ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ ေက်ာင္းအေျချပဳမီနီမာရသြန္ၿပိဳင္ပြဲက်င္းပ

တာခ်ီလိတ္ ဇြန္ - ၂၈

143

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ ေက်ာင္းအေျချပဳ မီနီမာရသြန္ၿပိဳင္ပြဲကို ဇြန္လ ၂၈ ရက္ နံနက္ ၅ နာရီ ၁၅ မိနစ္တြင္ က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ ေသနတ္ပစ္ေဖာက္ တာလႊတ္ေပးခဲ့ေၾကာင္းသိရသည္။

အဆိုပါၿပိဳင္ပြဲကို အမွတ္(၂)တံတားလမ္းထိပ္မွ စတင္တာလႊတ္ခဲ့ၿပီး ၿမိဳ႕မအားကစားကြင္း တြင္ ပန္းဝင္ခဲ့ေၾကာင္းသိရသည္။ ၎ၿပိဳင္ပြဲသို႔ေက်ာင္းသား/ ေက်ာင္းသူ (၅၅၀)ဦး ပါဝင္ယွဥ္ၿပိဳင္ ခဲ့ၿပီး၊ ၿပိဳင္ပြဲတြင္ဆုရရွိသူမ်ားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းႏွင့္ တာဝန္ရွိသူမ်ားက ဆုမ်ားအသီးသီးေပးအပ္ခဲ့သည္။

အစရ(ရွမ္း)

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြုမီနီမာရသွန်ပြိုင်ပွဲကျင်းပ

တာချီလိတ် ဇွန် - ၂၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ဇွန်လ ၂၈ ရက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို အမှတ်(၂)တံတားလမ်းထိပ်မှ စတင်တာလွှတ်ခဲ့ပြီး မြို့မအားကစားကွင်း တွင် ပန်းဝင်ခဲ့ကြောင်းသိရသည်။ ၎င်းပြိုင်ပွဲသို့ကျောင်းသား/ ကျောင်းသူ (၅၅၀)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး၊ ပြိုင်ပွဲတွင်ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့သည်။

 

အစရ(ရှမ်း)