ရှမ်းပြည်နယ်သတင်းများ

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္ ရင္းမွီးရပ္ကြက္ႏွင့္ ေက်း႐ြာ(၅)႐ြာသို႔ ေသာက္သုံးေရေပးေဝေရးက်င္းပ

ေတာင္ႀကီး ဇြန္   -   ၂၈

144

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္ ရင္းမွီးရပ္ကြက္ႏွင့္ ေက်း႐ြာ(၅)႐ြာသို႔ ေသာက္သုံးေရေပး ေဝေရးကို ရင္းမွီးရပ္ကြက္ ျမသိန္းတန္စာသင္တိုက္၌က်င္းပျပဳလုပ္ေၾကာင္းသိရသည္။ 

ရင္းမွီးရပ္ကြက္ႏွင့္ ေက်း႐ြာ(၅)႐ြာသို႔ ေရေပးေဝေရးအထိမ္းအမွတ္ ကဗၺည္းဆိုင္းဘုတ္အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ နယ္စပ္ေရးရာဝန္ႀကီးဌာနဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္သန္းထြဋ္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသဦးစီးအဖြဲ႕ဥကၠ႒ဦးခြန္စံလြင္၊ ဂ်ပန္သံ႐ုံးမွမစၥတာမာဆုမိုတိုရွိဟိဒီ(TPA)၊ ကမၻာ့လူသားအဖြဲ႕အစည္းမွမစၥစ္ရွီဘတတို႔မွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္စက္ခလုတ္ႏွိပ္ေပးၿပီး ေရေပးေဝေရးကိုလည္းဖြင့္လွစ္ေပးကာ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾက ေၾကာင္းသိရသည္။ 

အစီအစဥ္အရ အခမ္းအနားဒုတိယပိုင္းတြင္ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ အဂၢမဟာသီရိသုဓမၼမဏိေဇာတဓရဝဏၰ ေက်ာ္ထင္ ဦးေအာင္ခမ္းထီမွ အဖြင့္အမွာစကားေျပာၾကားၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာ လင္းထြဋ္က  ၂၀၁၇ခုႏွစ္၊ ေအာက္တိုဘာလမွစ၍ လုပ္ငန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ရာ ၂၀၁၈ခုႏွစ္၊ စက္တင္ဘာလ (၉)ရက္ေန႔တြင္ လုပ္ငန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ၿပီးစီးခဲ့ေၾကာင္းသိရပါသည္။ အဆိုပါလုပ္ငန္းစဥ္တြင္ (TPA)ကမၻာ့ လူသားအဖြဲ႕အစည္းမွ လႉဒါန္းေငြက်ပ္သိန္းေပါင္း(၇၂၀၀)ျဖင့္ လႉဒါန္းေဆာင္႐ြက္၍ ျပည္သူလူထုလုပ္အားပါဝင္ၿပီး အကြာ အေဝး(၁၄.၈၄၁)မိုင္အား ပန္႔စနစ္ျဖင့္ ကန္(၁)သို႔အျမင့္ေပ(၈၀၀)၊ ကန္(၂)သို႔အျမင့္ေပ(၇၀၀)ခန္႔ ေရတင္ၿပီး ပင္ေလာင္း ၿမိဳ႕နယ္၊ ရင္းမွီးရပ္ကြက္ႏွင့္ ေက်း႐ြာ(၅)႐ြာျဖစ္သည့္ စင္းေတာင္းေက်း႐ြာ၊ တင္းထက္ေက်း႐ြာ၊ ထိတလိေက်း႐ြာ၊ ဝါးၿပဳံးေက်း႐ြာ၊ ေတာင္ေလးေက်း႐ြာမ်ားသို႔ ေသာက္သုံးေရေပးေဝႏိုင္မည္ျဖစ္ေၾကာင္း၊ ၎စီမံကိန္းလုပ္ငန္းေဆာင္႐ြက္ ၿပီးစီးမႈႏွင့္ပတ္သက္၍  ရင္းမွီးရပ္ကြက္ႏွင့္ေက်း႐ြာ (၅)႐ြာရွိအိမ္ေျခစုစုေပါင္း(၂၃၇၂)အိမ္၊ လူဦးေရစုစုေပါင္း(၁၃၃၈၉)ဦးတို႔အား အက်ိဳးျပဳႏိုင္ေတာ့မည္ျဖစ္ေၾကာင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ရင္းမွီးရပ္ကြက္ႏွင့္ ေက်း႐ြာ(၅)႐ြာ ေသာက္သုံးေရ ရရွိေရးအတြက္ လႉဒါန္းေဆာင္႐ြက္ေပးပါေသာ ဂ်ပန္ႏိုင္ငံအစိုးရမဟုတ္ေသာ ကမၻာ့လူသားအဖြဲ႕အစည္း (Terra People Association) (TPA)အဖြဲ႕အစည္းအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ေဒသခံျပည္သူလူထုကိုယ္စား ေက်းဇူးအထူးတင္ရွိ ပါေၾကာင္း ေျပာၾကားသြားသည္။

ယင္းေနာက္နယ္စပ္ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္သန္းထြဋ္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ဥကၠ႒ဦးခြန္စံလြင္၊ ဂ်ပန္သံ႐ုံးမွမစၥတာမာဆုမိုတိုရွိဟိဒီတို႔က အမွာစကားေျပာၾကားၾကၿပီး (TAP)အဖြဲ႕အစည္းမွမစၥစ္ရွီဘတမွ လႉဒါန္းမႈႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားကာ ေဒသခံမ်ားကိုယ္စားရပ္မိရပ္ဖတစ္ဦးက ေက်းဇူးတင္စကားေျပာၾကား၍ မစၥစ္ရွီဘတမွလႉဒါန္းသည့္ စာ႐ြက္စာတမ္းဖိုင္မ်ားကိုေပးအပ္ရာ ေဒသခံတာဝန္ရွိသူတစ္ဦးမွ လက္ခံရယူၿပီး ဖြင့္ပြဲအထိမ္း အမွတ္တံဆိပ္မ်ားကို ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ဦးေအာင္ခမ္းထီ၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္ေထာင္စု ဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္သန္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူမ်ားထံ ေနရာအေရာက္ေပးအပ္ၾကေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09−250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာသို့ သောက်သုံးရေပေးဝေရေးကျင်းပ

တောင်ကြီး ဇွန်   -   ၂၈

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာသို့ သောက်သုံးရေပေး ဝေရေးကို ရင်းမှီးရပ်ကွက် မြသိန်းတန်စာသင်တိုက်၌ကျင်းပပြုလုပ်ကြောင်းသိရသည်။ 

ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာသို့ ရေပေးဝေရေးအထိမ်းအမှတ် ကဗ္ဗည်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်၊ ဂျပန်သံရုံးမှမစ္စတာမာဆုမိုတိုရှိဟိဒီ(TPA)၊ ကမ္ဘာ့လူသားအဖွဲ့အစည်းမှမစ္စစ်ရှီဘတတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်စက်ခလုတ်နှိပ်ပေးပြီး ရေပေးဝေရေးကိုလည်းဖွင့်လှစ်ပေးကာ ပြခန်းများအား လှည့်လည်ကြည့်ရှုကြ ကြောင်းသိရသည်။ 

အစီအစဉ်အရ အခမ်းအနားဒုတိယပိုင်းတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဝဏ္ဏ ကျော်ထင် ဦးအောင်ခမ်းထီမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်က  ၂၀၁၇ခုနှစ်၊ အောက်တိုဘာလမှစ၍ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရပါသည်။ အဆိုပါလုပ်ငန်းစဉ်တွင် (TPA)ကမ္ဘာ့ လူသားအဖွဲ့အစည်းမှ လှူဒါန်းငွေကျပ်သိန်းပေါင်း(၇၂၀၀)ဖြင့် လှူဒါန်းဆောင်ရွက်၍ ပြည်သူလူထုလုပ်အားပါဝင်ပြီး အကွာ အဝေး(၁၄.၈၄၁)မိုင်အား ပန့်စနစ်ဖြင့် ကန်(၁)သို့အမြင့်ပေ(၈၀၀)၊ ကန်(၂)သို့အမြင့်ပေ(၇၀၀)ခန့် ရေတင်ပြီး ပင်လောင်း မြို့နယ်၊ ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာဖြစ်သည့် စင်းတောင်းကျေးရွာ၊ တင်းထက်ကျေးရွာ၊ ထိတလိကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ တောင်လေးကျေးရွာများသို့ သောက်သုံးရေပေးဝေနိုင်မည်ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့်ပတ်သက်၍  ရင်းမှီးရပ်ကွက်နှင့်ကျေးရွာ (၅)ရွာရှိအိမ်ခြေစုစုပေါင်း(၂၃၇၂)အိမ်၊ လူဦးရေစုစုပေါင်း(၁၃၃၈၉)ဦးတို့အား အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာ သောက်သုံးရေ ရရှိရေးအတွက် လှူဒါန်းဆောင်ရွက်ပေးပါသော ဂျပန်နိုင်ငံအစိုးရမဟုတ်သော ကမ္ဘာ့လူသားအဖွဲ့အစည်း (Terra People Association) (TPA)အဖွဲ့အစည်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုကိုယ်စား ကျေးဇူးအထူးတင်ရှိ ပါကြောင်း ပြောကြားသွားသည်။

ယင်းနောက်နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဦးခွန်စံလွင်၊ ဂျပန်သံရုံးမှမစ္စတာမာဆုမိုတိုရှိဟိဒီတို့က အမှာစကားပြောကြားကြပြီး (TAP)အဖွဲ့အစည်းမှမစ္စစ်ရှီဘတမှ လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံများကိုယ်စားရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ မစ္စစ်ရှီဘတမှလှူဒါန်းသည့် စာရွက်စာတမ်းဖိုင်များကိုပေးအပ်ရာ ဒေသခံတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ဖွင့်ပွဲအထိမ်း အမှတ်တံဆိပ်များကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများထံ နေရာအရောက်ပေးအပ်ကြကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

 

09−250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 59 guests and no members online

Latest Updates