ရှမ်းပြည်နယ်သတင်းများ

ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္၏ (၇၄)ႏွစ္ျပည့္ေမြးေန႔အမွတ္တရ သစ္ပင္စိုက္ပ်ိဳးပြဲက်င္းပ

ေတာင္ႀကီး ဇြန္   −   ၁၉

134

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ သစ္ေတာရပ္ကြက္ရွိအိမ္ေတာ္ဝင္းႏွင့္ ကိုးနဝင္းေတာင္ေဘးမဲ့ေတာ၌ ဇြန္ (၁၉)ရက္ နံနက္(၆)နာရီခြဲက ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္၏ (၇၄)ႏွစ္ျပည့္ေမြးေန႔အမွတ္တရ သစ္ပင္ စိုက္ပ်ိဳးပြဲက်င္းပေၾကာင္းသိရသည္။

ဆက္လက္၍ Living Earth Green Network အဖြဲ႕မွဦးေဆာင္၍ ခ်ယ္ရီပင္(၃၀၀)ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္စက္မႈဝန္ႀကီးဦးစိုင္းရွဲန္တစ္လုံ၊ ျပည္နယ္သယံဇာတ ႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးေဒါက္တာညီညီေအာင္၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တာဝန္ရွိသူတို႔က စိုက္ပ်ိဳးေပးၾကသည္။

ထို႔ေနာက္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္မွ ကိုးနဝင္းေတာင္၌ စိုက္ပ်ိဳးမည့္ပ်ိဳးပင္မ်ားကို ဌာနဆိုင္ရာမ်ား လူမႈေရးအသင္းအဖြဲ႕မ်ားတို႔ကိုေပးအပ္ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ လႊတ္ေတာ္ကိုယ္စားလွယ္တို႔မွ သစ္ပင္မ်ားစိုက္ပ်ိဳးေပး၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီး မ်ားႏွင့္ တာဝန္ရွိသူတို႔သည္ အခမ္းအနားတက္ေရာက္လာေသာ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ေဒသခံျပည္သူ မ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား၊ သူနာျပဳသင္တန္းေက်ာင္းမွ ဆရာမမ်ားတို႔က သစ္ပင္စိုက္ပ်ိဳးေပးေနမႈကို လွည့္လည္ ၾကည့္႐ႈအားေပးၿပီး ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ဆရာမမ်ားအား ျပည္နယ္သစ္ေတာဦးစီးဌာနမွထုတ္ေဝသည့္တီရွပ္မ်ားကို ေဝငွေပးခဲ့ေၾကာင္းသိရသည္။

အဆိုပါသစ္ပင္စိုက္ပ်ိဳးပြဲတြင္ ခါေတာ္မီ၊ စိန္ပန္းျပာ၊ စိန္ပန္းနီ၊ ေရသင္းဝင္၊ ခ်ယ္ရီ၊ ေရေမ်ာပင္ စုစုေပါင္း(၂၄၀၀)ပင္ စိုက္ပ်ိဳးေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့်မွေးနေ့အမှတ်တရ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တောင်ကြီး ဇွန်   −   ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိအိမ်တော်ဝင်းနှင့် ကိုးနဝင်းတောင်ဘေးမဲ့တော၌ ဇွန် (၁၉)ရက် နံနက်(၆)နာရီခွဲက နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့်မွေးနေ့အမှတ်တရ သစ်ပင် စိုက်ပျိုးပွဲကျင်းပကြောင်းသိရသည်။

ဆက်လက်၍ Living Earth Green Network အဖွဲ့မှဦးဆောင်၍ ချယ်ရီပင်(၃၀၀)ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာညီညီအောင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူတို့က စိုက်ပျိုးပေးကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ ကိုးနဝင်းတောင်၌ စိုက်ပျိုးမည့်ပျိုးပင်များကို ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များတို့ကိုပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တို့မှ သစ်ပင်များစိုက်ပျိုးပေး၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူတို့သည် အခမ်းအနားတက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ များ၊ ကျောင်းသားကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ ဆရာမများတို့က သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး ကျောင်းသားကျောင်းသူများနှင့်ဆရာမများအား ပြည်နယ်သစ်တောဦးစီးဌာနမှထုတ်ဝေသည့်တီရှပ်များကို ဝေငှပေးခဲ့ကြောင်းသိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ခါတော်မီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ရေသင်းဝင်၊ ချယ်ရီ၊ ရေမျောပင် စုစုပေါင်း(၂၄၀၀)ပင် စိုက်ပျိုးပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 68 guests and no members online

Latest Updates