ရှမ်းပြည်နယ်သတင်းများ


လားရှိုး ဇွန် - ၂၀

136




အစရ(ရှမ်း)

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

လားရှိုး ဇွန် - ၂၀

၂၀၁၉ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲကို ဇွန် ၂၀ ရက် နံနက် ၁၀ နာရီက လားရှိုးမြို့၊ ပြည်ထောင်စုအားကစားပြိုင်ကွင်း လေ့ကျင့်ရေးအားကစားရုံတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး၊ ခရိုင်ပေါင်းစုံမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း (၉)သင်း၊ အမျိုးသမီးအသင်း (၄)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၉ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲအား ဇွန်လ ၂၀ ရက်မှ ဇွန်လ ၂၄ ရက်ထိ (၅)ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 64 guests and no members online

Latest Updates