ရှမ်းပြည်နယ်သတင်းများ

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕၌ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါး အလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ႏွင့္ မီး႐ႈိ႕ပြဲက်င္းပ

ေတာင္ႀကီး ဇြန္   −   ၂၆

142

အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါး အလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈတိုက္ဖ်က္ေရးေန႔ႏွင့္ မီး႐ႈိ႕ပြဲကို ဇြန္(၂၆)ရက္ နံနက္(၈)နာရီခြဲက ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌က်င္းပသည္။

ရွမ္းျပည္နယ္မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္တားဆီးကာကြယ္ေရး အဖြဲ႕နာယက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈျပႆနာသည္ ႀကီးမားေသာ

မူးယစ္ေဆးဝါးဆိုင္ရာ ျပႆနာတစ္ရပ္အျဖစ္ ရွိေနဆဲျဖစ္ၿပီး လြန္ခဲ့ေသာ(၅)ႏွစ္ေက်ာ္ကာလမွစတင္ကာ စိတ္ႂကြ႐ူးသြပ္ ေဆးဝါး ျပႆနာသည္ႀကီးထြားလာသည္ကိုေတြ႕ရွိရေၾကာင္း၊ ဘိန္းစိုက္ပ်ိဳးမႈအျပင္ စိတ္ႂကြေဆးဝါးထုတ္လုပ္မႈ၊ သုံးစြဲမႈစေသာ စိန္ေခၚမႈမ်ားႏွင့္ ထပ္မံရင္ဆိုင္ေနရျခင္းအေပၚ ၂၀၁၅ခုႏွစ္အလြန္ မူးယစ္ေဆးဝါးေလၽွာ႔ခ်ေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ စတုတၳမူးယစ္ေဆးဝါးပေပ်ာက္ေရး(၅)ႏွစ္စီမံကိန္းကို ၂၀၁၄−၂၀၁၅ခုႏွစ္မွ ၂၀၁၈−၂၀၁၉ခုႏွစ္အထိ တိုးျမႇင့္၍ ထုတ္လုပ္မႈ ပေပ်ာက္ေရးႏွင့္ သုံးစြဲမႈပေပ်ာက္ေရးလုပ္ငန္းစဥ္မ်ားကို ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ အစားထိုးဖြံ႕ၿဖိဳးမႈ အေကာင္အထည္ေဖာ္ စီမံခန္႔ခြဲမႈအဖြဲ႕မွလည္း ကုလသမဂၢမူးယစ္ေဆးဝါးႏွင့္ ျပစ္မႈဆိုင္ရာ႐ုံး(UNODC)၊ ထိုင္းႏိုင္ငံ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးအဖြဲ႕(ONCB)တို႔ႏွင့္ပူးေပါင္းၿပီး ရွမ္းျပည္နယ္ ပင္ေလာင္းၿမိဳ႕နယ္ရွိ ေနာင္တရား၊ လြိဳင္လင္၊ ဟိုပုံးႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္မ်ားအတြင္း အစားထိုးဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားျဖစ္သည့္ လမ္းတံတားလုပ္ငန္းမ်ား၊ ပညာေရး လုပ္ငန္းမ်ား၊ ေရရရွိေရးလုပ္ငန္းမ်ား၊ စြမ္းအင္လုပ္ငန္းႏွင့္ သာသနာေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ ကြင္းဆင္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရမွ မူးယစ္ေဆးဝါးကင္းစင္ပေပ်ာက္ေရးအတြက္ အစိုးရဌာနဆိုင္ရာ အခ်င္းခ်င္း ေပါင္းစပ္ၫွိႏႈိင္းေဆာင္႐ြက္ျခင္း၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ားျဖင့္ အဘက္ဘက္မွ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည့္ မူးယစ္ေဆးဝါးကင္းစင္ေသာ လူမႈဘဝပတ္ဝန္းက်င္ကို ဖန္တီးၿပီး ေခတ္မွီတိုးတက္သည့္ ႏိုင္ငံေတာ္ႀကီးျဖစ္လာရန္ ျပည္သူတစ္ရပ္လုံးက ႏိုင္ငံေတာ္အစိုးရႏွင့္အတူ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ေပးၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါး အလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားသို႔ ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရး ဗဟိုအဖြဲ႕ ဥကၠ႒၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီ:ေက်ာ္ေဆြထံမွ ေပးပို႔ေသာသဝဏ္လႊာအား ရွမ္းျပည္နယ္မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္တားဆီး ကာကြယ္ေရးအဖြဲ႕ ဥကၠ႒၊ ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးလွဦးမွ ဖတ္ၾကားၿပီး၊ (၃၂)ႏွစ္ေျမာက္ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာႏွင့္ ကြန္ပ်ဴတာပန္းခ်ီၿပိဳင္ပြဲမ်ားတြင္ဆုရရွိသူမ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္တရား လႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူ အသီးသီးတို႔မွ ဆုခ်ီးျမႇင့္ေပးၾကၿပီး မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရး ဗဟိုအဖြဲ႕၏ ေဆာင္႐ြက္ခ်က္မွတ္တမ္းဗီဒီယို ျပသကာ မူးယစ္ေဆးဝါးပေပ်ာက္ေရးလႈပ္ရွားမႈျပခန္းမ်ားကို ျပည္နယ္ဝန္ႀကီးခ်ဴပ္ႏွင့္တာဝန္ရွိသူမ်ားက ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၾကကာ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈ႕ၾကေၾကာင္း သိရသည္။

ထို႔ေနာက္ ေတာင္ႀကီးၿမိဳ႕ အေဝရာကုန္းသာယာ မီးပုံးပ်ံကြင္း၌ က်င္းပျပဳလုပ္ေသာ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါး အလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ မီး႐ႈိ႕ပြဲ အခမ္းအနားတြင္ ရွမ္းျပည္နယ္မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္တားဆီးကာကြယ္ေရး အဖြဲ႕နာယက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားၿပီး ရွမ္းျပည္နယ္မူးယစ္ ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္တားဆီးကာကြယ္ေရးအဖြဲ႕၊ အတြင္းေရးမႉး ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မႉး ယာယီရဲမႉးခ်ဳပ္ ေဇာ္ခင္ေအာင္မွ မူးယစ္ေဆးဝါးမ်ား မီး႐ႈိ႕ဖ်က္ဆီးျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္း တင္ျပကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားတို႔မွ မီး႐ႈိ႕ဖ်က္ဆီးမည့္ မူးယစ္ေဆးဝါးမ်ား၊ ဓါတုပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ၾကည့္႐ႈ႕စစ္ေဆး၍ ဓါတုပစၥည္းမ်ားႏွင့္ ေဆးရည္မ်ားကို ေျမက်င္းအတြင္း သြန္ခ်ဖ်က္ဆီးၿပီး မူးယစ္ေဆးဝါးမ်ားအား တစ္ၿပိဳင္နက္ စက္ခလုတ္ႏွိပ္ မီး႐ႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕၌ ျပဳလုပ္ခဲ့ေသာ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါး အလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ အခမ္းအနားတြင္ မီး႐ႈိ႕ဖ်က္ဆီးသည့္ မူးယစ္ေဆးဝါးတန္ဘိုးမွာ က်ပ္သန္းေပါင္း (၂၂၅၄၅၁)( အေမရိကန္ ေဒၚလာတန္ဖိုး ၁၅၀ သန္းေက်ာ္) ျဖစ္ေၾကာင္းသိရွိရသည္။

 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

၀၉-၂၅၀၁၃၂၉၄၃

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့် မီးရှို့ပွဲကျင်းပ

တောင်ကြီး ဇွန်   −   ၂၆

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် မီးရှို့ပွဲကို ဇွန်(၂၆)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှုပြဿနာသည် ကြီးမားသော

မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပြီး လွန်ခဲ့သော(၅)နှစ်ကျော်ကာလမှစတင်ကာ စိတ်ကြွရူးသွပ် ဆေးဝါး ပြဿနာသည်ကြီးထွားလာသည်ကိုတွေ့ရှိရကြောင်း၊ ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုစသော စိန်ခေါ်မှုများနှင့် ထပ်မံရင်ဆိုင်နေရခြင်းအပေါ် ၂၀၁၅ခုနှစ်အလွန် မူးယစ်ဆေးဝါးလျှော့ချရေးလုပ်ငန်းစဉ်များနှင့်အညီ စတုတ္ထမူးယစ်ဆေးဝါးပပျောက်ရေး(၅)နှစ်စီမံကိန်းကို ၂၀၁၄−၂၀၁၅ခုနှစ်မှ ၂၀၁၈−၂၀၁၉ခုနှစ်အထိ တိုးမြှင့်၍ ထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော် စီမံခန့်ခွဲမှုအဖွဲ့မှလည်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)တို့နှင့်ပူးပေါင်းပြီး ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ နောင်တရား၊ လွိုင်လင်၊ ဟိုပုံးနှင့် တာချီလိတ်မြို့နယ်များအတွင်း အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတားလုပ်ငန်းများ၊ ပညာရေး လုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်းနှင့် သာသနာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရမှ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် အစိုးရဌာနဆိုင်ရာ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးကင်းစင်သော လူမှုဘဝပတ်ဝန်းကျင်ကို ဖန်တီးပြီး ခေတ်မှီတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာရန် ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီ:ကျော်ဆွေထံမှ ပေးပို့သောသဝဏ်လွှာအား ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ဖတ်ကြားပြီး၊ (၃၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင်ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ အသီးသီးတို့မှ ဆုချီးမြှင့်ပေးကြပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယို ပြသကာ မူးယစ်ဆေးဝါးပပျောက်ရေးလှုပ်ရှားမှုပြခန်းများကို ပြည်နယ်ဝန်ကြီးချူပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ပြခန်းများအား လှည့်လည်ကြည့်ရှု့ကြကြောင်း သိရသည်။

ထို့နောက် တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မီးရှို့ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ခင်အောင်မှ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများတို့မှ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၊ ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှု့စစ်ဆေး၍ ဓါတုပစ္စည်းများနှင့် ဆေးရည်များကို မြေကျင်းအတွင်း သွန်ချဖျက်ဆီးပြီး မူးယစ်ဆေးဝါးများအား တစ်ပြိုင်နက် စက်ခလုတ်နှိပ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးတန်ဘိုးမှာ ကျပ်သန်းပေါင်း (၂၂၅၄၅၁)( အမေရိကန် ဒေါ်လာတန်ဖိုး ၁၅၀ သန်းကျော်) ဖြစ်ကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

 

၀၉-၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 99 guests and no members online