ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားက်င္းပ

မဘိမ္း ဇြန္ - ၂၄

141

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မဘိမ္းၿမိဳ႕နယ္တြင္ ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ ၿမိဳ႕နယ္ အားကစားဖြံ႕ၿဖိဳးတိုးတက္ေရးအစီအစဥ္Township Sport Development Program အရ က်င္းပသည့္ ေဘာလုံး/ ပိုက္ေက်ာ္ျခင္း/ ေျပးခုန္ပစ္/ ေဘာ္လီေဘာ/ မီနီမာရသြန္ၿပိဳင္ပြဲမ်ားဖြင့္ပြဲကို ဇြန္ ၂၂ ရက္ မြန္းလြဲ ၂ နာရီက မဘိမ္းၿမိဳ႕၊ ၿမိဳ႕နယ္ေဘာလုံးကြင္း၌ က်င္းပေၾကာင္းသိရသည္။

အဆိုပါအားကစားၿပိဳင္ပြဲမ်ားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္တို႔မွ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ မဘိမ္းၿမိဳ႕တြင္ ဇြန္ ၂၃ ရက္ နံနက္ ၅ နာရီခြဲက ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ မီနီမာရသြန္ ၿပိဳင္ပြဲကို က်င္းပရာ ဆုရရွိသူမ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္ႏွင့္ တာဝန္ရွိသူတို႔မွ ဆုမ်ား အသီးသီးခ်ီးျမႇင့္ ခဲ့ေၾကာင္းသိရသည္။

အစရ(ရွမ္း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++

မဘိမ်း ဇွန် - ၂၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်Township Sport Development Program အရ ကျင်းပသည့် ဘောလုံး/ ပိုက်ကျော်ခြင်း/ ပြေးခုန်ပစ်/ ဘော်လီဘော/ မီနီမာရသွန်ပြိုင်ပွဲများဖွင့်ပွဲကို ဇွန် ၂၂ ရက် မွန်းလွဲ ၂ နာရီက မဘိမ်းမြို့၊ မြို့နယ်ဘောလုံးကွင်း၌ ကျင်းပကြောင်းသိရသည်။

အဆိုပါအားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မဘိမ်းမြို့တွင် ဇွန် ၂၃ ရက် နံနက် ၅ နာရီခွဲက ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန် ပြိုင်ပွဲကို ကျင်းပရာ ဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် တာဝန်ရှိသူတို့မှ ဆုများ အသီးသီးချီးမြှင့် ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)