ရှမ်းပြည်နယ်သတင်းများ


တောင်ကြီး ဇွန်   −   ၂၁

137






09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးအတွက်တောင်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်

တောင်ကြီး ဇွန်   −   ၂၁

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန တောင်ကြီးခရိုင်၏ တစ်ခရိုင်နှစ်ရွာဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်း ကြီးများအတွက် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းထောက်ပံ့ပေးအပ်ပွဲ ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲနှင့် ခေတ်မီသိပ္ပံနည်းကျဘောင်စနစ်ဖြင့်မိုးစပါးထောင်ပွဲကို ဇွန်(၂၁)ရက် နံနက်(၉)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု ဆမ်ဆိုင်ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာ၌ ကျင်းပကြောင်းသိရသည်။ 

ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ခုနှစ်စိုက်ပျိုးရေးရာသီမှစ၍ ခရိုင်အလိုက်ကျေးရွာ(၁)ရွာအား စနစ်တကျရွေးချယ်ကာ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာအဖြစ် အကောင်အထည် ဖော်ဆောင်နေကြောင်း ၂၀၁၈-၂၀၁၉ခုနှစ်တွင်တစ်ခရိုင်(၂)ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများအပြင် တစ် မြို့နယ်(၁)ရွာရွေးချယ်၍ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ် စုစုပေါင်း(၇၄)ရွာကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း ၂၀၁၉ခုနှစ်မိုးရာသီမှစတင်ပြီး တစ်ခရိုင်(၂)ရွာတစ်မြို့နယ်(၁)ရွာရွေးချယ်ကာ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများအဖြစ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘက်စုံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တောင်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာကာ လယ်ယာကဏ္ဍလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။ 

ထို့နောက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ်အတွင်း ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာအ ကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် အစေ့ထုတ်ပြောင်းသီးနှံတွင် ကျရောက်သော ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေး ဆောက်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများကဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်းများ ကိုတောင်သူများအား ပေးအပ်ခဲ့ကြသည်။ 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ခေတ်မီသိပ္ပံနည်းကျဘောင်စနစ်ဖြင့် မိုး စပါးပျိုးထောင်ပွဲဆောင်ရွက်နေမှုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နန်းဩကျေးရွာ တောင်သူဦးချစ်ဟန် ၏အစေ့ထုတ်ပြောင်းစိုက်ခင်းတွင် ဖောငမြှောင်တောင်စုပေါင်းကာကွယ်နှိမ်နင်းနေမှုအား ကြည့်ရှုအားပေးကြကြောင်းသိရှိရ သည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 51 guests and no members online