင်ရွှေ ဇွန်    -    ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့ သဒ္ဓမ္မဋိတိခဏ္ဍသိမ်တော်၌ဇွန်(၁၄)ရက် နံနက်(၁၀)နာရီက (၈၅)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာဝိနယာဒိနုဂ္ဂဟာစာလျှေက်မေးပွဲတော်အတွက်အလှူငွေပေးအပ်လှူဒါန်းပွဲကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ဆရာတော်သံဃတော်များဟိုတယ်နှင့်ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ရှမ်း ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာယနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓစရုမဟာရဋ္ဌဂုရုမိုင်းသောက်ဆရာတော်ကြီးထံ ငါးပါး သီလဆောက်တည်ကြကာ ဆရာတော်သံဃတော်များရွတ်ပွားသရဇ္စျယ်သော တရားတော်များနာကြား၍ အလှူငွေများပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအလှူငွေကျပ်(၂၀)သိန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မိသားစုမှ အလှူငွေကျပ်(၃)သိန်း ပေးအပ်လှူဒါန်းပေးကြရာ တာဝန်ရှိသူတစ်ဦးမှလက်ခံရယူပြီး အနုမောဒါနတရားနာကြား ကာရေစက်သွန်းချအမျှပေးဝေကြ၍ ဆရာတော်သံဃတော်များအား နေ့ဆွမ်းဆက်ကပ်ကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများသည် စာဖြေဆိုမည့် ရန်ကုန်ကျောင်းတိုက်တွင် (၈၅)ကြိမ်မြောက်ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာလျှောက်မေးပွဲကြီး ထီးဖြူတော်ဖွင့်ပူဇော်ရန်အတွက်ရောက်ရှိနေရာယူကာ အင်းလေးဒေသကေလာကျော်ဆရာတော်ဘဒ္ဒန္တကောဝိဒအရှင်မြတ်က (၈၅)ကြိမ်မြောက်ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာလျှောက်မေးပွဲကြီးအခမ်းအနားဖွင့် ဇေယျသိဒ္ဓိမင်္ဂလာအခါတော် ကြားလျှောက်ထားလွှာကို ဖတ်လျှောက်ပြီး (မဟာနာယကဆရာတော်ကြီးကထီးဖြူတော် ဖွင့်တော်မူရန်ခေါင်းလောင်းခေါက်၍ အချက်ပေးသည့်အခါ) ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက ထီးဖြူတော်ဖွင့်ကြပြီး ဝိနယာဒိနုဂ္ဂဟစာပြန်ပွဲတော်ကြီးသံဃဩဝါဒခံ ဗဟိုဦးစီးအဖွဲ့တွဲဘက်အတွင်းရေးမှူးဦးကံကောင်းက ဝိနယာဒိနုဂ္ဂဟစာပြန်ပွဲတော်ကြီး ဗဟိုသံဃာဝန်ဆောင်အဖွဲ့အကျိုးတော်ဆောင်ချုပ်လှိုင်ကြူစာသင်တိုက်နာယကဆရာတော် ဘဒ္ဒန္တဣန္ဒကထံ မေးခွန်းသေတ္တာကိုဆက်ကပ်ပြီး တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက် ပြည်နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာသိရီက မြန်မာဘာသာပအိုဝ်းဘာသာများဖြင့် စာမေးပွဲဖြေဆိုသူလိုက်နာရန်စည်းကမ်း ချက်များကိုစာဖြေသံဃတော်များအား ရှင်းလင်းလျှောက်ထားကြောင်းသိရသည်။

အဆိုပါ (၈၅)ကြိမ်မြောက်ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနဟာဒိနုဂ္ဂဟစာပွဲတော်ကြီးတွင် စာရင်းသွင်း(၃၃၉၅)ပါး၊ ပျက် (၃၃၇)ပါး၊ ဖြေဆို(၃၀၅၈)ပါးရှိကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09 250132943