ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္ အေျခခံပညာက႑ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝး က်င္းပ

ေတာင္ႀကီး ဇြန္-၁၈

133

စိမ္းလန္းသန႔္ရွင္းေသာေက်ာင္း/ မူးယစ္ကင္းစင္းေက်ာင္း/ ေဆးလိပ္ေဆး႐ြက္ႀကီးကင္းစင္ေက်ာင္း/ အရက္ေသစာေသာက္စားျခင္းကင္းစင္ေက်ာင္း/ ယာဥ္ႏွင့္လမ္းအႏၲာရာယ္အသိပညာျမင့္တင္ေဆာင္႐ြက္သည့္ ေက်ာင္း/ က်န္းမာေရးႏွင့္ညီၫြတ္သည့္ေက်ာင္း/ က်န္းမာေရးႏွင့္ညီၫြတ္သည့္လူေနမူအဆင့္ျမင့္ေက်ာင္း/ Prolonged Screen Times/ Gaming Time ေလ်ာ့ခ်ေရးအသိပညာျမႇင့္တင္ေဆာင္႐ြက္သည့္ေက်ာင္းမ်ား ေဖာ္ေဆာင္ေရးလုပ္ငန္းညိႏႈိင္းအစည္းအေဝးကို ဇြန္လ ၁၅ ရက္ေန႔က ေတာင္ႀကီးၿမိဳ႕ အမွတ္(၅) အေျခခံပညာ အထက္တန္းေက်ာင္း၌ က်င္းပေၾကာင္းသိရသည္။

အဆိုပါ အစည္းအေဝးသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ တက္ေရာက္၍ အမွာစကားေျပာၾကားခဲ့ၿပီး အစည္းအေဝးသို႔ ရွမ္းျပည္နယ္ (ေတာင္ပိုင္း၊  ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္း) မွ ျပည္နယ္ပညာေရး ၫႊန္ၾကားေရးမႉး၊ ဒုတိယၫႊန္ၾကားေရးမႉးမ်ား၊ ခ႐ိုင္ပညာေရးမႉးမ်ား၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)မွ ၿမိဳ႕နယ္ပညာေရးမႉးမ်ားႏွင့္ ျပည္နယ္ပညာေရးမႉး႐ုံး (ေတာင္ႀကီး)မွ ဒုတိယၫႊန္ၾကားေရးမႉးမ်ား၊ လက္ေထာက္ၫႊန္ၾကားေရးမႉးမ်ား တက္ေရာက္ၾကၿပီး ပညာေရးဆိုင္ရာကိစၥရပ္မ်ား တင္ျပေဆြးေႏြးတင္ျပရာ ျပည္နယ္လူမႈေရးဝန္ႀကီးမွ ေပါင္းစပ္ညႇိႏႈိင္းေပးခဲ့ေၾကာင္း သိရသည္။

အစရ(ရွမ္း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ် အခြေခံပညာကဏ္ဍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်ကြီး ဇွန်-၁၈

 

စိမ်းလန်းသန့်ရှင်းသောကျောင်း/ မူးယစ်ကင်းစင်းကျောင်း/ ဆေးလိပ်ဆေးရွက်ကြီးကင်းစင်ကျောင်း/ အရက်သေစာသောက်စားခြင်းကင်းစင်ကျောင်း/ ယာဉ်နှင့်လမ်းအန္တာရာယ်အသိပညာမြင့်တင်ဆောင်ရွက်သည့် ကျောင်း/ ကျန်းမာရေးနှင့်ညီညွတ်သည့်ကျောင်း/ ကျန်းမာရေးနှင့်ညီညွတ်သည့်လူနေမူအဆင့်မြင့်ကျောင်း/ Prolonged Screen Times/ Gaming Time လျော့ချရေးအသိပညာမြှင့်တင်ဆောင်ရွက်သည့်ကျောင်းများ ဖော်ဆောင်ရေးလုပ်ငန်းညိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၅ ရက်နေ့က တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ် (တောင်ပိုင်း၊  မြောက်ပိုင်းနှင့် အရှေ့ပိုင်း) မှ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မြို့နယ်ပညာရေးမှူးများနှင့် ပြည်နယ်ပညာရေးမှူးရုံး (တောင်ကြီး)မှ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး ပညာရေးဆိုင်ရာကိစ္စရပ်များ တင်ပြဆွေးနွေးတင်ပြရာ ပြည်နယ်လူမှုရေးဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 59 guests and no members online

Latest Updates